• Follow Us on

Home ဆောမြို့နယ်၊ ကံကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဆန်အိတ် ၂၅၀ ကျော်၊ လက်လုပ်သေ နတ်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ

ဆောမြို့နယ်၊ ကံကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဆန်အိတ် ၂၅၀ ကျော်၊ လက်လုပ်သေ နတ်များနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိ

Share this post

Open photo

မကွေး၊ ဇန်နဝါရီ ၁၇ (People Media)

 

ဇန်နဝါရီ ၁၆ ရက်နေ့က မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ ကံကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းအတွင်းမှ ဆန်အိတ် ၂၅၀ ကျော်၊ လက်လုပ်သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့များက တွေ့ရှိခဲ့ ကြောင်း မြို့ခံအချို့က ပြောသည်။

 

အဆိုပါ ဘုန်းတော်ကြီး အဆောက်အဦးတစ်လုံးအတွင်းမှ ဆန်အိပ် ၂၅၀ ကျော်နှင့် လက်လုပ်သေနတ် ၁၄ လက်အပါအဝင် ကျည်များနှင့် ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက သိမ်းဆည်းနိုင်ခဲ့သည်။

 

“တာဝန်ရှိသူတွေက ဆန်အိပ်တွေက အဆောက်အဦးထဲမှာ ထည့်ထားတာ။ လက်လုပ်သေနတ်တွေ ကျည် တွေနဲ့ ဆက်စပ်ပစ္စည်းတွေ တွေ့ရှိသွားတယ်။” လို့ မြို့ခံတစ်ဦးက ပြောသည်။

 

မကွေးတိုင်းဒေသကြီး မြောက်ပိုင်းဒေသများသည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် မြို့နယ်တစ်ခု ဖြစ်ပြီး PDF အဖွဲ့များသည် လုံခြုံရေးယာဉ်တန်းများကို မိုင်းခွဲဟန့်ထားနိုင်ခြင်းများ ပြုလုပ်လျက်ရှိသည့် ဒေသ တစ်ခု ဖြစ်သည်။

 

လက်ရှိအချိန်၌ န-မ-ခ တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်သန်းထိုက်သည် န-မ-ခ နယ်မြေအတွင်းရှိ PDF စခန်းများ တည်ရှိရာနေရာကို လေကြောင်း အသုံးပြုပြီး ဝင်ရောက်တိုက်ခိုက်ရှင်းလင်းလျက်ရှိသည်။

 

နှစ်ဘက်တိုက်ပွဲများကြောင့် ဒေသခံများသည် ဘေးလွတ်ရာသို့ ပြောင်းရွေ့နေထိုင်လျက်ရှိသည်။

 

#PeopleMedia #နမခ #ဆောမြို့

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 



Share this post