• Follow Us on

Home မောင်တောမြို့၊ ရွှေတောင်ကျေးရွာအနီးတွင် အမျိုးသမီးနှစ်ဦးကို တောဆင်ရိုင်းနင်းမိရာ တစ်ဦးသေဆုံး

မောင်တောမြို့၊ ရွှေတောင်ကျေးရွာအနီးတွင် အမျိုးသမီးနှစ်ဦးကို တောဆင်ရိုင်းနင်းမိရာ တစ်ဦးသေဆုံး

Share this post

မောင်တော၊ ဖေဖော်ဝါရီ ၂၈

 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာအနီးတွင် ယမန်နေ့  နံနက် ၁၁ နာရီအချိန်တွင် အမျိုးသမီးနှစ်ဦးကို တောဆင်ရိုင်းနင်းမိခဲ့ရာမှ အမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း မောင်တောမြို့နယ် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ သိရသည်။

 

“တစ်ယောက်က နေရာမှာတင် သေသွားတယ်။ နောက်တစ်ယောက်က အသက် (၆၀)ကျော် အဖွားကြီး သူက ဆင်မြင်တော့ လန့်သွားတာပဲရှိတယ်။ ဘာမှတော့ စိုးရိမ်စရာမရှိတော့ဘူး” ဟု ကရုဏာကွန်ရက် လူမှုကူညီရေး အသင်းဥက္ကဋ္ဌ ဦးချစ်ထူးခိုင်က ပြောသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နံနက်ပိုင်းအချိန်တွင် မောင်တောမြို့နယ်၊ ရွှေတောင်ကျေးရွာ နေထိုင်သူများဖြစ်ကြသည့်    ဒေါ်သာအေးစိန် (၆၂) နှစ်နှင့် ဒေါ်ဦးညွှန့်စိန် (၃၁) နှစ်တို့သည် ရွှေတောင်ကျေးရွာ၊ အရှေ့ဘက်သို့ ငါးဖမ်းရန် သွားရောက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ သွားရောက်စဉ် လမ်းတစ်နေရာ၌ တောဆင်ရိုင်းမှ တက်နင်းခဲ့ခြင်းကြောင့် ဒေါ်ဦးညွှန့်စိန်မှာ အခင်းဖြစ် နေရာတွင် သေဆုံးခဲ့ပြီး၊ ဒေါ်သာအေးစိန်မှာတော့ အနည်းငယ်သာ ထိခိုက်ဒဏ်ရာရရှိသဖြင့် ကရုဏာကွန်ရက် လူမှုကူညီရေးအသင်းမှ မောင်တောပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………….

 


 


 


 


 


 

#PeopleMedia


Share this post