• Follow Us on

Home နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နောင်ချိုမြို့နယ်၌ ငွေကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၂ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၌ ဒီဇင်ဘာ ၂၀ ရက်နေ့က ငွေကျပ်သိန်း ၃၃၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့သည်။

 

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲပိုင်းက နောင်ချိုမြို့အဝင်၊ မန္တလေး-မူဆယ် သွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄)အနီးတွင် ကျောက်မဲမှ မန္တလေးသို့ သန်းထွန်းနိုင် (ခ) ဖိုးညို မောင်းနှင်ပြီး စိုင်းအောင်သူဟိန်း (ခ) အိုက်ပြား (၃၁)နှစ် လိုက်ပါလာသည့် မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ ဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၃၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၂၂ ကီလို သိမ်းဆည်းရမိခဲ့သည်။

 

စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိဘိန်းဖြူများကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ စစ်ကိုင်းတိုင်း ဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

#PeopleMedia #နောင်ချိုမြို့ #မူးယစ်

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post