• Follow Us on

Home ေပ်ာက္ဆံုးေနသည့္ၿမိဳ႕ေတာ္၀န္ကို အေလာင္းျပန္ေတြ႕

ေပ်ာက္ဆံုးေနသည့္ၿမိဳ႕ေတာ္၀န္ကို အေလာင္းျပန္ေတြ႕

Share this post

ဆိုးလ္၊ ဇူလိုင္ ၁၀

ၾကာသပေတးေန႔၌ ေတာင္ကိုရီးယားႏိုင္ငံၿမိဳ႕ေတာ္ဆိုးလ္မွ ေပ်ာက္ဆံုးေနေသာၿမိဳ႕ေတာ္၀န္ပတ္၀ြန္ဆြန္း၏ အေလာင္းကို ရဲမ်ားက ေသာၾကာေန႔မနက္အေစာပိုင္းတြင္႐ွာေတြ႕ခဲ့သည္။

အိမ္မွမထြက္သြားခင္ သူ႔ဖခင္က သတင္းစကားတစ္ခုခ်န္ထားေၾကာင္း သူ႔သမီးျဖစ္သူက ရဲမ်ားကိုေျပာၿပီး ေနာက္ ႐ွာေဖြခဲ့ဲျခင္းျဖစ္သည္။

အေလာင္းကို သူ႔ဖုန္းထံမွလႈိင္းမ်ားကိုေနာက္ဆံုးဖမ္းမိသည့္ ဆိုးလ္ၿမိဳ႕ေျမာက္ပိုင္း႐ွိဘူဂက္ေတာင္တြင္ ျပန္ေတြ႕ ခဲ့သည္။

ေသဆံုးရျခင္းအေၾကာင္းရင္းကို မေၾကညာေသးေခ်။

ေသေၾကာင္းၾကံစည္မႈအေနျဖင့္ စံုစမ္းစစ္ေဆးေနေၾကာင္းရဲမ်ားကေျပာသည္ဟု ဆိုးလ္အေျခစိုက္ယြန္ဟတ္ သတင္းေအဂ်င္စီကေဖာ္ျပသည္။

သူမေပ်ာက္ခင္ နာရီပိုင္းတြင္ ပတ္က သူ႔ကို လိင္ပိုင္းဆိုင္ရာေစာ္ကားမႈလုပ္ခဲ့သည္ဟု သူ႔လက္ေအာက္၀န္ထမ္း အမ်ိဳးသမီးတစ္ေယာက္က အမႈဖြင့္ခဲ့ၿပီး ေသဆံုးရျခင္းတြင္ ထိုျဖစ္ရပ္ပါ၀င္ျခင္း႐ွိ၊ မ႐ွိအတည္ျပဳမႈမ႐ွိေသးေခ်။

၂၀၁၁ ခုႏွစ္တြင္ ဆိုးလ္ၿမိဳ႕ေတာ္၀န္အျဖစ္ပထမအႀကိမ္စတင္ေ႐ြးေကာက္ခံခဲ့ရသည့္ပတ္သည္ ၿပီးခဲ့သည့္ ႏွစ္ ဇြန္က တတိယႏွင့္ေနာက္ဆံုးသက္တမ္းထပ္မံေ႐ြးေကာက္ခံရသည္။

လာဘ္ယူမႈႏွင့္ အျခားျပစ္မႈမ်ားေၾကာင့္ ေထာင္ဒဏ္ႏွစ္ဆယ္ခ်ီက်ခံေနရသည့္သမၼတေဟာင္းပတ္ဂြန္ေဟးကို တိုက္႐ိုက္ဆန္႔က်င္ခဲ့ၿပီး ၂၀၁၇ ခုႏွစ္က ပတ္ဂြန္ေဟးေထာင္မက်ခင္ ဆႏၵျပသူသန္းခ်ီကို ပြင့္ပြင့္လင္းလင္း ေထာက္ခံသူလည္းျဖစ္သည္။

လက္႐ွိသမၼတမြန္းေဂ်အင္း၏လစ္ဘရယ္ဒီမိုကရက္တစ္ပါတီ၀င္တစ္ေယာက္လည္းျဖစ္ၿပီး ၂၀၂၂ ခုႏွစ္၊ ေတာင္ ကိုရီးယားေ႐ြးေကာက္ပြဲမ်ားတြင္ သမၼတေလာင္းျဖစ္လာႏိုင္သူဟု ပါတီကစဥ္းစားေနသူျဖစ္သည္။

Ref : Park Won-soon: Mayor of Seoul found dead after going missing

#PeopleMedia

(unicode)
ပျောက်ဆုံးနေသည့်မြို့တော်ဝန်ကို အလောင်းပြန်တွေ့
…………………………………………

ဆိုးလ်၊ ဇူလိုင် ၁၀

ကြာသပတေးနေ့၌ တောင်ကိုရီးယားနိုင်ငံမြို့တော်ဆိုးလ်မှ ပျောက်ဆုံးနေသောမြို့တော်ဝန်ပတ်ဝွန်ဆွန်း၏ အလောင်းကို ရဲများက သောကြာနေ့မနက်အစောပိုင်းတွင်ရှာတွေ့ခဲ့သည်။

အိမ်မှမထွက်သွားခင် သူ့ဖခင်က သတင်းစကားတစ်ခုချန်ထားကြောင်း သူ့သမီးဖြစ်သူက ရဲများကိုပြောပြီး နောက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

အလောင်းကို သူ့ဖုန်းထံမှလှိုင်းများကိုနောက်ဆုံးဖမ်းမိသည့် ဆိုးလ်မြို့မြောက်ပိုင်းရှိဘူဂက်တောင်တွင် ပြန်တွေ့ ခဲ့သည်။

သေဆုံးရခြင်းအကြောင်းရင်းကို မကြေညာသေးချေ။

သေကြောင်းကြံစည်မှုအနေဖြင့် စုံစမ်းစစ်ဆေးနေကြောင်းရဲများကပြောသည်ဟု ဆိုးလ်အခြေစိုက်ယွန်ဟတ် သတင်းအေဂျင်စီကဖော်ပြသည်။

သူမပျောက်ခင် နာရီပိုင်းတွင် ပတ်က သူ့ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်ခဲ့သည်ဟု သူ့လက်အောက်ဝန်ထမ်း အမျိုးသမီးတစ်ယောက်က အမှုဖွင့်ခဲ့ပြီး သေဆုံးရခြင်းတွင် ထိုဖြစ်ရပ်ပါဝင်ခြင်းရှိ၊ မရှိအတည်ပြုမှုမရှိသေးချေ။

၂၀၁၁ ခုနှစ်တွင် ဆိုးလ်မြို့တော်ဝန်အဖြစ်ပထမအကြိမ်စတင်ရွေးကောက်ခံခဲ့ရသည့်ပတ်သည် ပြီးခဲ့သည့် နှစ် ဇွန်က တတိယနှင့်နောက်ဆုံးသက်တမ်းထပ်မံရွေးကောက်ခံရသည်။

လာဘ်ယူမှုနှင့် အခြားပြစ်မှုများကြောင့် ထောင်ဒဏ်နှစ်ဆယ်ချီကျခံနေရသည့်သမ္မတဟောင်းပတ်ဂွန်ဟေးကို တိုက်ရိုက်ဆန့်ကျင်ခဲ့ပြီး ၂၀၁၇ ခုနှစ်က ပတ်ဂွန်ဟေးထောင်မကျခင် ဆန္ဒပြသူသန်းချီကို ပွင့်ပွင့်လင်းလင်း ထောက်ခံသူလည်းဖြစ်သည်။

လက်ရှိသမ္မတမွန်းဂျေအင်း၏လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင်တစ်ယောက်လည်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ တောင် ကိုရီးယားရွေးကောက်ပွဲများတွင် သမ္မတလောင်းဖြစ်လာနိုင်သူဟု ပါတီကစဉ်းစားနေသူဖြစ်သည်။

Ref : Park Won-soon: Mayor of Seoul found dead after going missing

#PeopleMedia


Share this post