• Follow Us on

Home ရေနံချောင်းမြို့၌ လျှပ်စစ်မီတာရုံးသို့ ပို့ဆောင်မည့် လျှပ်စစ်မီတာဘေငွေ (၈) သိန်းကို PDF အဖွဲ့ သိမ်းယူ

ရေနံချောင်းမြို့၌ လျှပ်စစ်မီတာရုံးသို့ ပို့ဆောင်မည့် လျှပ်စစ်မီတာဘေငွေ (၈) သိန်းကို PDF အဖွဲ့ သိမ်းယူ

Share this post

မကွေး၊ ဇန်နဝါရီ ၂၅ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ ကောက်ယူလာသော လျှပ်စစ်မီတာဘေ ငွေကျပ် ၈ သိန်းအား PDF အဖွဲ့နှစ်ဖွဲ့မှ သိမ်းယူလိုက်ကြောင်း ရေနံချောင်း PDF အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ရေနံချောင်းမြို့နယ်၊ ရွှေတုတ်ကန်ကျေးရွာမှ ကောက်ယူလာသော လျှပ်စစ်မီတာဘေများကို ကျေးရွာအုပ်ချုပ် ရေးအဖွဲ့က မြို့နယ်လျှပ်စစ်မီတာရုံးသို့ သွားရောက်ပို့ဆောင်စဉ် လမ်းခုလတ်တစ်နေရာ၌ ရေနံချောင်း PDF နှင့် Rangers Of Tropical Land(ROTL) တို့မှ ပူးပေါင်းတားဆီးသိမ်းယူခဲ့ခြင်းဖြစ်သည်။

 

လျှပ်စစ်မီတာဘေ ကောက်ယူလာသော အုပ်ချုပ်‌ရေးမှူးအပါအဝင် သွားရောက်ပို့ဆောင်သူ ၃ ဦးအား ပြင်းပြင်း ထန်ထန် သတိပေးဆုံးမခဲ့ပြီး၊ ၎င်းငွေကျပ် ၈ သိန်းအား တော်လှန်ရေးကြီးအတွက် အသုံးချသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

 

Photo – ရေနံချောင်း PDF

 

#PeopleMedia #ရေနံချောင်းမြို့

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post