• Follow Us on

Home ေဆး႐ုံႀကီးတစ္ခ်ိဳ႕တြင္ လူနာမ်ားျပားေနသျဖင့္ FeverClinic မ်ားမွ လႊဲေျပာင္းေပးမည့္လူနာမ်ား လႊဲေျပာင္း မရျဖစ္ေန

ေဆး႐ုံႀကီးတစ္ခ်ိဳ႕တြင္ လူနာမ်ားျပားေနသျဖင့္ FeverClinic မ်ားမွ လႊဲေျပာင္းေပးမည့္လူနာမ်ား လႊဲေျပာင္း မရျဖစ္ေန

Share this post

ရန္ကုန္၊ ေအာက္တိုဘာ-၃

ရန္ကုန္ၿမိဳ႕နယ္ အသီးသီးရွိ Community Fever Clinic မ်ားတြင္ လာေရာက္ျပသသည့္ လူနာမ်ားထဲမွ COVID-19 သံသယလူနာတစ္ခ်ိဳ႕ကို ေဆး႐ုံႀကီးတစ္ခ်ိဳ႕ထံ လႊဲေျပာင္းေပးရန္ စီစဥ္ရာ၌ ေဆး႐ုံႀကီးမ်ားတြင္လည္း လူနာမ်ား မ်ားျပားေနသျဖင့္ လႊဲေျပာင္း၍မရျဖစ္ေနေၾကာင္း ရန္ကုန္ Community Fever Clinic တာ၀န္ခံ ေဒါက္တာေက်ာ္မင္းထြန္းက ေျပာသည္။

“ေဆး႐ုံေတြမွာ လူနာေတြ သြားပုံေနတယ္၊ မေန႔ကဆို လူနာလႊဲတယ္ လႊဲလို႔မရဘူး၊ ပို႔တယ္ပို႔လိုမရဘူး၊ ေဆး႐ုံက ျပန္ေျပာတယ္ သူတို႔လက္ခံေပးမယ္၊ ေစာင့္ေနတဲ့ လူနာေတြ အမ်ားႀကီးရွိတယ္၊ အဲ့ေတာ့ ဆရာတို႔အေနနဲ႔ ဒီလူနာေတြကို အိမ္မွာဘဲ ေအာက္စီဂ်င္ေပးထားပါ၊ ေလာေလာဆယ္ေတာ့ ေဆး႐ုံ အေနအထားရ လက္ခံေပးလို႔ မရေသးဘူး၊ လူကအရမ္းမ်ားေနေတာ့၊ ျဖစ္နိုင္ရင္ အိမ္မွာဘဲ သီးျခားခြဲေနၿပီး ေအာက္စီဂ်င္ေပးေပါ့၊ လူနာကမ်ားေတာ့ သူတို႔မွာလည္း အခတ္အခဲေတြ ရွိေနတာေပါ့”ဟု ေဒါက္တာ ေက်ာ္မင္းထြန္းက ေျပာသည္။

အဆိုပါေဆး႐ုံႀကီးမ်ားမွာ လူနာမ်ားကို လက္မခံျခင္း မဟုတ္ဘဲ၊ ကုတင္မ်ား ေနရာျပည့္ေနသည့္အတြက္ ေၾကာင့္ လူနာအသစ္ထပ္လက္ခံရန္ အစဥ္မေၿပျဖစ္ေနျခင္းျဖစ္ေၾကာင္း ၎ကေျပာသည္။

“အဲ့လိုျဖစ္ေနေတာ့ ကၽြန္ေတာ္တို႔ Management Plan ဆြဲၿပီး လုပ္ေပးလိုက္တာ အခုေတာ့ အဆင္ေျပ သြားတာေပါ့၊ သီးျခားခြဲေနဖို႔၊ ေသာက္ေဆးဖို႔ ေအာက္စီဂ်င္ယူသြားၿပီးရင္ ဘယ္လိုေနေပါ့ ဒါေတြ လမ္း ညြန္လိုက္တာေပါ့၊ သူတို႔က ဒီမနက္အေၾကာင္းၾကားတယ္၊ အဆင္ေျပတယ္တဲ့၊ လက္ရွိေဆး႐ုံက မၾကည့္ေပးနိုင္တဲ့အေျခအေနမွာ ကၽြန္ေတာ္တို႔ ၾကည့္ေပးေနတာေပါ့”ဟု ရန္ကုန္ Community Fever Clinic တာ၀န္ခံေဒါက္တာေက်ာ္မင္းထြန္းက ေျပာသည္။

လက္ရွိ၌ ရန္ကုန္ Community Fever Clinic မ်ားတြင္ CAT (C) လို႔ေခၚသည့္ ေအာက္စီဂ်င္က်သည့္လူနာ၊ ေမာသည့္လူနာ၊ ဖ်ားသည့္လူနာ အနံေပ်ာက္သည့္လူနာမ်ား လာေရာက္ျပသသူမ်ားျပားေနလၽွက္ရွိေၾကာင္း၊ သို႔ျဖစ္၍ ျပည္သူမ်ားအေနျဖင့္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနထုတ္ျပန္ထားသည့္စည္းကမ္းမ်ားကို အတိအက် လိုက္နာရန္ လိုအပ္ၿပီး၊ မိမိအိမ္ထဲတြင္ ေနၾကရန္ လိုအပ္ေၾကာင္း ၎က ဆိုသည္။

လက္ရွိ ရန္ကုန္ၿမိဳ႕တြင္ Community Fever Clinic စင္တာ (၂၁)ခု ဖြင့္လွစ္ထားၿပီး ထပ္မံတိုးခ်ဲ႕ဖြင့္လွစ္ရန္ စီစဥ္ထားေၾကာင္း ကူးစက္ျမန္ COVID 19 ကပ္ေရာဂါလကၡဏာျပလာသည့္သူမ်ား မ်ားျပားလာသည့္အတြက္ isolation Center ေတြ တိုးခ်ဲ႕လ်က္ရွိသည္။

Photo – credit

#PeopleMedia #COVID19 #CommunityFeverClinic

(Unicode)
ဆေးရုံကြီးတစ်ချို့တွင် လူနာများပြားနေသဖြင့် FeverClinic များမှ လွှဲပြောင်းပေးမည့်လူနာများ လွှဲပြောင်း မရဖြစ်နေ
……………………………………………………

ရန်ကုန်၊ အောက်တိုဘာ-၃

ရန်ကုန်မြို့နယ် အသီးသီးရှိ Community Fever Clinic များတွင် လာရောက်ပြသသည့် လူနာများထဲမှ COVID-19 သံသယလူနာတစ်ချို့ကို ဆေးရုံကြီးတစ်ချို့ထံ လွှဲပြောင်းပေးရန် စီစဉ်ရာ၌ ဆေးရုံကြီးများတွင်လည်း လူနာများ များပြားနေသဖြင့် လွှဲပြောင်း၍မရဖြစ်နေကြောင်း ရန်ကုန် Community Fever Clinic တာဝန်ခံ ဒေါက်တာကျော်မင်းထွန်းက ပြောသည်။

“ဆေးရုံတွေမှာ လူနာတွေ သွားပုံနေတယ်၊ မနေ့ကဆို လူနာလွှဲတယ် လွှဲလို့မရဘူး၊ ပို့တယ်ပို့လိုမရဘူး၊ ဆေးရုံက ပြန်ပြောတယ် သူတို့လက်ခံပေးမယ်၊ စောင့်နေတဲ့ လူနာတွေ အများကြီးရှိတယ်၊ အဲ့တော့ ဆရာတို့အနေနဲ့ ဒီလူနာတွေကို အိမ်မှာဘဲ အောက်စီဂျင်ပေးထားပါ၊ လောလောဆယ်တော့ ဆေးရုံ အနေအထားရ လက်ခံပေးလို့ မရသေးဘူး၊ လူကအရမ်းများနေတော့၊ ဖြစ်နိုင်ရင် အိမ်မှာဘဲ သီးခြားခွဲနေပြီး အောက်စီဂျင်ပေးပေါ့၊ လူနာကများတော့ သူတို့မှာလည်း အခတ်အခဲတွေ ရှိနေတာပေါ့”ဟု ဒေါက်တာ ကျော်မင်းထွန်းက ပြောသည်။

အဆိုပါဆေးရုံကြီးများမှာ လူနာများကို လက်မခံခြင်း မဟုတ်ဘဲ၊ ကုတင်များ နေရာပြည့်နေသည့်အတွက် ကြောင့် လူနာအသစ်ထပ်လက်ခံရန် အစဉ်မပြေဖြစ်နေခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“အဲ့လိုဖြစ်နေတော့ ကျွန်တော်တို့ Management Plan ဆွဲပြီး လုပ်ပေးလိုက်တာ အခုတော့ အဆင်ပြေ သွားတာပေါ့၊ သီးခြားခွဲနေဖို့၊ သောက်ဆေးဖို့ အောက်စီဂျင်ယူသွားပြီးရင် ဘယ်လိုနေပေါ့ ဒါတွေ လမ်း ညွန်လိုက်တာပေါ့၊ သူတို့က ဒီမနက်အကြောင်းကြားတယ်၊ အဆင်ပြေတယ်တဲ့၊ လက်ရှိဆေးရုံက မကြည့်ပေးနိုင်တဲ့အခြေအနေမှာ ကျွန်တော်တို့ ကြည့်ပေးနေတာပေါ့”ဟု ရန်ကုန် Community Fever Clinic တာဝန်ခံဒေါက်တာကျော်မင်းထွန်းက ပြောသည်။

လက်ရှိ၌ ရန်ကုန် Community Fever Clinic များတွင် CAT (C) လို့ခေါ်သည့် အောက်စီဂျင်ကျသည့်လူနာ၊ မောသည့်လူနာ၊ ဖျားသည့်လူနာ အနံပျောက်သည့်လူနာများ လာရောက်ပြသသူများပြားနေလျှက်ရှိကြောင်း၊ သို့ဖြစ်၍ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထုတ်ပြန်ထားသည့်စည်းကမ်းများကို အတိအကျ လိုက်နာရန် လိုအပ်ပြီး၊ မိမိအိမ်ထဲတွင် နေကြရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ရန်ကုန်မြို့တွင် Community Fever Clinic စင်တာ (၂၁)ခု ဖွင့်လှစ်ထားပြီး ထပ်မံတိုးချဲ့ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ကူးစက်မြန် COVID 19 ကပ်ရောဂါလက္ခဏာပြလာသည့်သူများ များပြားလာသည့်အတွက် isolation Center တွေ တိုးချဲ့လျက်ရှိသည်။

Photo – credit

#PeopleMedia #COVID19 #CommunityFeverClinic


Share this post