• Follow Us on

Home ဒေါ်လာ ၁.၃ ဘီလျံတန်ကြေးရှိ အီလက်ထရိုမဂ္ဂနစ်တိုက်လေယာဉ်တွန်းတင်စနစ် ပြင်သစ်သို့ ရောင်းချရန် အမေရိကန်သဘောတူ

ဒေါ်လာ ၁.၃ ဘီလျံတန်ကြေးရှိ အီလက်ထရိုမဂ္ဂနစ်တိုက်လေယာဉ်တွန်းတင်စနစ် ပြင်သစ်သို့ ရောင်းချရန် အမေရိကန်သဘောတူ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၃ (People Media)

 

အမေရိကန်ဒေါ်လာ ၁.၃ ဘီလျံတန်ကြေးရှိ အီလက်ထရိုမဂ္ဂနစ်တိုက် လေယာဉ်တွန်းလွှတ်စနစ် EMALS (Electromagnetic Aircraft Launch System) ကို ပြင်သစ်နိုင်ငံသို့ရောင်းချရန် အမေရိကန်နိုင်ငံခြားရေးဝန် ကြီးဌာနက သဘောတူခွင့်ပြုလိုက်သည်။

 

ပြင်သစ်နိုင်ငံသို့ဆက်လက်ရောင်းချသွားမည့်အစီအစဉ်တွင် ပြင်သစ်နိုင်ငံ၏ အနာဂတ်လေယာဉ်တင်သင်္ဘော အတွက် အဆင့်မြင့်လေယာဉ်ဖမ်းကိရိယာနှင့် ဆက်စပ်ပစ္စည်းများ ပါဝင်ကြောင်း ကာကွယ်ရေးလုံခြုံရေး ပူး ပေါင်းဆောင်ရွက်မှုအေဂျင်စီက ပြောသည်။

 

“ဒီအဆိုပြုထားတဲ့အရောင်းအဝယ်ကိစ္စကို အကောင်အထည်ဖော်ရာမှာ အမေရိကန်အစိုးရအရာရှိတွေနဲ့ ကန် ထရိုက်တာဘက်ကကိုယ်စားလှယ်တွေ စုစုပေါင်း ၄၀ လောက်ကို ပြင်သစ်နိုင်ငံမှာ တာဝန်ချထားပေးရမယ့်အ စီအစဉ်လည်းပါပါတယ်။ အဲဒီကိုယ်စားလှယ်တွေဟာ ၂၀၃၃ ခုနှစ်ကနေ ၂၀၃၈ ခုနှစ်အထိ ပြင်သစ်နိုင်ငံမှာတွဲ ဖက်ထားပြီးတော့ တစ်နှစ်ကို ရက်သတ္တပတ် ၁၀ ပတ် အလုပ်လုပ်ရမှာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ လေယာဉ်တင် သင်္ဘောပေါ်မှာ လိုအပ်တဲ့တပ်ဆင်မှုတွေပြုလုပ်ခြင်း၊ လုပ်ငန်းအပ်နှံခြင်း၊ အသိအမှတ်ပြုခြင်း၊ လေယာဉ်တွေ လိုက်ဖက်ညီသုံးစွဲနိုင်အောင် စမ်းသပ်ခြင်း၊ သင်္ဘောကုန်းပတ်ရှိလေယာဉ်ပြေးလမ်းအသိအမှတ်ပြုခြင်း၊ ပင် လယ်ပြင်လေ့ကျင့်ခန်းများပြုလုပ်ခြင်း စတာတွေကို ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟု ကာကွယ်ရေးလုံခြုံ ရေးပူးပေါင်းဆောင်ရွက်မှုအေဂျင်စီက ပြောသည်။

 

ပြင်သစ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် General Atomics ကုမ္ပဏီမှထုတ်လုပ်သည့် အဆိုပါစနစ်ကို ရရှိရေး အတွက် ၂၀၁၈ ခုနှစ်ကတည်းက ဆွေးနွေးလာခဲ့ခြင်းဖြစ်သည်။

 

ယင်းစနစ်၏ ပိုမိုကောင်းမွန်သောလေယာဉ်တွန်းလွှတ်ထိန်းချုပ်ရေးစနစ်ကြောင့် ဂျက်တိုက်လေယာဉ်အမျိုးမျိုးမှ မောင်းသူမဲ့လေယာဉ်များအထိ လေယာဉ်အမျိုးအစားအမျိုးမျိုးကို တွန်းလွှတ်ခြင်းကဲ့သို့ သမရိုးကျ steam catapult (လေယာဉ်များလွှတ်တင်ရာတွင် လေယာဉ်တင်သင်္ဘောတွင်အသုံးပြုသောနျူကလီးယားစွမ်းအင်နှင့် တွဲဖက်အသုံးပြုသည်လောက်လွှဲစနစ်) စနစ်နှင့် နှိုင်းယှဉ်ပါက အားသာချက်များရှိသည်။

 

အီလက်ထရိုမဂ္ဂနစ်တိုက်လေယာဉ်တွန်းလွှတ်စနစ် EMALS သည် steam catapult စနစ်ထက် ပိုမိုပေါ့ပါးပြီး နေရာသုံးစွဲမှုလည်းလျော့နည်းသည့်အပြင် လုပ်ငန်းတာဝန်ဆောင်ရွက်မှုှနှင့် ပြုပြင်ထိန်းသိမ်းမှုမှာလည်း ၂၅% လျော့နည်းသည်။ ၎င်းအပြင် EMALS သည် steam catapult ထက် ရေချိုလိုအပ်မှုမှာ လျော့နည်းပြီး ပင်လယ် ရေကို ရေချိုဖြစ် အောင်ပြုလုပ်ရသည့်လိုအပ်ချက်လည်း နည်းပါးကြောင်းသိရသည်။

 

ပြင်သစ်နိုင်ငံ၏ ပေါ့တာဗီယွန်ဒီနိုဗယ်လီ (Porte-Avions de Nouvelle Génération) လေယာဉ်တင်သင်္ဘော ကို ၂၀၂၅ ခုနှစ်တွင် စတင်တည်ဆောက်မည်ဟု ခန့်မှန်းထားသည်။ ယင်း ပေါ့တာဗီယွန်ဒီနိုဗယ်လီလေယာဉ် တင်သင်္ဘောသည် ၂၀၂၃ ခုနှစ်တွင် စတင်တာဝန်ထမ်းဆောင်မည်ဖြစ်ပြီး လေယာဉ်တင်သင်္ဘောချားဒီဂေါကို အစားထိုးသွားမည်ဖြစ်သည်။

 

တန်ချိန် ၇၅,၀၀၀ ရှိ လေယာဉ်တင်သင်္ဘောတွင် ရာဖေးဂျက်တိုက်လေယာဉ်များနှင့် ဆဋ္ဌမမြောက်မျိုးဆက် တိုက်လေယာဉ်များတပ်ဆင်သွားမည်ဖြစ်သည်။ ယင်းလေယာဉ်တင်သင်္ဘောပေါ်တွင် EMALS စနစ်တပ်ဆင် ထားသဖြင့် တစ်ရက်လျှင် လေယာဉ်စင်းရေ ၆၀ ကို လွှတ်တင်နိုင်မည်ဖြစ်ကြောင်းသိရသည်။

 

Ref: US Approves $1.3B Electromagnetic Aircraft Launch for France

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: US Approves $1.3B Electromagnetic Aircraft Launch for France

 

#PeopleMedia


Share this post