• Follow Us on
Latest News

Home ေတာင္ကိုရီးယားတြင္ ပထမဆံုးအေနျဖင့္ အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ရန္ အစိုးရစီစဥ္ေန

ေတာင္ကိုရီးယားတြင္ ပထမဆံုးအေနျဖင့္ အလံုပိတ္ကန္႔သတ္မႈမ်ားျပဳလုပ္ရန္ အစိုးရစီစဥ္ေန

Share this post

ဆိုးလ္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ေတာင္ကိုရီးယားႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈျမင့္တက္ေနသျဖင့္ ပထမဆံုးအေနျဖင့္ အလံုပိတ္ကန္႔ သတ္မႈမ်ားျပဳလုပ္ရန္ ေတာင္ကိုရီးယားအစိုးရက စီစဥ္ေနသည္။
ေဆာင္းရာသီေရာက္လာၿပီး အပူခ်ိန္က်ဆင္းလာသျဖင့္ လူမ်ားအျပင္ထြက္မႈနည္းလာၿပီး အိမ္တြင္း၌ေနထိုင္မႈ ပိုမ်ားလာသျဖင့္ ကူးစက္မႈပိုျမင့္တက္လာသည္။
အဂၤါေန႔တြင္ ေတာင္ကိုရီးယားႏိုင္ငံ၌ အတည္ျပဳလူနာ ၁၀၇၈ ေယာက္ထပ္တိုးခဲ့ၿပီး ထိုပမာဏသည္ ကမာၻ႔ ကပ္ေရာဂါစသည့္အခ်ိန္မွစတင္၍ အမ်ားဆံုးပမာဏျဖစ္သည္။
ေတာင္ကိုရီးယားတြင္ အတည္ျပဳလူနာစုစုေပါင္း ၄၅၄၄၇ ေယာက္႐ွိၿပီး ၂၂၆ ေယာက္သည္ စိုးရိမ္ရသည့္ အေျခအေနတြင္႐ွိေနသည္။
ေသဆံုးသူစုစုေပါင္း ၆၁၂ ေယာက္႐ွိေနသည္။ ေတာင္ကိုရီးယားႏိုင္ငံသည့္ တ႐ုတ္ႏိုင္ငံျပင္ပတြင္ ကမာၻ႔ ကပ္ေရာဂါပထမဆံုးစေတြ႕ခဲ့သည့္ႏိုင္ငံမ်ားထဲတြင္ပါ၀င္ေသာ္လည္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈလႈိင္းမ်ားကို ေအာင္ေအာင္ျမင္ျမင္တားဆီးႏိုင္သျဖင့္ နမူနာယူထိုက္သည့္ႏိုင္ငံတႏိုင္ငံအျဖစ္ ကမာၻ႔က်န္းမာေရးအဖြဲ႔ (W.H.O)ကေျပာဖူးသည္။
ကူးစက္မႈအမ်ားစု႐ွိေနသည့္ၿမိဳ႕ေတာ္ဆိုးလ္တြင္ အထူးၾကပ္မတ္ကုသေဆာင္အခန္း ၁ ခန္းသာလြတ္ ေတာ့ေၾကာင္း ဆိုးလ္ေခတၱၿမိဳ႕ေတာ္၀န္ ဆိုဂၽြန္ေဟာ့ ကေျပာသည္။
ၿမိဳ႕ေတာ္ဆိုးလ္တြင္ ေဆး႐ံုအခန္းမ်ား႐ွားပါးေနၿပီး အထူးၾကပ္မတ္ကုသခန္း ၇၈ ခန္းအနက္ ၇၇ ခန္းကို ကို႐ိုနာဗိုင္းရပ္စ္လူနာမ်ားအတြက္ အသံုးျပဳထားသျဖင့္ ၁ ခန္းသာလြတ္ေၾကာင္း ၿမိဳ႕ေတာ္၀န္ကေျပာျခင္း ျဖစ္သည္။
Ref : South Korea warns of first potential lockdown as coronavirus numbers continue to rise
#PeopleMedia
(Unicode)
တောင်ကိုရီးယားတွင် ပထမဆုံးအနေဖြင့် အလုံပိတ်ကန့်သတ်မှုများပြုလုပ်ရန် အစိုးရစီစဉ်နေ
…………………………………….
ဆိုးလ်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တောင်ကိုရီးယားနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေသဖြင့် ပထမဆုံးအနေဖြင့် အလုံပိတ်ကန့် သတ်မှုများပြုလုပ်ရန် တောင်ကိုရီးယားအစိုးရက စီစဉ်နေသည်။
ဆောင်းရာသီရောက်လာပြီး အပူချိန်ကျဆင်းလာသဖြင့် လူများအပြင်ထွက်မှုနည်းလာပြီး အိမ်တွင်း၌နေထိုင်မှု ပိုများလာသဖြင့် ကူးစက်မှုပိုမြင့်တက်လာသည်။
အင်္ဂါနေ့တွင် တောင်ကိုရီးယားနိုင်ငံ၌ အတည်ပြုလူနာ ၁၀၇၈ ယောက်ထပ်တိုးခဲ့ပြီး ထိုပမာဏသည် ကမ္ဘာ့ ကပ်ရောဂါစသည့်အချိန်မှစတင်၍ အများဆုံးပမာဏဖြစ်သည်။
တောင်ကိုရီးယားတွင် အတည်ပြုလူနာစုစုပေါင်း ၄၅၄၄၇ ယောက်ရှိပြီး ၂၂၆ ယောက်သည် စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်။
သေဆုံးသူစုစုပေါင်း ၆၁၂ ယောက်ရှိနေသည်။ တောင်ကိုရီးယားနိုင်ငံသည့် တရုတ်နိုင်ငံပြင်ပတွင် ကမ္ဘာ့ ကပ်ရောဂါပထမဆုံးစတွေ့ခဲ့သည့်နိုင်ငံများထဲတွင်ပါဝင်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုလှိုင်းများကို အောင်အောင်မြင်မြင်တားဆီးနိုင်သဖြင့် နမူနာယူထိုက်သည့်နိုင်ငံတနိုင်ငံအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (W.H.O)ကပြောဖူးသည်။
ကူးစက်မှုအများစုရှိနေသည့်မြို့တော်ဆိုးလ်တွင် အထူးကြပ်မတ်ကုသဆောင်အခန်း ၁ ခန်းသာလွတ် တော့ကြောင်း ဆိုးလ်ခေတ္တမြို့တော်ဝန် ဆိုဂျွန်ဟော့ ကပြောသည်။
မြို့တော်ဆိုးလ်တွင် ဆေးရုံအခန်းများရှားပါးနေပြီး အထူးကြပ်မတ်ကုသခန်း ၇၈ ခန်းအနက် ၇၇ ခန်းကို ကိုရိုနာဗိုင်းရပ်စ်လူနာများအတွက် အသုံးပြုထားသဖြင့် ၁ ခန်းသာလွတ်ကြောင်း မြို့တော်ဝန်ကပြောခြင်း ဖြစ်သည်။
Ref : South Korea warns of first potential lockdown as coronavirus numbers continue to rise
#PeopleMedia


Share this post