• Follow Us on

Home ဒေါ်လာသန်း ၇၅၀ ဖိုး ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကြီးများ ထိုင်ဝမ်သို့ရောင်းချရန် အမေရိကန်အစိုးရ ကြေညာ

ဒေါ်လာသန်း ၇၅၀ ဖိုး ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကြီးများ ထိုင်ဝမ်သို့ရောင်းချရန် အမေရိကန်အစိုးရ ကြေညာ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇ (People Media)

 

ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကြီးများနှင့် အမြောက်ကျည်များအတွက် ဂျီပီအက်စ် လမ်းညွှန်ပစ္စည်းများကို ထိုင်ဝမ်နိုင်ငံသို့ ရောင်းချသွားမည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

 

ထိုင်ဝမ်နိုင်ငံအတွက် 40 M-109A6 Paladin 155mm ယာဉ်တင် ဟောက်ဝစ်ဇာအမြောက်ကြီးများနှင့် ဆက် စပ်ပစ္စည်းများကို ရောင်းချသွားမည့် ခွင့်ပြုထောက်ခံချက်အကြောင်းကို ဗုဒ္ဓဟူးနေ့က ကာကွယ်ရေးလုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ထုတ်ပြန်ကြေညာခဲ့သည်။ လက်နက်ရောင်းဝယ်ရေး အ တွက် ခန့်မှန်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ သန်း ၇၅၀ ဖြစ်သည်။

 

ထိုင်ဝမ်နိုင်ငံသို့ ထောက်ပံ့ရောင်းချမည့်လက်နက်များတွင် ခေတ်မီစစ်မြေပြင်သုံးအမြောက် နည်းဗျူဟာအချက် အလက်စနစ်၊ ရေဒီယိုဆက်သွယ်ရေးစက်များ၊ အပိုပစ္စည်းများ၊ အခြားပို့ဆောင်ထောက်ပံ့ရေးပစ္စည်းများနှင့်အ တူ စစ်မြေပြင်ခဲယမ်းဖြည့်တင်းမှုထောက်ပံ့ရေးယာဉ် အစီး ၂၀ နှင့် M88A2 ဟာကျူလီသံချပ်ကာယာဉ် ၅ စီးပါ ဝင်ကြောင်းသိရသည်။

 

ထိုင်ဝမ်နိုင်ငံသို့ ထောက်ပံ့မည့်လက်နက်ခဲယမ်းထဲမှ အထင်ရှားဆုံးမှာ အမြောက်ကြီးများ၏ သတ်မှတ်ထား သောပစ်မှတ်များအတွက် 155mm စံကိုက်အမြောက်ကျည်များကို ဂျီပီအက်စ်လမ်းညွှန် အမြောက်ကျည်များ အဖြစ်ပြောင်းလဲတပ်ဆင်နိုင်သည့် ပစ်မှတ်လမ်းညွှန်ဆက်စပ်ပစ္စည်း ၁၆၉၈ ခု ပါဝင်ကြောင်းသိရသည်။

 

ခဲယမ်းထောက်ပံ့ရေးယာဉ်များအတွက် အယ်လာဘားမားပြည်နယ်၊ ဘိုင်နမ်ရှိ အန်နစ္စတန်ကြည်းတပ်စခန်းမှ တာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ပြီး ဟောက်ဝစ်ဇာအမြောက်များနှင့် သံချပ်ကာယာဉ်တို့အတွက် အဓိက ကန်ထရိုက်တာမှာ လန်ဒန်အခြေစိုက် BAE Systems ဖြစ်ကြောင်းသိရသည်။ အဆိုပြုထားသော လက်နက်ခဲ ယမ်းရောင်းဝယ်မှုမှာ ထိုင်ဝမ်နိုင်ငံအတွက် လက်ရှိကာလနှင့် အနာဂတ်ကာလ ခြိမ်းခြောက်မှုများကိုရင်ဆိုင်ရာ တွင် ထိုင်ဝမ်နိုင်ငံ၏စွမ်းရည်ကိုမြှင့်တင်ပေးနိုင်မည့် ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကြီးများကို ပိုမိုခေတ်မီ အောင် စွမ်းဆောင်ပေးသွားနိုင်မည်ဖြစ်ကြောင်း ကာကွယ်ရေးလုံခြုံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (DSCA) က ထုတ်ပြန်ကြေညာသည်။

 

ထိုင်ဝမ်နိုင်ငံကို ၎င်းနိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ်ရှုမြင်ထားသည့် တရုတ်နိုင်ငံက အဆိုပါလက်နက်ရောင်း ဝယ်ရေးကြေညာချက်နှင့်ပတ်သက်၍ တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်စိုးမှုနှင့် လုံခြုံရေးအကျိုးစီးပွားကို မှေးမှိန်သေးသိမ်အောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းပြောဆိုလိုက်သည်။ ထိုင်ဝမ်နိုင်ငံသို့လက်နက်ရောင်းချမည့် အစီအစဉ်ကိုပြန်လည်ရုပ်သိမ်းရန်နှင့် ယင်းလက်နက်ရောင်းချမှုမှာ တရုတ်-အမေရိကန်ဆက်ဆံရေးနှင့် ထိုင်ဝမ် ရေလက်ကြား၏ အေးချမ်းတည်ငြိမ်ရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း တရုတ်ပြောရေးဆိုခွင့်ရှိသူကပြောသည်။

 

Ref: US government clears $750 million artillery sale to Taiwan

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 

Ref: US government clears $750 million artillery sale to Taiwan

 

#PeopleMedia


Share this post