• Follow Us on

Home နောင်ချိုမြို့၌ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

နောင်ချိုမြို့၌ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများဖမ်းမိ

Share this post

နပြည်တော်၊ ဩဂုတ် ၃၁ (People media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့တွင် သြဂုတ် ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်တွင် ၆ ဘီးယာဉ်ပေါ်ရှိ ဆာလာအိတ်အတွင်းမှ ကာလတန်ဖိုးကျပ် ၄ ဒသမ ၅ ဘီလီကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ထုတ်ပြန်ပါတယ်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၉ ရက်နေ့ နံနက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ လားရိူး-မန္တလေးသွားကားလမ်း၊ အိုရီယမ် တယ်တိုးဂိတ်အနီး၌ မန္တလေးသို့ စိုင်းဘိုးစာ မောင်းနှင်ပြီး စိုင်းအောင်မွန်း လိုက်ပါလာသည့် ၆ ဘီးယာဉ်အား ရှာဖွေရာ နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၆၉ ဒသမ ၈ သိန်း ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

အလားတူ ရှေ့နောက်လိုက်ပါလာသည့် စိုင်းမျိုးချစ်အောင် မောင်းနင်ပြီး ထွန်းနိုင်လိုက်ပါလာသည့် ၆ ဘီး ယာဉ်ပေါ်တွင်လည်း နာနတ်သီးများဖြင့် ဖုံးအုပ်သယ်ဆောင်လာသည့် ဆာလာအိတ်များအတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၂၁ သိန်း၊ အိုက်စ်(မက်သ်အဖက်တမင်း) ၁ ကီလို၊ ဘိန်းစိမ်း ၁၂၄ ဒသမ ၈ ကီလိုတို့အား ရှာဖွေတွေ့ရှိသဖြင့် သိမ်းဆည်းရမိသော မူးယစ်ဆေးစုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၄ ဒသမ ၅ ဘီလီယံကျော် ဖမ်းဆီးရမိကြောင်း သိရပါတယ်။

 

အဆိုပါ လူ ၄ ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဆိုင်ရာ ဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း သိရပါတယ်။

 

Photo – Credit

 

#PeopleMedia #နောင်ချိုမြို့ #မူးယစ်ဆေး

 

(unicode)


………………………………………………………………

 


 


 


 


 


 

Photo – Credit

 



Share this post