• Follow Us on

Home ရွေကုက္ကိုလ်စီမံကိန်း၌ ပါဝင်ပတ်သက်သည့် BGF တပ်ဖွဲ့မှ ထိပ်ပိုင်း(၃)ဦးအပါအဝင် ခေါင်းဆောင်ပိုင်း (၉၀) ခန့် နှုတ်ထွက်မှုကို တပ်မတော်က ဆိုင်းငံထား

ရွေကုက္ကိုလ်စီမံကိန်း၌ ပါဝင်ပတ်သက်သည့် BGF တပ်ဖွဲ့မှ ထိပ်ပိုင်း(၃)ဦးအပါအဝင် ခေါင်းဆောင်ပိုင်း (၉၀) ခန့် နှုတ်ထွက်မှုကို တပ်မတော်က ဆိုင်းငံထား

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
မြဝတီမြို့၊ ရွှေကုက္ကိုလ်စီမံကိန်း၌ ပါဝင်ပတ်သက်သည့် BGF တပ်ဖွဲ့မှ ခေါင်းဆောင်(၃)ဦးအပါအဝင် ခေါင်း ဆောင်ပိုင်း (၉၀)ခန့် နှုတ်ထွက်မှုကို တပ်မတော်က ယာယီဆိုင်းငံထားကြောင်း BGF တပ်ဖွဲ့ဝင် ခေါင်း ဆောင်ပိုင်းတစ်ဦးက People Media သို့ ပြောဆိုခဲ့သည်။
 
မြဝတီမြို့၊ ရွှေကုက္ကိုလ်စီမံကိန်းသည် တရုတ်နိုင်ငံသားများပိုင်ကုမ္ပဏီနှင့် BGF တပ်ဖွဲ့ပိုင်ကုမ္ပဏီတို့ ပူးပေါင်း အကောင်အထည်ဖော်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ဒေသခံတက်ကြွလှုပ်ရှားသူများက အဆိုပါစီမံကိန်းသည် တရားမဝင် လိင်ဖျော်ဖြေရေး၊ လောင်းကစားလုပ်ငန်းများ ပါဝင်နေကြောင်း ပြောဆိုသည်။
 
အဆိုပါစီမံကိန်း၌ ပါဝင်ပတ်သက်သည့် ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ထိပ်ပိုင်းခေါင်းဆောင်(၃)ဦးကို နှုတ်ထွက်ရန် တပ်မတော်က ဖိအားပေးပြီးနောက် BGF နှင့် တပ်မတော် နှစ်ဘက်သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။
 
ထိုသို့ သဘောထားကွဲလွဲမှုဖြစ်ပေါ်ပြီးနောက် BGF ခေါင်းဆောင်ပိုင်း (၉၀)ခန့် နှုတ်ထွက်ရန် ဖြစ်ပေါ်လာခဲ့ သည်။
 
ထို့နောက် BGF ခေါင်းဆောင်ပိုင်း နှုတ်ထွက်မှုနှင့်ပတ်သက်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့၌ မြိုင်ကြီးငူဒေသတွင် တပ်မတော်နှင့် BGF နယ်ခြားစောင့်တပ်ဖွဲ့ကြား တွေ့ဆုံနွေးမှုရှိသည်။
 
“ပြန်စဉ်းစားခိုင်းတယ် ထွက်ခွင့်တော့ မပေးသေးဘူး၊ ပုံမှန်အတိုင်းပဲ နေပါလို့တော့ ပြောတယ်၊ ဒီအတိုင်းပဲ ဆိုင်းငံ့လိုက်တာ ထွက်ခွင့်မပေးဘူး” လို့ အမည်မဖော်လိုသည့် BGF ထိပ်ပိုင်းအရာရှိတစ်ဦးက ပြောသည်။
 
“ထပ်ပြီးတော့လဲ တွေ့ဆုံဖို့တွေရှိမယ် အခုလဲ အစည်းအဝေးရှိနေတယ်။ ဒီလ လေးလပတ်ပြီးပြီးရင်တော့ လူကြီးတွေကို နောက်ဆုံးခေါ်တွေ့မယ်ထင်တယ်” လို့ BGF ထိပ်ပိုင်းအရာရှိတစ်ဦးက ဆက်လက် ပြောဆိုသည်။
 
မြဝတီမြို့၌ BGF အဖွဲ့သည် ထိုင်း-မြန်မာနယ်စပ်ရှိ တရားမဝင် လိုင်စင်မဲ့ကားများကို အခကြေးငွေကောက်ခံ၍ မြန်မာနိုင်ငံအတွင်းသို့ ဖြတ်သန်းရောင်းချခွင့်ပြုပေးနေပြီး မြို့တွင်းရှိ လောင်းကစားဝိုင်းများနှင့် တိုက်ရိုက်ပတ် သက်နေကြောင်း ဒေသခံများက ပြောဆိုကြသည်။
 
Photo – credit
 
#PeopleMedia #BGF
 
(unicode)
…………………………………………………
 
 
 
 
 
 
 
 
 
 
Photo – credit
 
#PeopleMedia #BGF

Share this post