• Follow Us on

Home ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဦးမြင့်နိုင်၊ ဒု-ညွန်ချုပ်တို့ကို တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်ထား

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဦးမြင့်နိုင်၊ ဒု-ညွန်ချုပ်တို့ကို တပ်မတော်က ဖမ်းဆီး ခေါ်ဆောင်ထား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင် အပါအဝင် ဒု-ညွန်ချုပ်တို့ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင်ထားကြောင်း ၎င်းတို့၏ မိသားစုဝင်များက People Media သို့ အတည်ပြုသည်။

“ကော်မရှင်ဥက္ကဋ္ဌပါတယ်။ ဦးမြင့်နိုင်ပါတယ်။ ကော်မရှင် ဒု-ညွှန်ချုပ်ပါတယ်။ တပ်မတော်က ဖမ်းခေါ်သွားတာ။ ယနေ့ထိ အဆက်အသွယ်မရသေးဘူး” လို့ ၎င်းတို့၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီ(၁)ရက်နေ့၌ တပ်မတော်က ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် အပါအဝင် ကော်မရှင် ဒု-ညွှန်ချုပ်တို့ကို ၎င်းတို့၏ နေအိမ်၌ လာရောက်ဖမ်းဆီးခေါ်ဆောင်ပြီးနောက် ယနေ့အချိန်အထိ အဆက် အသွယ်မရရှိကြောင်း ၎င်းတို့၏ မိသားစုဝင်များက People Media သို့ပြောသည်။

လက်ရှိအချိန်၌ တပ်မတော်သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အချို့ကို ခေါ်ယူစစ်ဆေးမှုများပြုလုပ် လျက်ရှိသည်။

#PeopleMedia #ကော်မရှင် #ဦးမြင့်နိုင်

(unicode)
………………………………………………………








Share this post