• Follow Us on

Home ချောင်းဦးမြို့၌ လက်ဘက်ရည်ဆိုင်ထိုင်နေသည့် USDP ပါတီဝင်နှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

ချောင်းဦးမြို့၌ လက်ဘက်ရည်ဆိုင်ထိုင်နေသည့် USDP ပါတီဝင်နှစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရပြီး တစ်ဦး သေဆုံး၊ တစ်ဦး ပြင်းထန်ဒဏ်ရာရရှိ

Share this post

စစ်ကိုင်း၊ ဇန်နဝါရီ ၇ (People Media)

 

ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ မြို့မရပ်ကွက်ရှိ ကိုသက် လက် ဘက်ရည်ဆိုင်၌ လက်ဘက်ရည်ဆိုင်ထိုင်နေသည့် USDP ပါတီဝင်နှစ်ဦးသည် သေနတ်ဖြင့် လုပ်ကြံခံရပြီး တစ်ဦးသေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၅ ရက်နေ့ နံနက်ပိုင်း၌ ချောင်းဦးမြို့၊ မြို့မရပ်ကွက်ရှိ ကိုသက် လက်ဘက်ရည်ဆိုင်တွင် USDP ပါတီဝင်နှစ်ဦးသည် လက်ဘက်ရည်ထိုင်နေစဉ် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိ လာပြီးနောက် အနီးကပ် သေနတ်ဖြင့် လုပ်ကြံခဲ့ခြင်း ဖြစ်သည်။

 

“ပစ်ခံရတာကတော့ ဟုတ်ပါတယ်။ လက်ဘက်ရည်ဆိုင်မှာထိုင်နေရင်းနဲ့ အပစ်ခံရတာဦးထင်အောင်စိုးဆိုတဲ့ တစ်ယောက်က နေရာမှာပဲ သေတယ်၊ နောက်တစ်ယောက်ကတော့ အခု ဆေးရုံမှာ တင်ထားရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ပြည်ခိုင်ဖြိုးပါတီဝင်များ၊ ပါတီစည်းရုံးရေးမှူးများ နှင့် ၎င်းတို့၏ မိသားစုဝင်များကို လုပ်ကြံသတ်ဖြတ်သည့်ဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လျက်ရှိသလို ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ နိုင်ငံဝန်ထမ်းများလည်း လုပ်ကြံခြင်းခံရလျက်ရှိသည်။

 

#PeopleMedia #ချောင်းဦး #USDP

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post