• Follow Us on

Home ရေတာရှည်မြို့ရှိ CB ဘဏ် အနုကြမ်းဝင်စီးခံရပြီး ငွေကျပ် သိန်း ၅၀၀ ကျော်ပါသွားခဲ့

ရေတာရှည်မြို့ရှိ CB ဘဏ် အနုကြမ်းဝင်စီးခံရပြီး ငွေကျပ် သိန်း ၅၀၀ ကျော်ပါသွားခဲ့

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ CB Bank သို့ အမည်မသိသေးသည့် လူတစ်ချို့မှ နိုဝင်ဘာလ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်က ဝင်ရောက် အနုကြမ်းဝင်စီးကာ ငွေကျပ် (၅၃၁) သိန်းကို ယူ ဆောင်သွားကြောင်း နစကသတင်းမှန်ပြန်ကြားရေးအဖွဲ့မှ သိရသည်။

 

ဖြစ်စဉ်မှာ ယမန်နေ့ နေ့လယ်ပိုင်းက ရေတာရှည်မြို့၊ အမှတ် (၂) ရပ်ကွက်ရှိ CB Bank သို့ ဆိုက်ကယ် Wave-100 ဖြူ/နက်နှင့် Luojia(နက်)နှစ်စီးဖြင့် အနက်ရောင်ဝတ်စုံဝတ်ဆင်ထားသည့် အကြမ်းဖက်သမားလေးဦး ရောက်ရှိလာပြီး၊ ဘဏ်အတွင်းသို့ ဝင်ရောက်ကာ ဘဏ်ဝန်ထမ်းများအား သေနတ် ၂ လက်ဖြင့် ချိန်ရွယ်၍ ငွေသွင်းကောင်တာမှ ငွေကျပ် ၅၃၁ သိန်းအား အမဲရောင်လက်ဆွဲအိတ်အတွင်း ထည့်သွင်း လုယက်ယူ ဆောင်ခဲ့သည်။

 

၎င်းနောက် ငွေသွင်းကောင်တာပေါ်တွင် တိတ်အဝါရောင်ပတ်ထားသော လက်လုပ်မိုင်းဟု ယူဆရသည့် အရှည် (၈)လက်မ၊ အချင်း (၂)လက်မခွဲခန့်ရှိ အထုတ်တစ်ထုတ်ထားရှိ ထွက်ပြေးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ပြီး လက်လုပ်မိုင်းအား ညနေ (၃) နာရီ ခွဲခန့်တွင် သက်မဲ့ပြုလုပ်ခဲ့ကြောင်းနှင့် ငွေများယူဆောင်ထွက်ပြေးသွားသည့် အကြမ်းဖက်တရားခံများအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia #CBBank

 

(unicode)


…………………………………………………………

 


 


 


 


 


 

#PeopleMedia #CBBank


Share this post