• Follow Us on

Home ေရမေဆးေက်ာက္ရွာေဖြသူမ်ား ေျမၿပိဳ၍ ေသဆုံးမႈ ျဖစ္စဉ္၌ ကခ်င္ျပည္နယ္ လုံ/နယ္ ဝန္ႀကီးအပါအဝင္ တပ္မမွဴး တစ္ဦးတို႔ကို အေရးယူရန္ တပ္မေတာ္စီစဉ္

ေရမေဆးေက်ာက္ရွာေဖြသူမ်ား ေျမၿပိဳ၍ ေသဆုံးမႈ ျဖစ္စဉ္၌ ကခ်င္ျပည္နယ္ လုံ/နယ္ ဝန္ႀကီးအပါအဝင္ တပ္မမွဴး တစ္ဦးတို႔ကို အေရးယူရန္ တပ္မေတာ္စီစဉ္

Share this post

ရန္ကုန္၊ ဇူလိုင္-၆

ကခ်င္ျပည္နယ္၊ ဖားကန္႔ ၿမိဳ႕နယ္၊ ေဝွခါ ေက်းရြာအနီး ေက်ာက္မ်က္လုပ္ကြက္၌ ေျမသားၿပိဳက်မႈျဖစ္စဉ္၌ ေရမေဆးေက်ာက္ရွာေဖြသူမ်ား သူဆုံးခဲ့မႈ ျဖစ္စဉ္အေပၚ အဓိက တာဝန္ရွိသည့္ ကခ်င္ျပည္နယ္ လုံ/နယ္ ဝန္ႀကီးအပါအဝင္ တပ္မမွဴး တစ္ဦးတို႔၏ တာဝန္မ်ားကို အစားထိုး၍ အေရးယူရန္ တပ္မေတာ္စီစဉ္လ်က္ရွိသည္။

အဆိုပါ ျဖစ္စဉ္ေၾကာင့္ ေက်ာက္ရွာေဖြသူ ၁၇၂ ဦး ေသဆုံး၊ ၅၄ ဦး ဒဏ္ရာရရွိၿပီး ေပ်ာက္ဆုံး ေနသူမ်ားကိုလည္း ဆက္လက္ရွာေဖြလ်က္ရွိသည္။

ထို႔အတူ ျဖစ္စဉ္၌ တာဝန္ရွိသည့္ လုံၿခဳံေရးဆိုင္ရာ အဓိကတာဝန္ရွိသည့္ တပ္မွဴးတစ္ဦးအားလည္းေကာင္း၊ ကခ်င္ျပည္နယ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးဌာနဝန္ႀကီးအားလည္းေကာင္း မူလစစ္ဘက္တာဝန္မ်ားအား ျပန္လည္ထမ္းေဆာင္ေစကာ လိုအပ္သည့္ အေရးယူေဆာင္ရြက္ႏိုင္ေရး တပ္မေတာ္မွ ေဆာင္ရြက္လ်က္ရွိၿပီး လစ္လပ္လုံၿခဳံေရးႏွင့္ နယ္စပ္ေရးရာဝန္ႀကီးေနရာအတြက္ အစားထိုးခန္႔အပ္ႏိုင္ေရး လုပ္ထုံးလုပ္နည္းႏွင့္အညီ ေဆာင္ရြက္လ်က္ရွိသည္။

#PeopleMedia #ကခ်င္ျပည္နယ္အစိုးရအဖြဲ႕ #ဖားကန႔

[Unicode]
ရေမဆေးကျောက်ရှာဖွေသူများ မြေပြို၍ သေဆုံးမှု ဖြစ်စဉ်၌ ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအပါအဝင် တပ်မမှူး တစ်ဦးတို့ကို အရေးယူရန် တပ်မတော်စီစဉ်
………………………………………………………………………

ရန်ကုန်၊ ဇူလိုင်-၆

ကချင်ပြည်နယ်၊ ဖားကန့် မြို့နယ်၊ ဝှေခါ ကျေးရွာအနီး ကျောက်မျက်လုပ်ကွက်၌ မြေသားပြိုကျမှုဖြစ်စဉ်၌ ရေမဆေးကျောက်ရှာဖွေသူများ သူဆုံးခဲ့မှု ဖြစ်စဉ်အပေါ် အဓိက တာဝန်ရှိသည့် ကချင်ပြည်နယ် လုံ/နယ် ဝန်ကြီးအပါအဝင် တပ်မမှူး တစ်ဦးတို့၏ တာဝန်များကို အစားထိုး၍ အရေးယူရန် တပ်မတော်စီစဉ်လျက်ရှိသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ကျောက်ရှာဖွေသူ ၁၇၂ ဦး သေဆုံး၊ ၅၄ ဦး ဒဏ်ရာရရှိပြီး ပျောက်ဆုံး နေသူများကိုလည်း ဆက်လက်ရှာဖွေလျက်ရှိသည်။

ထို့အတူ ဖြစ်စဉ်၌ တာဝန်ရှိသည့် လုံခြုံရေးဆိုင်ရာ အဓိကတာဝန်ရှိသည့် တပ်မှူးတစ်ဦးအားလည်းကောင်း၊ ကချင်ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနဝန်ကြီးအားလည်းကောင်း မူလစစ်ဘက်တာဝန်များအား ပြန်လည်ထမ်းဆောင်စေကာ လိုအပ်သည့် အရေးယူဆောင်ရွက်နိုင်ရေး တပ်မတော်မှ ဆောင်ရွက်လျက်ရှိပြီး လစ်လပ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် အစားထိုးခန့်အပ်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်လျက်ရှိသည်။

#PeopleMedia #ကချင်ပြည်နယ်အစိုးရအဖွဲ့ #ဖားကန့


Share this post