• Follow Us on

Home ဖောင်းပြင်မြို့နယ်၌ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၂ ဦးအထိရှိလာ

ဖောင်းပြင်မြို့နယ်၌ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၂ ဦးအထိရှိလာ

Share this post

ကလေး၊ သြဂုတ် – ၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်အထိရှိနေပြီ ဖြစ်ကြောင်း မြို့နယ် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရ သည်။

 

ဖောင်းပြင်မြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ ၂၃ ရက်နေ့မှစတင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ် ၈ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၅၆၂ ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရသူ ၄၄၂ ဦးနှင့် ကိုဗစ်ကြောင့် သေဆုံးလူနာ ၁၂ ဦးရှိကာ လက်ရှိဆေးကုသမှုခံယူနေသူ  ၁၀၈ ဦးရှိကြောင်း ဖောင်းပြင်မြို့နယ် ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

“ဖောင်းပြင်မှာ ကိုဗစ်အတည်ပြုလူနာ ၅၀၀ ကျော်အထိရှိနေပြီ။ ပိုးတွေ့မှုက ကျဆင်းလာတယ်။ လူတွေက ကျန်းမာရေးအသိ၊ ကျန်းမာရေးသတိ၊ နိုင်ငံတော်အစိုးရက တစ်ပတ်ရက်တိုးမြင့်ပိတ်လိုက်တော့ ပိုးတွေ့မှုတွေ က ကျဆင်းလာတာပေါ့။ အသွားအလာတွေကလည်း မရှိကြတော့ဘူး။ နဂိုကထက်က ပိုးတွေ့မှုက ကျဆင်း လာတာပေါ့။ ကိုဗစ်ကြောင့် သေဆုံးသူတွေက အများစုက ရောဂါအခံရှိကြတယ်” ဟု ဖောင်းပြင်မြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြိုနယ်ဦးစီးမှူး ဦးဇော်လင်းအောင်ကပြောသည်။

 

အဆိုပါကိုဗစ်အတည်ပြုလူနာများကိုတော့ ဖောင်းပြင်မြို့နယ် ပြည်သူ့ဆေးရုံ၊ မင်းကွန်းဓမ္မရိပ်သာ၊ ရွှေပုဂံ ရိပ်သာနှင့် ဖောင်းပြင်မြို့ အခြေခံပညာအထက်တန်းကျောင်းတို့တွင် ထားရှိ၍ ဆေးကုသပေးလျက်ရှိကြောင်း သိရသည်။

 

ဖောင်းပြင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိအောင် ဖောင်းပြင်မြို့နယ်ကိုဗစ် -၁၉  ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများနှင့် ပရဟိတ အသင်းအဖွဲ့များ ပူးပေါင်း၍ ကိုဗစ် ၁၉ ရောဂါနှင့်ပတ်သက်၍ ဒေသန္တရစည်းကမ်းချက်များကို ပြည်သူများသိရှိ လိုက်နာနိုင်စေရန်အတွက် ကားဖြင့်လှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။

 

ဖောင်းပြင်မြို့နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဇွန်လ ၂၅ ရက်နေ့ နံနက်ပိုင်း မှစ၍ ဖောင်းပြင်မြို့၊ အင်းကြင်းမြိုင်ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းဘေးတွင် ကိုဗစ်စည်းကမ်းချက်နှင့်အညီ ယာယီပျံကျဈေးဖွင့်လှစ်ရောင်းချနေကြောင်း သိရသည်။

 

သူရိယထက်

 

ဓာတ်ပုံ – ဖောင်းပြင်ပြန်ဆက်

 

#PeopleMedia #ဖောင်းပြင်မြို့

 

(unicode)


……………………………………………………………..

 


 


 


 


 


 


 


 


 


 



Share this post