• Follow Us on

Home ေဒၚလာ ၃ ဘီလီယံေက်ာ္တန္ေၾကးရွိ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ အေမရိကန္ႏွင့္ အိႏၵိယ လက္မွတ္ထိုး

ေဒၚလာ ၃ ဘီလီယံေက်ာ္တန္ေၾကးရွိ ကာကြယ္ေရးဆိုင္ရာ သေဘာတူညီခ်က္ အေမရိကန္ႏွင့္ အိႏၵိယ လက္မွတ္ထိုး

Share this post

ႏိုင္ငံတကာ၊ ေဖေဖာ္ဝါရီ ၂၅

ေဒၚလာ ၃ ဘီလီယံေက်ာ္တန္ေၾကးရွိ အေမရိကန္လုပ္ ကာကြယ္ေရးပစၥည္းမ်ားဝယ္ယူရန္ အိႏၵိယႏိုင္ငံ က သေဘာတူခဲ့ေၾကာင္း အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားလိုက္သည္။

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ အိႏၵိယဝန္ႀကီးခ်ဳပ္ နာရင္ဒရာမိုဒီတို႔သည္ ယမန္ေန႔က အေနာက္ ပိုင္းရွိ ဂူဂ်ာရတ္ျပည္နယ္၌ ျပည္သူ ၁၀၀၀၀၀ ခန္႔ေရွ႕ေမှာက္၌ ေပၚလာခဲ့သည္။

ႏွစ္ႏိုင္ငံစလုံးမွ ကိုယ္စားလွယ္ မ်ားက ေဒၚလာ ၃ ဘီလီယံေက်ာ္တန္ေၾကးရွိ သေဘာတူညီခ်က္မ်ားကို လက္မွတ္ေရးထိုးမည္ဟု အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့သည္။

အိႏၵိယႏိုင္ငံက ယင္း၏ လက္နက္ကိုင္တပ္ဖြဲ႕အတြက္ စစ္ဘက္ရဟတ္ယာဉ္ႏွင့္ အျခား စစ္လက္နက္ကိရိ ယာမ်ား ဝယ္ယူမည္ျဖစ္သည္။ အေမရိကန္ႏွင့္အိႏၵိယႏိုင္ငံတို႔မွာ ရင္းႏွီးျမႇဳပ္ႏွံမႈတြင္ အဟန္႔အတားမ်ား ေလ်ာ့ခ် ေပးမည့္ ကုန္သြယ္ေရး သေဘာတူညီခ်က္တစ္ရပ္ႏွင့္ပတ္သက္၍ ကနဦးအဆင့္ ေဆြးေႏြးမႈမ်ားျပဳလုပ္ေနသည္ ဟု ေဒၚနယ္ထရမ့္က ေျပာသည္။

အေမရိကန္ႏိုင္ငံက အိႏၵိယႏိုင္ငံႏွင့္ ကုန္သြယ္မႈျပဳလုပ္ရာတြင္ ပမာဏႀကီးမား ေသာလိုေငြ ရွိခဲ့သည္။

အေမရိကန္ႏိုင္ငံသည္ ၿပီးခဲ့သည့္ႏွစ္က အိႏၵိယႏိုင္ငံထံ ေပးအပ္ထားသည့္ ဦးစားေပး ကုန္သြယ္ေရးအဆင့္ ကို ျပန္လည္႐ုတ္သိမ္းခဲ့သလို အိႏၵိယႏိုင္ငံကလည္း အေမရိကန္ထုတ္ကုန္မ်ားအေပၚ စည္းၾကပ္ခြန္မ်ား ထပ္မံ သတ္မွတ္၍ လက္တုံ႔ျပန္ခဲ့သည္။

သူႏွင့္ မိုဒီတို႔က ႏွစ္ႏိုင္ငံစလုံးအတြက္ အက်ိဳးရွိေစမည့္ သေဘာတူညီခ်က္တစ္ ရပ္ရရွိမည္ဟု အေကာင္းျမင္ေၾကာင္း ေဒၚနယ္ထရမ့္က ေျပာသည္။

အိႏၵိယႏိုင္ငံက အတိုင္းအတာတစ္ခုအထိ ေစ်းကြက္ဖြင့္လွစ္ထားရန္ အဆင္သင့္ရွိေၾကာင္း မိုဒီက ေျပာ ၾကားခဲ့ေသာ္လည္း အေသးစိတ္အစီအစဉ္မ်ားကို မေျပာၾကားခဲ့ေပ။

အေမရိကန္ႏိုင္ငံအတြက္ ရင္းႏွီးျမႇဳပ္ႏွံမႈ အခြင့္ အလမ္းမ်ားစြာကို ကုန္ထုတ္လုပ္မႈ တိုးတက္လာမႈႏွင့္ အိႏၵိယႏိုင္ငံ၌ အေျခခံအေဆာက္အအုံႏွင့္ ဒီဂ်စ္တယ္စီးပြား ေရး တိုးခ်ဲ႕လာမႈက ဖန္တီးေပးမည္ဟု မိုဒီကဆိုသည္။

#peoplemedia #MPI #InternationalNews

ကိုးကား – အင္န္အိတ္ခ်္ေက

Ref; US, India to sign $3 bil. Defense deal

(unicode)
ဒေါ်လာ ၃ ဘီလီယံကျော်တန်ကြေးရှိ ကာကွယ်ရေးဆိုင်ရာ သဘောတူညီချက် အမေရိကန်နှင့် အိန္ဒိယ လက်မှတ်ထိုး
………………………………………………………………………..

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၅

ဒေါ်လာ ၃ ဘီလီယံကျော်တန်ကြေးရှိ အမေရိကန်လုပ် ကာကွယ်ရေးပစ္စည်းများဝယ်ယူရန် အိန္ဒိယနိုင်ငံ က သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီတို့သည် ယမန်နေ့က အနောက် ပိုင်းရှိ ဂူဂျာရတ်ပြည်နယ်၌ ပြည်သူ ၁၀၀၀၀၀ ခန့်ရှေ့မေှာက်၌ ပေါ်လာခဲ့သည်။

နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ် များက ဒေါ်လာ ၃ ဘီလီယံကျော်တန်ကြေးရှိ သဘောတူညီချက်များကို လက်မှတ်ရေးထိုးမည်ဟု အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံက ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့အတွက် စစ်ဘက်ရဟတ်ယာဉ်နှင့် အခြား စစ်လက်နက်ကိရိ ယာများ ဝယ်ယူမည်ဖြစ်သည်။ အမေရိကန်နှင့်အိန္ဒိယနိုင်ငံတို့မှာ ရင်းနှီးမြှုပ်နှံမှုတွင် အဟန့်အတားများ လျော့ချ ပေးမည့် ကုန်သွယ်ရေး သဘောတူညီချက်တစ်ရပ်နှင့်ပတ်သက်၍ ကနဦးအဆင့် ဆွေးနွေးမှုများပြုလုပ်နေသည် ဟု ဒေါ်နယ်ထရမ့်က ပြောသည်။

အမေရိကန်နိုင်ငံက အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ပမာဏကြီးမား သောလိုငွေ ရှိခဲ့သည်။

အမေရိကန်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံထံ ပေးအပ်ထားသည့် ဦးစားပေး ကုန်သွယ်ရေးအဆင့် ကို ပြန်လည်ရုတ်သိမ်းခဲ့သလို အိန္ဒိယနိုင်ငံကလည်း အမေရိကန်ထုတ်ကုန်များအပေါ် စည်းကြပ်ခွန်များ ထပ်မံ သတ်မှတ်၍ လက်တုံ့ပြန်ခဲ့သည်။

သူနှင့် မိုဒီတို့က နှစ်နိုင်ငံစလုံးအတွက် အကျိုးရှိစေမည့် သဘောတူညီချက်တစ် ရပ်ရရှိမည်ဟု အကောင်းမြင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။

အိန္ဒိယနိုင်ငံက အတိုင်းအတာတစ်ခုအထိ စျေးကွက်ဖွင့်လှစ်ထားရန် အဆင်သင့်ရှိကြောင်း မိုဒီက ပြော ကြားခဲ့သော်လည်း အသေးစိတ်အစီအစဉ်များကို မပြောကြားခဲ့ပေ။

အမေရိကန်နိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှု အခွင့် အလမ်းများစွာကို ကုန်ထုတ်လုပ်မှု တိုးတက်လာမှုနှင့် အိန္ဒိယနိုင်ငံ၌ အခြေခံအဆောက်အအုံနှင့် ဒီဂျစ်တယ်စီးပွား ရေး တိုးချဲ့လာမှုက ဖန်တီးပေးမည်ဟု မိုဒီကဆိုသည်။

#peoplemedia #MPI #InternationalNews

ကိုးကား – အင်န်အိတ်ချ်ကေ

Ref; US, India to sign $3 bil. Defense deal


Share this post