• Follow Us on

Home ဒေသတွင်း ပင်လယ်ပြင်လုံခြုံရေးနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းစဉ်ကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက် ကြရန်တို့ကို ဆွေးနွေး

ဒေသတွင်း ပင်လယ်ပြင်လုံခြုံရေးနှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းစဉ်ကို ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက် ကြရန်တို့ကို ဆွေးနွေး

Share this post

နေပြည်တော်၊ သြဂုတ် ၁၂ (People Media)

 

Video Conference ဖြင့် ကျင်းပခဲ့သည့် ဘရူနိုင်းနိုင်ငံကလက်ခံကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံ ရေတပ်ဦးစီးချုပ်များအစည်းအဝေး (15th ANCM) တွင် ဒေသတွင်းပင်လယ်ပြင်လုံခြုံရေးနှင့် ပင်လယ်ပြာ စီးပွားရေးလုပ်ငန်းစဉ်ကို ဟန်ချက်ညီပူးပေါင်းဆောင်ရွက်ကြရန်အတွက် မြန်မာကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်မှ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်မှ ဒေသတွင်း လုံခြုံရေးအခြေအနေများ၊ ဒေသတွင်း ရေကြောင်းလုံခြုံရေးအခြေအနေများ၊ Blue Economy နှင့်ပတ်သက်၍ ASEAN အဖွဲ့အနေဖြင့် ပူးပေါင်း လုပ်ဆောင်မှုတိုးမြှင့် ဆောင်ရွက်သွားရန်စသည့်အပြင် ASEAN ရေတပ်ဦးစီးချုပ်များမှ ဒေသတွင်းပင်လယ် ပြင်လုံခြုံရေးကို စုပေါင်း၍ တိုးမြှင့်ဆောင်ရွက်ကြရန်၊ ပင်လယ်ပြာစီးပွားရေးလုပ်ငန်းစဉ်ကို ဟန်ချက်ညီပူးပေါင်း ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးခဲ့ပါတယ်။

 

အဆိုပါအစည်းအဝေးတွင် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်မှ လက်ရှိ ကိုဗစ် ၁၉ ရောဂါနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့် Covid-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအား ဦးစားပေးလုပ်ငန်းရပ်အနေဖြင့် ဆောင်ရွက်နေမှုများ၊ COVID-19 ရောဂါသက်ရောက်မှုအရ New Normal အခြေအနေတွင် အကောင်းဆုံးဖြေရှင်းမှုကို အာဆီယံ Teamwork ဖြင့် ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

ထိုအပြင် ၂၀၂၂ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၌ပြုလုပ်မည့် (၁၆) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေးဆိုင်ရာကိစ္စရပ်များ (16th ANCM)၊ ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ပြုလုပ်မည့် (၁၇) ကြိမ် မြောက် အာဆီယံရေတပ်ဦးစီးချုပ်များအစည်းအဝေး (17th ANCM)၊ ဒုတိယအကြိမ်မြောက် အာဆီယံရေ တပ်များ ပူးပေါင်းလေ့ကျင့်ခန်း (2nd ASEAN Multilateral Naval Exercise AMNEX) တို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

 

#PeopleMedia #16th ANCM #Nevy

 

(unicode)


………………………………………………………………

 


 


 


 


 


 

#PeopleMedia #16th ANCM #Nevy


Share this post