• Follow Us on

Home ယောင်ပေစူး နှပ်ချေးတွဲလောင်း ဂွေးတန်းလန်းနဲ့ ဂွေလှိမ့်နေကြတုန်း

ယောင်ပေစူး နှပ်ချေးတွဲလောင်း ဂွေးတန်းလန်းနဲ့ ဂွေလှိမ့်နေကြတုန်း

Share this post

လွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်ကနေ အခုရောက်ရှိနေတဲ့အချိန်ဆိုရင် ၅၉ နှစ်၊ နှစ် ၆၀ နီးပါး တိုင်ခဲ့ပါပြီ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပါဝင်ပတ်သက်ခဲ့တဲ့ ပါဝင်ပတ်သက်နေတဲ့ တောတွင်းအင်အားစုတွေ ခေါင်းဆောင်တွေရဲ့ စဉ်းစား တွေးခေါ်မှုတွေဟာ နှစ်ပေါင်း ၆၀ နီးပါးတိုင်ခဲ့ပေမယ့် အဲ့ဒီကာလက အတွေးအခေါ် ဥခွံထဲကနေ ဖောက်ထွက် ပြီးတော့ တွေးခေါ်နိုင်စွမ်း မရှိကြသေးဘူး ဖြစ်နေတယ်။

 

၁၉၆၃ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ တော်လှန်ရေးကောင်စီအစိုးရ တက်လာကာစ ပြည်တွင်းငြိမ်းချမ်းရေးတည် ဆောက်ဖို့အတွက် တောတွင်းလက်နက်ကိုင်အင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုတင်စည်းကမ်းသတ်မှတ် ချက် မထားရှိဘဲနဲ့ ဖိတ်ခေါ် ကမ်းလှမ်းခဲံတယ်။ တော်လှန်ရေးကောင်စီရဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက် ဖို့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့အပေါ် ဗမာပြည်ကွန်မြူနစ်ပါတီအပါအဝင် တောတွင်းလက်နက်ကိုင်အင်အားစုတွေ က တစ်သံတည်းထွက်ရှိခဲ့တာရှိပါတယ်။ အဲ့ဒါကဘာလည်းဆိုရင် “အခုဗိုလ်နေဝင်းငြိမ်းချမ်းရေးဖိတ်ခေါ်တယ် ဆိုတာ ဘက်ပေါင်းစုံနိုင်ငံရေးအကြပ်အတည်းကြုံတွေ့နေရတဲ့အပေါ် နိုင်ငံရေးထွက်ပေါက်ရဖို့ တွေ့ဆုံဆွေး နွေးရေးနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်တာဖြစ်ပါတယ်။ ဗိုလ်နေဝင်းရဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုဟာ အတုအယောင်သာ ဖြစ်တယ်။ ငြိမ်းချမ်းရေးကို တစ်ကယ်တည်ဆောက်လိုတဲ့ဆန္ဒလုံးဝမရှိဘူး။ ငြိမ်းချမ်းရေးအလံကို တစ်ကယ် ကိုင်စွဲမှာ ငါတို့သာလျှင်ဖြစ်တယ်။ ဒါကို ပြည်သူတစ်ရပ်လုံး တစ်တိုင်းပြည်လုံးက သိအောင်လုပ်ဖို့လိုတယ်” ဆိုပြီးတော့မှ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာ သဘောထားခဲ့တယ်။ တစ်ဆက်တည်းမှာ တွေ့ဆုံဆွေးနွေးရေး အပေါ်မှာ အခွင့်ကောင်းယူပြီးတော့ ၆ ခရိုင် ငြိမ်းချမ်းရေးလူထုဆန္ဒဖော်ထုတ်ပွဲဆိုပြီးတော့ လူထုတိုက်ပွဲနှင့် နိုင် ငံရေးအရ အကြပ်ကိုင်ခဲ့တယ်။

 

အဲ့ဒီငြိမ်းချမ်းရေးဆန္ဒဖော်ထုတ်ပွဲမှာ ရယ်စရာအဖြစ်အပျက်လေးတွေလည်း ကြုံတွေ့ခဲ့သေးတယ်။ မင်းလှခရိုင် က လူထုဆန္ဒဖော်ထုတ်ပွဲမှာ ပါဝင်ခဲ့တဲ့ အသက် ၇၀ ကျော်ရှိတဲ့ ဘိုးသာလှဆိုသူက မင်းလှသာယာဝတီကနေ ပြီးတော့ အခြားသူများနှင့်အတူ ချီတက်လာခဲ့တယ်။ ဘိုးသာလှကို လူတွေကမေးတယ် “အဖိုးမမောဘူးလား” လို့ မေးတော့ ဘိုးသာလှက “ငြိမ်းချမ်းရေးအရသာ မင်းတို့မသိပါဘူးကွာ” ဆိုပြီးတော့ ပြုံးရွှင်တက်ကြွစွာနဲ့ ပြန် ပြောခဲ့တယ်။

 

၆ ခရိုင် ငြိမ်းချမ်းရေးဆန္ဒပြပွဲဟာ အစိုးရကို လူထုနည်းနဲ့ အကြပ်ကိုင်တယ်ဆိုပြီးတော့ တော်လှန်ရေးကောင်စီ အစိုးရက တောတွင်းအင်အားစုများနဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဖျက်သိမ်းပစ်လိုက်တယ်။ ၆ ခရိုင် ငြိမ်းချမ်းရေးဆန္ဒ ပြပွဲမှာ ပါဝင်ခဲ့တဲ့သူတွေကိုလည်း ဖမ်းဆီးခဲ့တယ်။ အဲ့ဒီတုန်းက လူဖမ်းပွဲကြီးဟာ တစ်ကယ့်ဆွမ်းကြီးလောင်းပွဲ ဘဲ။ အဲ့ဒီအထဲမှာ ဘိုးသာလှတစ်ယောက်လည်းအဖမ်းခံခဲ့ရတယ်။ နောက်တော့ ဘိုးသာလှကိုမေးတယ် “ဘိုး သာလှ ငြိမ်းချမ်းရေးအရသာဘယ်လိုနေလဲလို့” မေးတော့ ဘိုးသာလှက “ငါ့လခွီး တစ်လှမ်း နှစ်လှမ်းဘဲ လှမ်း ရသေးတယ် အင်းစိန်ထောင်ထဲရောက်သွားတယ်” ဆိုပြီးတော့ မကြေမချမ်းနဲ့ ပြန်လည်ပြောပြခဲ့တယ်။

 

ယခု နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ ၂၀၂၂ ခုနှစ်၊ နှစ်သစ်ကူး နှုတ်ခွန်းဆက် စကားမှာ “၂၀၂၂ ခုနှစ်ဟာ အရေးပါတဲ့နှစ်ဖြစ်တယ်။ လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ဟာ စိန်ရတုပြည် ထောင်စုနေ့ဖြစ်ပြီးတော့ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်တဲ့အတွက် နိုင် ငံတော်ရဲ့ အချုပ်အခြာအာဏာပိုင်ပိုမိုခိုင်မာစေဖို့ တိုင်းပြည်ဖွံ့ဖြိုးခြင်း အသီးအပွင့်များနဲ့ ပြည့်စုံဖို့အရေးကြီးပါ တယ်။ ဒါ့ကြောင့် ဒီနှစ်မှာ ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များစရပါမယ်။ ကျွန်တော်တို့ရဲ့ ရှေ့လုပ်ငန်းစဉ် (၅) ရပ်မှာ စတုတ္ထအချက်ထဲမှာလည်း ဖော်ပြပြီးဖြစ်လို့ သက်ဆိုင်သူများ အဖွဲ့အစည်းများအားလုံး ငြိမ်းချမ်းရေး အတွက် ဆွေးနွေးနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု ပြောကြားခဲ့ပြီး ဖြစ်တယ်။

 

“မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးဖြစ်သည့် သမိုင်းအစဉ်အဆက်ဖြစ်ပေါ်တည်ရှိလာသည့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ရေးအတွက် ဒီမိုကရေစီကျင့်စဉ်များနှင့်အညီ စေ့စပ်ညိနှိုင်းအဖြေရှာရေးနည်းလမ်း များဖြင့် ထာဝရငြိမ်းချမ်းရေးကို ရှေးရှုဆွေးနွေးသွားကြမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိန်ရတုပြည်ထောင်စုနေ့နှင့် ကြုံကြိုက်သည့်အခါသမယတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးတို့သည် စည်ကားသိုက်မြိုက် စွာ ကျင်းပမည့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ အချိန်မီတက်ရောက်ကြပါရန်နှင့် စိန်ရတုပြည်ထောင်စု နေ့အခမ်းအနား တက်ရောက်စဉ်ကာလအတွင်း ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု ကို တည်ဆောက်နိုင်ရေးအတွက် ကျင်းပမည့် ထာဝရငြိမ်းချမ်းရေးအကြိုညှိနှိုှုင်းဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးကြပါရန် အထူးဖိတ်ကြားအပ်ပါသည်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း နိုင်ငံတော်အစိုး ရ၏ ထာဝရငြိမ်းချမ်းရေးအတွက် လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်မထားသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စိန်ရတုပြည်ထောင်စုနေ့သို့ သက်ဆိုင်သူအားလုံး တက်ရောက်နိုင်ရေး ဝိုင်းဝန်းအကျိုးဆောင်ပေးနိုင်ပါရန် တိုက်တွန်း နှိုးဆော်မေတ္တာရပ်ခံအပ်ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ” ဆိုပြီးတော့ နိုင်ငံတော်အစိုးရ ရဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးနဲ့ပတ်သက်ပြီးတော့ သဘော ထားကို ထုတ်ဖော်ကြေညာ ကမ်းလှမ်းခဲ့ပါတယ်။

 

စိန်ရတုပြည်ထောင်စုနေ့အခါသမယနှင့် ကြုံကြိုက်တုန်းမှာ ထာဝရငြိမ်းချမ်းရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအစိုးရရဲ့ အရိုးခံစေတနာနဲ့ ဖိတ်ခေါ်ကမ်းလှမ်းခဲ့တဲ့အပေါ်မှာ တိုင်းရင်းသားလက်နက်ကိုင် အင် အားစုများရဲ့ တုန့်ပြန်တဲ့ သဘောထားကတော့ ဟိုးလွန်ခဲ့တဲ့ ၁၉၆၃ ခုနှစ်က တောတွင်းအင်အားစုများရဲ့ သ ဘောထားအတိုင်းပါပဲ။ သံတူကျောင်းကွဲတောင်မဟုတ်ဘူး။ တစ်ထေရာတည်းဘဲ။ တစ်သံတည်းဘဲ။ “အခု နစကက အဘက်ဘက်က နိုင်ငံရေးအကြပ်အတည်းတွေ့လို့ နိုင်ငံရေးထွက်ပေါက်အနေနဲ့ ငြိမ်းချမ်းရေးကို အကြောင်းပြပြီးတော့ ကမ်းလှမ်းတာဖြစ်တယ်။ တွေ့ဆုံစရအကြောင်း ဘာမှမရှိဘူးဆိုပြီးတော့” ထုတ်ပြန်ခဲ့ တယ်။

 

တစ်ကယ့်အခြေအနေက ပြည်ထောင်စုနေ့မတိုင်မီက ဖေဖော်ဝါရီလ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မကွေးတိုင်း၊ မကွေးမြသလွန်ဘုရား၊ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ သက်သာ ပန်းတောင်းကျေးရွာရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး မဟာဇေယျဘုံရွှေထီးတေ ဝဇီရကေတုစိန်ဖူး တော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓေါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားမှာ ဥက္ကဋ္ဌနှင့်တကွ ပြည် ထောင်စုဝန်ကြီးတွေ ခြံရံပြီးတော့ ကိုယ်တိုင်ကိုယ်ကျတက်ရောက်ပူဇော်ဆင်နွဲခဲ့တယ်။ ကြောင့်ကြကင်းစွာ အလှူရေစက် လက်နှင့်မကွာ အခြေအနေမျိုးပါ။

 

သိပ်ထူးဆန်းတာဘဲ။ နှစ်ပေါင်း ၆၀ သာတိုင်ခဲ့တယ်။ တိုင်းပြည်အပေါ်မှာထားတဲ့သဘောထား ငြိမ်းချမ်းရေး အပေါ်မှာထားတဲ့သဘောထား ဘာမျှမပြောင်းလဲဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်ဆောင်းပါးခေါင်းစဉ်ကလို “ယောင်ပေစူး နှပ်ချေးတွဲလောင်း ဂွေးတန်းလန်းနဲ့ ဂွေလှိမ့်နေတဲ့ နိုင်ငံရေးအဆင့်အတန်းဘဲ ရှိသေးတယ်”

 

“သူခိုးကို သားမက်ထင်

ချိုးကိုဆက်ရက်ထင်

ဒေါ်လာအပင်းတွေ ဝင်နေမှတော့

နိုင်ငံရေးမှာ စုံလုံးကန်း

မမြင်မကန်းနဲ့ လမ်းပျောက်လို့နေကြသူတွေ”

 

(unicode)


…………………………………………….

 


 


 


 


 


 


 


 


 


 







Share this post