• Follow Us on

Home ချောင်းသာကမ်းခြေအနီး၌ ဘင်္ဂါလီ (၉၆) ဦးဖမ်းမိ


Share this post

ရန်ကုန်၊ နိုဝင်ဘာ – ၂၉






#PeopleMedia

(Unicode)
ချောင်းသာကမ်းခြေအနီး၌ ဘင်္ဂါလီ (၉၆) ဦးဖမ်းမိ
………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေအနီး၌ ဘင်္ဂါလီ(၉၆)ဦး ဖမ်းဆီးရမိခဲ့ကြောင်း ဒေသခံ အုပ်ချုပ်ရေးအဖွဲ့များက ဆိုသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၉ ရက် နံနက် (၃း၀၀) နာရီခန့်၌ ချောင်းသာကမ်းခြေအနီ ဥတိုကျေးရွာသို့ စက်လှေဖြင့် ခိုးဝင်လာသည် ဘင်္ဂါလီများကို တပ်မတော်၊ ရဲတပ်ဖွဲ့၊ သစ်တောနှင့် ထွေအုပ်အပါအဝင် ဒေသခံများက ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂါလီများသည် စက်လှေဖြင့် ဥတိုကျေးရွာအနီးရှိ ချောင်းရိုးအတိုင်း ဝင်ရောက်လာပြီးနောက် အသင့်စောင့် နေသော ကာသုံးစီးပေါ်သို့ တင်ရန် ပြုလုပ်နေစဉ် အုပ်ချုပ်ရေးအဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်၌ ဘင်္ဂလီများခိုးဝင်ရန် အသုံးပြုခဲ့သည့် စက်လှေနှစ်စီး(စက်လှေမောင်း ၆ယောက်)၊ ဘင်္ဂါလီများ သယ်ဆောင်ရန် ယာဉ်သုံးစီး(ယာဉ်မောင်း၊ ယာဉ်နောက်လိုက် ၆ယောက်)နှင့် ဘင်္ဂါလီ ကျား(၃၁)၊ မ(၆၃)၊ ကလေး(၂)ယောက် စုစုပေါင်း ဘင်္ဂလီ (၉၆) ယောက်ကို ဖမ်းဆီးနိုင်ခဲ့သည်။

အလားတူ မကြာခဏ ဧရာဝတီတိုင်းဒေသကြီး ချောင်းသာကမ်းခြေအနီး၌ မကြာခဏ ဘင်္ဂါလီများ ခိုးဝင်မှု ကြောင့် စောင့်ကြည့်နေရာကြောင်း လုံခြုံရေးအဖွဲ့ဝင်များက ဆိုသည်။

#PeopleMedia


Share this post