• Follow Us on

Home ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အန္အယ္လ္ဒီပါတီကို အာ႐ွေခါင္းေဆာင္မ်ားဂုဏ္ျပဳ

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အန္အယ္လ္ဒီပါတီကို အာ႐ွေခါင္းေဆာင္မ်ားဂုဏ္ျပဳ

Share this post

စင္ကာပူ၊ ႏို၀င္ဘာ ၁၃
ႏို၀င္ဘာ ၈ ရက္ ျမန္မာႏိုင္ငံအေထြေထြေ႐ြးေကာက္ပြဲမွာ လက္႐ွိအာဏာရပါတီ အန္အယ္လ္ဒီက ေသာင္ၿပိဳကမ္းၿပိဳျပန္လည္အႏိုင္ရခဲ့သျဖင့္ ဂုဏ္ယူေၾကာင္း အာ႐ွေခါင္းေဆာင္မ်ားက ဂုဏ္ျပဳေျပာဆိုသည္။
ၾကာသပေတးေန႔ညပိုင္းအထိအေစာပိုင္းရလဒ္မ်ားအရ အန္အယ္လ္ဒီပါတီက အစိုးရဖြဲ႔ႏိုင္ရန္လိုအပ္သည့္လႊတ္ေတာ္အမတ္ေနရာ ၃၂၂ ေနရာတြင္ အန္အယ္လ္ဒီပါတီက အမတ္ေနရာ ၃၁၉ ေနရာအႏိုင္ရထားၿပီး ပါတီကအတည္ျပဳမႈႏွင့္ေျမျပင္စစ္တမ္းအခ်ိဳ႕အရ အမတ္ေနရာ ၄၀၀ ၀န္းက်င္အထိအႏိုင္ရႏိုင္ေခ်႐ွိသည္။
ထို႔ေၾကာင့္ ေနာက္ထပ္အစိုးရသက္တမ္း ၅ ႏွစ္ထပ္ရႏိုင္ရန္ အေျခအေနမ်ားေနခ်ိန္တြင္ အာ႐ွေခါင္းေဆာင္မ်ားက ယခုကဲ့သို႔ဂုဏ္ျပဳျခင္းျဖစ္သည္။
“ေ႐ြးေကာက္ပြဲအႏိုင္ရတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အန္အယ္လ္ဒီပါတီတို႔အတြက္ ၀မ္းေျမာက္ဂုဏ္ယူေၾကာင္းေျပာလိုပါတယ္” ဟု အိႏၵိယ၀န္ႀကီးခ်ဳပ္ နာရန္ဒရာ မိုဒီက တြစ္တာတြင္ေျပာသည္။
ေအာင္ေအာင္ျမင္ျမင္မဲေပးႏိုင္ခဲ့ျခင္းသည္ ျမန္မာႏိုင္ငံ၏ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးအတြက္ ေနာက္ထပ္ေျခလွမ္းတခုျဖစ္ေၾကာင္းလည္း မစၥတာ မိုဒီကေျပာသည္။
ထို႔အျပင္ စင္ကာပူ၀န္ႀကီးခ်ဳပ္ လီ႐ွန္လြန္းကလည္း ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အန္အယ္ဒီပါတီတို႔ကို ၀မ္းေျမာက္ဂုဏ္ျပဳေၾကာင္းေျပာသည္ဟု စင္ကာပူႏိုင္ငံျခားေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔တြင္ထုတ္ျပန္သည္။
“ဒီရလဒ္ေတြဟာ အန္အယ္ဒီေခါင္းေဆာင္မႈနဲ႔ေမွ်ာ္ျမင္မႈေတြကို ျမန္မာႏိုင္ငံသားေတြက စိတ္ခ်ၿပီး ယံုၾကည္တယ္ဆိုတာကို ေဖာ္ျပေနပါတယ္”ဟု မစၥတာ လီက ေဒၚေအာင္ဆန္းစုၾကည္ထံ သ၀ဏ္လႊာေပးပို႔ခဲ့သည္။
ႏွစ္ႏိုင္ငံၾကားဆက္ဆံမႈပိုအားေကာင္းလာေစရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈနယ္ပယ္သစ္မ်ား႐ွာေဖြရန္ ေမွ်ာ္လင့္ေနေၾကာင္းလည္း ေျပာသည္။
#PeopleMedia
(Unicode)
ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီကို အာရှခေါင်းဆောင်များဂုဏ်ပြု
…………………………………………………..
စင်ကာပူ၊ နိုဝင်ဘာ ၁၃
နိုဝင်ဘာ ၈ ရက် မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီက သောင်ပြိုကမ်းပြိုပြန်လည်အနိုင်ရခဲ့သဖြင့် ဂုဏ်ယူကြောင်း အာရှခေါင်းဆောင်များက ဂုဏ်ပြုပြောဆိုသည်။
ကြာသပတေးနေ့ညပိုင်းအထိအစောပိုင်းရလဒ်များအရ အန်အယ်လ်ဒီပါတီက အစိုးရဖွဲ့နိုင်ရန်လိုအပ်သည့်လွှတ်တော်အမတ်နေရာ ၃၂၂ နေရာတွင် အန်အယ်လ်ဒီပါတီက အမတ်နေရာ ၃၁၉ နေရာအနိုင်ရထားပြီး ပါတီကအတည်ပြုမှုနှင့်မြေပြင်စစ်တမ်းအချို့အရ အမတ်နေရာ ၄၀၀ ဝန်းကျင်အထိအနိုင်ရနိုင်ချေရှိသည်။
ထို့ကြောင့် နောက်ထပ်အစိုးရသက်တမ်း ၅ နှစ်ထပ်ရနိုင်ရန် အခြေအနေများနေချိန်တွင် အာရှခေါင်းဆောင်များက ယခုကဲ့သို့ဂုဏ်ပြုခြင်းဖြစ်သည်။
“ရွေးကောက်ပွဲအနိုင်ရတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီပါတီတို့အတွက် ဝမ်းမြောက်ဂုဏ်ယူကြောင်းပြောလိုပါတယ်” ဟု အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီက တွစ်တာတွင်ပြောသည်။
အောင်အောင်မြင်မြင်မဲပေးနိုင်ခဲ့ခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် နောက်ထပ်ခြေလှမ်းတခုဖြစ်ကြောင်းလည်း မစ္စတာ မိုဒီကပြောသည်။
ထို့အပြင် စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်ဒီပါတီတို့ကို ဝမ်းမြောက်ဂုဏ်ပြုကြောင်းပြောသည်ဟု စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင်ထုတ်ပြန်သည်။
“ဒီရလဒ်တွေဟာ အန်အယ်ဒီခေါင်းဆောင်မှုနဲ့မျှော်မြင်မှုတွေကို မြန်မာနိုင်ငံသားတွေက စိတ်ချပြီး ယုံကြည်တယ်ဆိုတာကို ဖော်ပြနေပါတယ်”ဟု မစ္စတာ လီက ဒေါ်အောင်ဆန်းစုကြည်ထံ သဝဏ်လွှာပေးပို့ခဲ့သည်။
နှစ်နိုင်ငံကြားဆက်ဆံမှုပိုအားကောင်းလာစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သစ်များရှာဖွေရန် မျှော်လင့်နေကြောင်းလည်း ပြောသည်။

Share this post