• Follow Us on

Home ေထာက္ပံ့ေၾကးကိစၥ မတိုင္ပင္ဟုဆိုကာ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရးမွဴးကို တိုင္းအစိုးရထံ NLD အမတ္တိုင္ၾကား

ေထာက္ပံ့ေၾကးကိစၥ မတိုင္ပင္ဟုဆိုကာ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္အုပ္ ခ်ဳပ္ေရးမွဴးကို တိုင္းအစိုးရထံ NLD အမတ္တိုင္ၾကား

Share this post

ရန္ကုန္၊ ဇူလိုင္ – ၆

ႏိုင္ငံေတာ္မွ covid 19 ေရာဂါျဖစ္ပြားေနသည့္ကာလအတြင္း လူအမ်ားသို႔ ေထာက္ပံ့ေၾကးေပးအပ္သည့္ကိစၥ မတိုင္ပင္ဟုဆိုကာ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးကို ရန္ကုန္တိုင္းအစိုးရထံ NLD တိုင္းလႊတ္ေတာ္ကိုယ္စားလွယ္က တိုင္ၾကားထား ေၾကာင္းသိရသည္။

ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား တိုင္ၾကားထားသည့္ကိစၥႏွင့္ပတ္သက္၍ ဇူလိုင္ ၆ ရက္ People media က ဆက္သြယ္ေမးျမန္းရာ တြင္ ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ဦးသန္းေဆြက ေျပာၾကားသည္။

“ကြၽန္ေတာ္တို႔နဲ႔ မတိုင္ပင္ဘူးဆိုတာမွာ သူကတိုင္းေဒသႀကီး(သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဥပေဒပုဒ္မ ၈၄ မွာက ဒီေဒသ ဖြံ႕ၿဖိဳးေရးလုပ္ငန္းတို႔၊ အုပ္ခ်ဳပ္ေရးလုပ္ငန္းတို႔၊ လူမႈစီးပြားေရးလုပ္ငန္းတို႔မွာ လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို တိုင္ပင္အပ္တဲ့ ပုဂၢိဳလ္ေတြျဖစ္တယ္ဆိုၿပီးေတာ့ ျပ႒ာန္းထားတာေပါ႔။ ျပ႒ာန္းထားေတာ့ ဒီမွာက ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးက သူက တခ်ိဳ႕ကိစၥေတြ မွာ မတိုင္ပင္ဘူးေပါ႔ဗ်ာ။ ေတာ္ေတာ္မ်ားမ်ားေပါ႔။ သူထင္တိုင္းႀကဲတဲ့သေဘာေပါ႔ဗ်ာ။ ထင္တိုင္းႀကဲတဲ့သေဘာဆိုေတာ့ အဲ့ဒီကိစၥ ေတြ ကြၽန္ေတာ္တို႔ကမသိဘူးဗ်။ အခုကိစၥဆိုလည္း ေပးတာရတာ ကြၽန္ေတာ္တို႔မသိဘူး။ ဘယ္ေတာ့မွသိလဲဆိုေတာ့ ျပႆနာ ျဖစ္မွ ကြၽန္ေတာ္တို႔ကသိတာ။ အခု ႏိုင္ငံေတာ္ကေပးတဲ့ ေထာက္ပံ့ေၾကးမရတဲ့သူေတြက ကြၽန္ေတာ့္ဆီတိုင္တယ္။ အခုေတာ့ သူ႔ကို ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ဆီ တိုင္ထားတယ္’’ဟု ၎ကေျပာသည္။

ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္သည္ ရန္ကုန္ျမစ္၏အေနာက္ေတာင္ကမ္းေပၚတြင္ တည္ရွိၿပီး ရပ္ကြက္၉ခုရွိကာလူဦးေရ ၃၄၀၀၃ ဦးေနထိုင္ေၾကာင္း သိရသည္။

“ေထာက္ပံ့ေၾကးက တကယ္ရသင့္တဲ့လူေတြကမရဘူး။ ဖုန္းနဲ႔တိုင္တာေတြလည္းရွိသလို၊ စာနဲ႔တိုင္တာေတြလည္းရွိတယ္။ ဆိပ္ႀကီးအေရွ႕ကစာနဲ႔တိုင္တာ။ အဆင္ေျပတဲ့သူေတြကရတယ္။ ဆယ္အိမ္မွဴးေတြ၊ ရာအိမ္မွဴးေတြကရတယ္ေပါ႔။ အဲဒီလိုရွိ တယ္။ ျပႆနာျဖစ္ေတာ့ အုပ္ခ်ဳပ္ေရးကိုမတိုင္ဘူးဗ်။ ကြၽန္ေတာ္တို႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြဆီပဲ ျပည္သူေတြက တိုင္ၾကတာ။ ဒီကိစၥလည္း တင္ျပတိုင္ၾကားထားပါတယ္’’ဟု ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအားတိုင္ၾကားထားသည့္ကိစၥႏွင့္စပ္လ်ဥ္း၍ ဦးသန္းေဆြကထပ္မံေျပာသည္။

ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴးအား ဇူလိုင္ ၆ ရက္တြင္ ရန္ကုန္တိုင္း၀န္ႀကီးခ်ဳပ္ထံစာျဖင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္ကတိုင္တန္းခဲ့ျခင္းျဖစ္သည္။

#PeopleMedia #ဆိပ္ႀကီးခေနာင္တို

(unicode)
ထောက်ပံ့ကြေးကိစ္စ မတိုင်ပင်ဟုဆိုကာ ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ် ချုပ်ရေးမှူးကို တိုင်းအစိုးရထံ NLD အမတ်တိုင်ကြား
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၆

နိုင်ငံတော်မှ covid 19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း လူအများသို့ ထောက်ပံ့ကြေးပေးအပ်သည့်ကိစ္စ မတိုင်ပင်ဟုဆိုကာ ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ရန်ကုန်တိုင်းအစိုးရထံ NLD တိုင်းလွှတ်တော်ကိုယ်စားလှယ်က တိုင်ကြားထား ကြောင်းသိရသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးအား တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်၍ ဇူလိုင် ၆ ရက် People media က ဆက်သွယ်မေးမြန်းရာ တွင် ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေက ပြောကြားသည်။

“ကျွန်တော်တို့နဲ့ မတိုင်ပင်ဘူးဆိုတာမှာ သူကတိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်လွှတ်တော်ဥပဒေပုဒ်မ ၈၄ မှာက ဒီဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းတို့၊ အုပ်ချုပ်ရေးလုပ်ငန်းတို့၊ လူမှုစီးပွားရေးလုပ်ငန်းတို့မှာ လွှတ်တော်ကိုယ်စားလှယ်တွေကို တိုင်ပင်အပ်တဲ့ ပုဂ္ဂိုလ်တွေဖြစ်တယ်ဆိုပြီးတော့ ပြဋ္ဌာန်းထားတာပေါ့။ ပြဋ္ဌာန်းထားတော့ ဒီမှာက မြို့နယ်အုပ်ချုပ်ရေးမှူးက သူက တချို့ကိစ္စတွေ မှာ မတိုင်ပင်ဘူးပေါ့ဗျာ။ တော်တော်များများပေါ့။ သူထင်တိုင်းကြဲတဲ့သဘောပေါ့ဗျာ။ ထင်တိုင်းကြဲတဲ့သဘောဆိုတော့ အဲ့ဒီကိစ္စ တွေ ကျွန်တော်တို့ကမသိဘူးဗျ။ အခုကိစ္စဆိုလည်း ပေးတာရတာ ကျွန်တော်တို့မသိဘူး။ ဘယ်တော့မှသိလဲဆိုတော့ ပြဿနာ ဖြစ်မှ ကျွန်တော်တို့ကသိတာ။ အခု နိုင်ငံတော်ကပေးတဲ့ ထောက်ပံ့ကြေးမရတဲ့သူတွေက ကျွန်တော့်ဆီတိုင်တယ်။ အခုတော့ သူ့ကို ရန်ကုန်တိုင်းဝန်ကြီးချုပ်ဆီ တိုင်ထားတယ်’’ဟု ၎င်းကပြောသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်သည် ရန်ကုန်မြစ်၏အနောက်တောင်ကမ်းပေါ်တွင် တည်ရှိပြီး ရပ်ကွက်၉ခုရှိကာလူဦးရေ ၃၄၀၀၃ ဦးနေထိုင်ကြောင်း သိရသည်။

“ထောက်ပံ့ကြေးက တကယ်ရသင့်တဲ့လူတွေကမရဘူး။ ဖုန်းနဲ့တိုင်တာတွေလည်းရှိသလို၊ စာနဲ့တိုင်တာတွေလည်းရှိတယ်။ ဆိပ်ကြီးအရှေ့ကစာနဲ့တိုင်တာ။ အဆင်ပြေတဲ့သူတွေကရတယ်။ ဆယ်အိမ်မှူးတွေ၊ ရာအိမ်မှူးတွေကရတယ်ပေါ့။ အဲဒီလိုရှိ တယ်။ ပြဿနာဖြစ်တော့ အုပ်ချုပ်ရေးကိုမတိုင်ဘူးဗျ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီပဲ ပြည်သူတွေက တိုင်ကြတာ။ ဒီကိစ္စလည်း တင်ပြတိုင်ကြားထားပါတယ်’’ဟု မြို့နယ်အုပ်ချုပ်ရေးအားတိုင်ကြားထားသည့်ကိစ္စနှင့်စပ်လျဉ်း၍ ဦးသန်းဆွေကထပ်မံပြောသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးအား ဇူလိုင် ၆ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံစာဖြင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ကတိုင်တန်းခဲ့ခြင်းဖြစ်သည်။

#PeopleMedia #ဆိပ်ကြီးခနောင်တို


Share this post