• Follow Us on

Home ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်မြင့်တို့အား ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါ ရှေ့နေများမှတစ်ဆင့် အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များဖွဲ့စည်းသည်ကိုသိရှိပြီးဖြစ်မည်ဟု ယူ ဆကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်မြင့်တို့အား ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါ ရှေ့နေများမှတစ်ဆင့် အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များဖွဲ့စည်းသည်ကိုသိရှိပြီးဖြစ်မည်ဟု ယူ ဆကြောင်း န-စ-ကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၄ (People Media)

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်မြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှ တစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၁၈/၂၀၂၁)ကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မနှစ်ခုဖြင့် ထောင်ဒဏ် ၄ နှစ်စီ အသီး သီးချမှတ်ခဲ့ပြီး ၂ နှစ်လျော့ပေါ့ပေးခဲ့ကြောင်း၊ ကျန်ရှိသည့်အမှုများကို ဆက်လက်စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်းမရှိဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်မြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှ တစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း၊ မိမိတို့အနေဖြင့် စတင်တာဝန်ယူချိန်တွင် ရွေးကောက် ခံကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး ၎င်းတို့၏နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ပြန် လည်စေလွှတ်ပြီးချိန်တွင် အချို့ပုဂ္ဂိုလ်များမှာဥပဒေအရရင်ဆိုင်ခြင်းမရှိဘဲ ၎င်းတို့အနေဖြင့် အကြမ်းဖက် လမ်းစဉ်ဖြင့် တုန့်ပြန်ဆောင်ရွက်လာခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

အုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် ပြည်သူများနှင့်ဆက်ဆံရာတွင်လည်း ကောင်းမွန်ပြေပြစ်သောဆက်ဆံရေးဖြင့် ဆောင်ရွက်သွားရန်လိုပြီး တတ်နိုင်သမျှ ပြည်သူများအပေါ်စိတ်ရှည်စွာဖြင့် လုပ်ပေးနိုင်သည်ကို စီမံဖြည့်ဆည်း ပေးရန်လိုကြောင်း၊ ပြည်သူများကို အကြမ်းဖက်တိုက်ခိုက်ခြင်းသည် အောက်တန်းကျသည့်လုပ်ရပ်ဖြစ်ပြီး လူထုကို အကြောက်တရားဖြစ်အောင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ပြည်သူကိုခြိမ်း ခြောက်၍ အကြောက်တရားဖြစ်အောင် ဆောင်ရွက်ခြင်းသည် ဒီမိုကရေစီနှင့်ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် လျက်ရှိကြောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် ပြည်သူများအားလုံးနှင့် တာဝန်ရှိသောအုပ်ချုပ်ရေးအဖွဲ့ အစည်းများအားလုံး ပူးပေါင်း၍ စုပေါင်းအားဖြင့် ဆောင်ရွက်သွားကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia #နစက

 

(Unicode)


………………………………………………………………

 


 


 


 


 


 



Share this post