• Follow Us on

Home ဆော်ဒီအာရေးဗီးယားကို ဒုံးကျည်များရောင်းချရန် အမေရိကန်အထက်လွှတ်တော်ထောက်ခံ

ဆော်ဒီအာရေးဗီးယားကို ဒုံးကျည်များရောင်းချရန် အမေရိကန်အထက်လွှတ်တော်ထောက်ခံ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

ခေတ်မီ ဝေဟင်-ဝေဟင် တာလတ်ပစ်ဒုံးကျည်များ၊ ဒုံးပစ်လောင်ချာများ၊ အခြားစစ်လက်နက်ပစ္စည်းများ ဆော် ဒီအာရေးဗီးယားနိုင်ငံကို ထောက်ပံ့ရန် ရောင်းချပေးမည့်အစီအစဉ်ကို တားမြစ်ပိတ်ပင်ထားသည့် ဆုံးဖြတ်ချက် အား အမေရိကန်အထက်လွှတ်တော်က ပယ်ချလိုက်သည်။

 

ဒီမိုကရက်အမတ်များနှင့် လျှို့ဝှက်တွေ့ဆုံဆွေးနွေးခဲ့သော ရီပတ်ဘလီကန်အမတ် ရန်းပေါ၊ မိုက်လီးနှင့် ဘာ နိုင်းဆန်းဒါးစ်တို့ တင်သွင်းခဲ့သည့် လက်နက်ရောင်းချရေးအစီအစဉ်ကိုတားမြစ်ထားသည့် ယင်းဆုံးဖြတ်ချက် ကို ပယ်ဖျက်ရန် မဲခွဲဆုံးဖြတ်ရာတွင် ၆၇ မဲ – ၃၀ မဲ ဖြင့်အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

 

အမေရိကန်လွှတ်တော်အမတ်အများအပြားက ဆော်ဒီအာရေးဗီးယားကို အရှေ့အလယ်ပိုင်းမှ အရေးပါသော မိတ်ဖက်နိုင်ငံအဖြစ်သတ်မှတ်ထားကြသော်လည်း ကွန်ဂရက်လွှတ်တော်အမတ်များက ယီမင်နိုင်ငံ စစ်ပွဲအ တွင်း ပါဝင်စွက်ဖက်နေသော ဆော်ဒီအာရေးဗီးယားကို ဝေဖန်ခဲ့ကြသည်။ ယီမင်နိုင်ငံမှ စစ်ပွဲကို လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာဘေးဒုက္ခအဆိုးရွားဆုံးဖြစ်ပွားနေသည့် ဖြစ်ရပ်တစ်ခုအဖြစ်သတ်မှတ်ထားကြသည်။

 

“ဆော်ဒီအာရေးဗီးယားကို ဒုံးကျည်တွေ ထပ်ပြီးတင်ပို့ပေးတာက ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ နောက်ထပ်စဉ်း စားရမှာက ဒီပဋိပက္ခကိစ္စရယ်၊ အရှိန်ပြင်းပြင်းနဲ့ လောင်ကျွမ်းနေတဲ့မီးတောက်ထဲကို ဓာတ်ဆီထပ်လောင်းထည့် ပေးမှာရယ်ကိုတော့ စဉ်းစားသင့်တယ်” ဟု လက်နက်တင်ပို့မှုကန့်ကွက်ရေးဆုံးဖြတ်ကို ထောက်ခံရန် တိုက် တွန်းသည့်ပွဲတစ်ခုတွင် ပြောကြားသည့်မိန့်ခွန်း၌ ဘာနိုင်းဆန်းဒါးစ်က ထည့်သွင်းပြောကြားခဲ့သည်။

 

အရပ်သားများကိုသတ်ဖြတ်ရန်အတွက် အမေရိကန်စစ်လက်နက်ပစ္စည်းများကို အသုံးမပြုပါဟူသည့် အာမခံ ချက်မပါရှိဘဲ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများရောင်းချရေးကိုထောက်ခံရန် ၎င်းတို့အဖွဲ့ က ငြင်းဆန်ခဲ့သည်။ ဆော်ဒီအာရေးဗီးယားနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများတင်ပို့ရောင်းချခြင်းကို သမ္မတဂျိုး ဘိုင်ဒန်အစိုးရက တားဆီးပိတ်ပင်ခဲ့ပြီးဖြစ်ကြောင်း လက်နက်ရောင်းချရေးထောက်ခံသူများက ပြောသည်။

 

“ဆော်ဒီခေါင်းဆောင်တွေအနေနဲ့ သူတို့လုပ်ရပ်အမျိုးမျိုးအတွက် တာဝန်ခံဖို့လိုတယ်ဆိုတာကို ကျွန်တော်လုံးဝ သဘောတူပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ ကတိကဝတ်တွေကို ထိန်းသိမ်းထားမယ်ဆိုတာကို ကျွန်တော်တို့လုံခြုံရေး မိတ်ဖက်နိုင်ငံတွေက သဘောပေါက်ဖို့ အရေးကြီးကြောင်းကိုလည်း ကျွန်တော့်အနေနဲ့ ယုံကြည်ပါတယ်” ဟု အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ၊ ဒီမိုကရက်တစ်အထက်လွှတ် တော်အမတ် ဘော့ဘ်မီနန်ဒက်ဇ်က ပြောသည်။

 

အထက်လွှတ်တော်နှင့်အတူ အထက်လွှတ်တော်ခေါင်းဆောင်များနှင့် အောက်လွှတ်တော်နိုင်ငံခြားရေးရာကော် မတီဝင်များကပါထောက်ခံထားသော ရောင်းချမည့်စစ်လက်နက်ပစ္စည်းမှာ AIM-120C-7/C-8 ခေတ်မီ ဝေဟင်- ဝေဟင် တာလတ်ပစ်ဒုံးကျည် AMRAAM အစင်း ၂၈၀၊ 596 LAU- ဒုံးပစ်လောင်ချာ ၅၉၆ စင်းနှင့် အခြား စစ် လက်နက်ပစ္စည်းများပါဝင်သည်။

 

Ref: U.S. Senate backs sale of missiles to Saudi Arabia

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 

Ref: U.S. Senate backs sale of missiles to Saudi Arabia

 

#PeopleMedia


Share this post