• Follow Us on

Home ေရြးေကာက္ပြဲ၌ တိုင္းရင္းသားပါတီမ်ားအႏုိင္ရရွိမႈမ်ားလာႏုိင္ေၾကာင္း နိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္း ေျပာဆို

ေရြးေကာက္ပြဲ၌ တိုင္းရင္းသားပါတီမ်ားအႏုိင္ရရွိမႈမ်ားလာႏုိင္ေၾကာင္း နိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာ ရန္မ်ိဳးသိမ္း ေျပာဆို

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၂၉
 
၂၀၂၀ ေရြးေကာက္ပြဲတြင္ တိုင္းရင္းသားေဒသမ်ား၌ နိုင္ငံေရးပါတီႀကီးမ်ားထက္ ေဒသခံတိုင္းရင္းသားပါတီမ်ား အနိုင္ရရွိမႈ ပိုမိုမ်ားလာနိုင္ေၾကာင္း နိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာသည္။
 
“ၿပီးခဲ့တဲ့အစိုးရသက္တမ္းအတြင္းမွာ တိုင္းရင္းသားအမ်ားစုက သူတို႔ရဲ့ ရပိုင္ခြင့္အခြင့္ေရးေတြကို သူတို႔ဘက္က မားမားမတ္မတ္ရပ္ၿပီးေတာ့ လုပ္ခဲ့တာမရွိဘူးလို႔ ခံစားေနရတယ္။ အဲ့ဒါေၾကာင့္ လာမယ့္ ေရြးေကာက္ပြဲမွာ တိုင္းရင္းသားပါတီေတြရဲ့ ကိုယ္စားလွယ္ေတာ္ေတာ္မ်ားမ်ား အနိုင္ရလာမယ္လို႔ သုံးသပ္လို႔ရတာပါ”ဟု ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာသည္။
 
တိုင္းရင္းသားေဒသမ်ားတြင္ တိုင္းရင္းသားအမ်ားစုအေနျဖင့္ မိမိတိုင္းရင္းသားကိုသာ မဲေပးၾကရန္ ေတာ္ေတာ္မ်ားမ်ား သေဘာထားခိုင္မာလာတာ ေတြ႕ေနရေၾကာင္း ၎ကေျပာသည္။
 
ထိုသို႔ တိုင္းရင္းသားပါတီမ်ားအေနႏွင့္ လႊတ္ေတာ္သုံးရပ္တြင္ အနိုင္ရရွိမႈ ပိုမ်ားလာပါက ၂၀၂၁ ခုႏွစ္ ေနာက္ပိုင္း လႊတ္ေတာ္ႏုိင္ငံေရး ပိုအားေကာင္းလာနိုင္သလို အစိုးရကိုလည္း ပိုၿပီး ထိန္းေၾကာင္းလာ ႏုိင္မည္ျဖစ္ေၾကာင္း ၎ကထပ္မံေျပာသည္။
 
လက္ရွိ လႊတ္ေတာ္ေတာ္ေတာ္မ်ား၌ လႊတ္ေတာ္မွ အစိုးရအား ထိန္းေၾကာင္းရာမွာ အလြန္အားနည္းေန ေသာ္လည္း ရန္ကုန္တိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ မြန္ျပည္နယ္ႏွင့္ ကယားျပည္နယ္စသည့္ လႊတ္ေတာ္မ်ား၌ အစိုးရကို အတန္အသင့္ ထိန္းေၾကာင္းႏုိင္ခဲ့ေၾကာင္း ေဒါက္တာရန္မ်ိဳးသိမ္းက ဆိုသည္။
 
“ျပင္ပပါတီေတြအေနနဲ႔ ျပင္ပပါတီႀကီးေတြမွာ ေဒသသခံတိုင္းရင္းသားေတြ ပါနိုင္ေပမယ့္ သူတို႔ပါတီရဲ့ မူဝါဒေတြက ျပည္နယ္က လူေတြရဲ့ ဆႏၵနဲ႔ ထပ္တူက်ဖို႔ မလြယ္ဘူးေလ။ သူတို႔က တစ္နိုင္ငံလုံးအတြက္ကို လႊမ္းျခဳံေနရတာကို အဲ့ဒါေၾကာင့္ တိုင္းရင္းသားေတြအေနနဲ႔ ေဒသခံ တိုင္းရင္းသားပါတီေတြပဲ မဲေပးဖို႔ တိုက္တြန္းခ်င္ပါတယ္”ဟု ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီအတြင္းေရးမွဴး ဦးမ်ိဳးေက်ာ္က ေျပာသည္။
 
ၿပီးခဲ့သည့္လတြင္ ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္ စာရင္းတည္ဆဲမွတ္ပုံတင္ထားေသာ နိုင္ငံေရးပါတီ (၉၄)ရွိၿပီး၊ ျပည္ေထာင္စု တစ္၀န္းလုံးတြင္ စည္႐ုံးမည္ပါတီ (၇၆)ပါတီ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အတြင္း၌ သာ စည္း႐ုံးမည့္ပါတီ (၁၈)ပါတီရွိသည္။
 
Photo – ေဒါက္တာရန္မ်ိဳးသိမ္း
 
#PeopleMedia #2020election
 
(Unicode)
ရွေးကောက်ပွဲ၌ တိုင်းရင်းသားပါတီများအနိုင်ရရှိမှုများလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ ရန်မျိုးသိမ်း ပြောဆို
……………………………………………
 
ရန်ကုန်၊ စက်တင်ဘာ – ၂၉
 
၂၀၂၀ ရွေးကောက်ပွဲတွင် တိုင်းရင်းသားဒေသများ၌ နိုင်ငံရေးပါတီကြီးများထက် ဒေသခံတိုင်းရင်းသားပါတီများ အနိုင်ရရှိမှု ပိုမိုများလာနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
 
“ပြီးခဲ့တဲ့အစိုးရသက်တမ်းအတွင်းမှာ တိုင်းရင်းသားအများစုက သူတို့ရဲ့ ရပိုင်ခွင့်အခွင့်ရေးတွေကို သူတို့ဘက်က မားမားမတ်မတ်ရပ်ပြီးတော့ လုပ်ခဲ့တာမရှိဘူးလို့ ခံစားနေရတယ်။ အဲ့ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တော်တော်များများ အနိုင်ရလာမယ်လို့ သုံးသပ်လို့ရတာပါ”ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
 
တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားအများစုအနေဖြင့် မိမိတိုင်းရင်းသားကိုသာ မဲပေးကြရန် တော်တော်များများ သဘောထားခိုင်မာလာတာ တွေ့နေရကြောင်း ၎င်းကပြောသည်။
 
ထိုသို့ တိုင်းရင်းသားပါတီများအနေနှင့် လွှတ်တော်သုံးရပ်တွင် အနိုင်ရရှိမှု ပိုများလာပါက ၂၀၂၁ ခုနှစ် နောက်ပိုင်း လွှတ်တော်နိုင်ငံရေး ပိုအားကောင်းလာနိုင်သလို အစိုးရကိုလည်း ပိုပြီး ထိန်းကြောင်းလာ နိုင်မည်ဖြစ်ကြောင်း ၎င်းကထပ်မံပြောသည်။
 
လက်ရှိ လွှတ်တော်တော်တော်များ၌ လွှတ်တော်မှ အစိုးရအား ထိန်းကြောင်းရာမှာ အလွန်အားနည်းနေ သော်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်စသည့် လွှတ်တော်များ၌ အစိုးရကို အတန်အသင့် ထိန်းကြောင်းနိုင်ခဲ့ကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။
 
“ပြင်ပပါတီတွေအနေနဲ့ ပြင်ပပါတီကြီးတွေမှာ ဒေသသခံတိုင်းရင်းသားတွေ ပါနိုင်ပေမယ့် သူတို့ပါတီရဲ့ မူဝါဒတွေက ပြည်နယ်က လူတွေရဲ့ ဆန္ဒနဲ့ ထပ်တူကျဖို့ မလွယ်ဘူးလေ။ သူတို့က တစ်နိုင်ငံလုံးအတွက်ကို လွှမ်းခြုံနေရတာကို အဲ့ဒါကြောင့် တိုင်းရင်းသားတွေအနေနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေပဲ မဲပေးဖို့ တိုက်တွန်းချင်ပါတယ်”ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်းရေးမှူး ဦးမျိုးကျော်က ပြောသည်။
 
ပြီးခဲ့သည့်လတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စာရင်းတည်ဆဲမှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ (၉၄)ရှိပြီး၊ ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်ရုံးမည်ပါတီ (၇၆)ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း၌ သာ စည်းရုံးမည့်ပါတီ (၁၈)ပါတီရှိသည်။
 
Photo – ဒေါက်တာရန်မျိုးသိမ်း
 
#PeopleMedia #2020election

Share this post