• Follow Us on

Home တောင်ပိုင်းကျွန်းများတွင် အကြမ်းဖက်သမားများအား နှိမ်နင်းရန် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၄,၅၀၀ ထပ်မံ တပ်ဖြန့် ချထားမည်

တောင်ပိုင်းကျွန်းများတွင် အကြမ်းဖက်သမားများအား နှိမ်နင်းရန် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၄,၅၀၀ ထပ်မံ တပ်ဖြန့် ချထားမည်

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၆ (People Media)

 

အကြမ်းဖက်သမားများအား နှိမ်နှင်းရန်အတွက် နိုင်ငံအနောက်တောင်ပိုင်းရှိ စူးလူးကျွန်းစုတွင် လာမည့်နှစ်အ တွင်း ဖိလစ်ပိုင်တပ်ဖွဲ့ဝင် ၄,၅၀၀ ထပ်မံ တပ်ဖြန့်ချသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်လွှတ်တော်အမတ်တစ်ဦးက စက်တင်ဘာ ၅ ရက်က ပြောကြားလိုက်သည်။

 

လာမည့်နှစ်တွင် တပ်မတစ်ခုလုံး စူးလူးကျွန်းစုတွင် တပ်ဖြန့်ချထားနိုင်ရေးအတွက် အမျိုးသားကာကွယ်ရေးဝန် ကြီးဌာနအနေဖြင့် အမေရိကန်ဒေါ်လာ ၁၈.၆၂ သန်း သုံးစွဲသွားမည်ဖြစ်ကြောင်း  အောက်လွှတ်တော်ကိုယ်စား လှယ် မဟာဗျူဟာမြောက်ထောက်လှမ်းရေးကော်မတီဥက္ကဋ္ဌ ဂျော်နီပီမန်တယ်လ်ကပြောသည်။

 

ဖိလစ်ပိုင်တပ်မတော်အနေဖြင့် စူးလူးပြည်နယ်၊ ဂျိုလိုခရိုင်အတွင်းသို့ တပ်ဖွဲ့ဝင်အင်အား ၄,၅၀၀ ပါဝင်သော တပ်မတစ်မ ပို့ဆောင်သွားမည်ဖြစ်ကြောင်း၊  ယင်းတပ်မသည် အိုင်အက်စ်အိုင်အက်စ်နှင့် ဆက်နွယ်သော အ ကြမ်းဖက်အုပ်စုများကို အဓိကတိုက်ခိုက်သွားမည်ဖြစ်သလို ဘာစီလန်၊ စူးလူးနှင့် တာဝီတာဝီပြည်နယ်ကျွန်းများ တွင်လည်း စစ်ဆင်ရေးတာဝန်များထမ်းဆောင်သွားမည်ဖြစ်ကြောင်း ပီမန်တယ်လ်၏ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

 

ဂျိုလိုခရိုင်သည် အဘူဆေယက်ဖ်စစ်သွေးကြွအုပ်စုအခြေစိုက်ရာဒေသတစ်ခုဖြစ်ပြီး ယင်းအဖွဲ့မှာ နိုင်ငံအနောက် ပိုင်းရှိမင်ဒါနိုကျွန်း အဓိကအားဖြင့် ဘာစီလန်နှင့် စူးလူးပြည်နယ်ကျွန်းများရှိ ၎င်းတို့ခိုအောင်းရာနယ်မြေတစ် ဝိုက်တွင် ရက်စက်ကြမ်းကြုပ်သောပြစ်မှုများကျူးလွန်ခြင်း၊ ပြန်ပေးဆွဲငွေတောင်းခံခြင်း၊ ဗုံးဖောက်ခွဲခြင်းနှင့် ခေါင်းဖြတ်သတ်ခြင်းတို့ကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားလာသည့် အကြမ်းဖက်အဖွဲ့ဖြစ်သည်။

 

အဘူဆေယက်ဖ်စစ်သွေးကြွအုပ်စုနှင့် ဆက်နွယ်သည့်အကြမ်းဖက်သမားများသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျိုလို မြို့လယ်ကောင်၌ ဗုံးနှစ်လုံးဖောက်ခွဲခဲ့သဖြင့် ဖိလစ်ပိုင်ပြည်သူ ၁၄ ဦးသေဆုံးပြီး ၇၅ ဦး ဒဏ်ရာရရှိခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကလည်း ဂျိုလိုမြို့ရှိ ခရိုင်ကက်သလစ်ဘုရားကျောင်းတွင် ဗုံးတစ်လုံးဖောက်ခွဲခဲ့ရာ ဖိ လစ်ပိုင်ပြည်သူ ၂၁ ဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

 

Ref: Philippine army to deploy 4,500 more troops to fight terrorists in southern islands

 

#PeopleMedia

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Ref: Philippine army to deploy 4,500 more troops to fight terrorists in southern islands

 

#PeopleMedia


Share this post