• Follow Us on

Home ချောက်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု ဆိုင်ထိုင်စားသည့် ထမင်းဆိုင်ပိုင်ရှင်၏ နေအိမ် ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရသူမရှိ

ချောက်မြို့ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု ဆိုင်ထိုင်စားသည့် ထမင်းဆိုင်ပိုင်ရှင်၏ နေအိမ် ဗုံးပေါက်၊ ထိခိုက်ဒဏ်ရာရသူမရှိ

Share this post

နေပြည်တော်၊ သြဂုတ် ၁၂ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအများစု ဆိုင်ထိုင်စားသည့် ထမင်းဆိုင်ပိုင်ရှင်၏ နေအိမ်သည် သြဂုတ်လ ၁၁ ရက်နေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်။

 

ဖြစ်စဉ်မှာ ချောက်မြို့နယ်၊ အမှတ် (၁၂) ရပ်ကွက်၊ ရွှေတွင်းကုန်းရပ်၊ အနော်ရထာ ဧရာဝတီမြစ်ကူးတံတား ချဉ်းကပ်လမ်းဘေးရှိ ဦးချစ်ထမင်းဆိုင်ပိုင်ရှင်၏ ဦးချစ်မင်းစံ၏နေအိမ်ကို သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်တွင် လူနှစ်ဦးမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားကြောင်း သိရသည်။

 

အဆိုပါ အမည်မသိစိစစ်ဆဲလူနှစ်ဦးသည် အနက်ရောင်အင်္ကျီများဝတ်ဆင်ထားပြီး မော်တော်ဆိုင်ကယ်ဖြင့် ဦးချစ်မင်းစံ၏ နေအိမ်အနောက်ဘက် လမ်းကြားသို့မောင်းဝင်လာပြီး PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားရာ နေအိမ်မီးဖိုဆောင်ဘေးသို့ ကျရောက်ပေါက်ကွဲပြီး လူပစ္စည်းများ ထိခိုက်မှု မရှိကြောင်း သိရသည်။

 

#PeopleMedia #ချောက်

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post