• Follow Us on

Home တရုတ် နျူကလီးယားတပ်ဖွဲ့ အင်အားကြီးလာမှုကို စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြော

တရုတ် နျူကလီးယားတပ်ဖွဲ့ အင်အားကြီးလာမှုကို စိုးရိမ်မိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် ပြော

Share this post

နိုင်ငံတကာ၊ သြဂုတ် ၇ (People Media)

 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံ၏ နျူကလီးယားတပ်ဖွဲ့ အလျင်အမြန် အင်အားကြီးမားလာမှုနှင့်ပတ်သက်၍ အလွန်စိုးရိမ်မိကြောင်း ပြောကြားလိုက်သည်။

 

ဂျပန်၊ တရုတ်နှင့် အာဆီယံအဖွဲ့ဝင်များ တက်ရောက်သော လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးရန် နှစ်စဉ် ကျင်းပသည့် ယမန်နေ့ကပြုလုပ်သော အာဆီယံဒေသဆိုင်ရာဖိုရမ် အွန်လိုင်းအစည်းအဝေးတစ်ခု၌ အန်တိုနီ ဘလင်ကန်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အန်တိုနီဘလင်ကန်က တရုတ်နိုင်ငံ၏ နျူကလီးယားတပ်ဖွဲ့ မြန်ဆန်စွာ အင်အားကြီးမားလာမှုကို အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တစ် ရပ်က ဖော်ပြသည်။

 

တရုတ်နိုင်ငံ၏ နျူကလီးယား ထိပ်ဖူးအရေအတွက်မှာ အနည်းဆုံး ၂၀၀ ခန့်ရှိပြီး လာမည့်ဆယ်စုနှစ်အတွင်း နှစ်ဆခန့်အထိများပြားလာမည်ဟု ခန့်မှန်းရကြောင်း ၂၀၂၀ ပြည့်နှစ် ပင်တဂွန် အစီရင်ခံစာတစ်စောင်က ဖော်ပြသည်။

 

တိဘက်၊ ဟောင်ကောင်နှင့် ရှင်းကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၌ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍လည်း အလွန်စိုးရိမ်မိကြောင်း ဘလင်ကန်က ပြောကြားခဲ့သည်။

 

အပြည်ပြည်ဆိုင်ရာ ရေကြောင်းဥပဒေပါ ပြဌာန်းချက်များကို လိုက်နာရန်နှင့် တောင်တရုတ်ပင်လယ်အတွင်း ရန်လိုသောအပြုအမူများ ရပ်တန့်ရန်လည်း ဘလင်ကန်က တရုတ်နိုင်ငံအား တောင်းဆိုခဲ့သည်။

 

အမေရိကန်နိုင်ငံက အခြားတိုင်းပြည်များနှင့်အတူ ကိုရီးယားကျွန်းဆွယ်၌ အပြီးတိုင် နျူကလီးယားလက် နက်ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။

 

မြန်မာနိုင်ငံ၌ အကြမ်းဖက်မှုများရပ်တန့်ရေး တပ်မတော်အား ဖိအားပေးရန်လည်း အန်တိုနီဘလင်ကန်က အာဆီယံအဖွဲ့ဝင်နိုင်ငံများကို တိုက်တွန်းခဲ့သည်။

 

Ref; US concerned about China’s growing nuclear arsenal

 

#PeopleMedia #EPN #international #အမေရိကန်

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref; US concerned about China’s growing nuclear arsenal

 



Share this post