• Follow Us on

Home နောက်ဆုံးပေါ် ဟိုက်ပါဆောနစ်ဒုံးကျည် ရုရှားအောင်မြင်စွာစမ်းသပ်ပစ်ခတ်

နောက်ဆုံးပေါ် ဟိုက်ပါဆောနစ်ဒုံးကျည် ရုရှားအောင်မြင်စွာစမ်းသပ်ပစ်ခတ်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃၀ (People Media)

 

ရုရှားနိုင်ငံက နောက်ထပ်ဇာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာဆောင်ရွက် နိုင်ခဲ့ကြောင်း ကြေညာလိုက်သည်။

 

ရုရှား၊ အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်နှင့် တရုတ်နိုင်ငံတို့သည် Mach 5 (အသံထက်ငါးဆကျော်မြန်သော) ဟိုက်ပါဆောနစ်ဒုံးကျည်များကို စမ်းသပ်ပစ်လွှတ်လျက်ရှိသည်။

 

ဟိုက်ပါဆောနစ်ဒုံးကျည် စမ်းသပ်မှုအဖြစ် Admiral Gorshkov စစ်သင်္ဘောမှ မီတာ ၄၀၀ အကွာအဝေး (မိုင် ၂၅၀ ခန့်) ရှိ ဘာရင်းပင်လယ်ထဲမှ ပစ်မှတ်တစ်ခုကို ဟိုက်ပါဆောနစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။ “ပစ်မှတ်ကို ထိမှန်ခဲ့ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာနကပြော သည်။

 

အဆိုပါဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်ကို အကြိမ်ပေါင်းများစွာစမ်းသပ်ပစ်ခတ်ခဲ့ပြီး ရုရှားနိုင်ငံက ၎င်းတို့၏ စစ် သင်္ဘောများနှင့် ရေငုပ်သင်္ဘောများတွင် တပ်ဆင်သွားရန် စီစဉ်လျက်ရှိသည်။

 

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ရုရှားသမ္မတပူတင်ပြောကြားသောမိန့်ခွန်းတွင် လက်နက်သစ်ထုတ်လုပ်မှု နှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ရာ “အဆိုပါလက်နက်သစ်သည် Mach 9 (အသံထက်ကိုးဆကျော်မြန် သည့်နှုန်း) အရှိန်ဖြင့် ပျံသန်းနိုင်ပြီး ကီလိုမီတာ ၁၀၀၀ အကွာအဝေးရှိ ပင်လယ်ပြင်နှင့် ကုန်းမြေရှိ မည်သည့်ပစ် မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်း” ပြောကြားခဲ့သည်။

 

ဇူလိုင်လအတွင်းက တရုတ်နိုင်ငံကပစ်ခတ်ခဲ့သော ဟိုက်ပါဆောနစ်ဒုံးကျည်စမ်းသပ်မှုအကြောင်း အနောက်နိုင် ငံများကသတင်းများထွက်ပေါ်လာပြီးနောက် ရုရှားနိုင်ငံ၏ နောက်ဆုံးပေါ်ဇာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်စမ်း သပ်ပစ်ခတ်မှုထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံကမူ အနောက်နိုင်ငံများ၏ပြောဆိုချက်ကို ငြင်းပယ်ခဲ့ပြီး ၎င်းတို့အနေဖြင့် ဟိုက်ပါဆောနစ်ဒုံးကျည် ပစ်လွှတ်ခြင်းမဟုတ်ဘဲ အာကာသယဉ်လွှတ်တင်ခြင်းသာဖြစ်ကြောင်း ပြောဆိုခဲ့သည်။

 

ရုရှားနိုင်ငံကမူ Sarmat တိုက်ချင်းပစ်ဒုံးကျည်များနှင့် Burevestnik ခရုစ်ဒုံးကျည်များအပါအဝင် လက်ရှိကာ ကွယ်ရေးစနစ်များကို ရှောင်တိမ်းနိုင်သည့် လက်နက်သစ်အမျိုးအစားလေးငါးမျိုးကို ထုတ်လုပ်နိုင်သဖြင့် ဂုဏ် ယူဝင့်ကြွားလျက်ရှိသည်။

 

Ref: Russia Says Latest Zircon Hypersonic Missile Test Successful

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Russia Says Latest Zircon Hypersonic Missile Test Successful

 

#PeopleMedia


Share this post