• Follow Us on

Home ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး၊ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခံ ရပြီး ဆယ်အိမ်မှူးဖြစ်သူ သေဆုံး၊ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့

ရွှေပြည်သာမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး လက်ပစ်ဗုံး၊ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခံ ရပြီး ဆယ်အိမ်မှူးဖြစ်သူ သေဆုံး၊ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူးတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၃ (People Media)

 

ဇန်နဝါရီ ၂ ရက်နေ့ ည ၇ နာရီအချိန်ခန့်၌ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အမည်မသိလက်နက်ကိုင် အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရုံးအတွင်း သို့ လက်ပစ်ဗုံးပစ်သွင်းခဲ့သလို သေနတ်ဖြင့် ပစ်ခတ်ခြင်းကြောင့် ဆယ်အိမ်မှူးဖြစ်သူ တစ်ဦးသေဆုံးခဲ့သလို အုပ်ချုပ်ရေးမှူးအပါအဝင် အခြားသော ဆယ်အိမ်မှူးတစ်ဦးလည်း စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။

 

ရွှေပြည်သာမြို့နယ်၊ ၁၈ ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့သည် ဧည့်စာရင်းတိုင်ကြားသည့် လုပ် ငန်းများ ဆောင်ရွက်ရန် ရုံးသို့ ရောက်ရှိချိန်၌ အမည်မသိ သေနတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

 

“ည ၇ လောက်ပဲရှိသေးတယ်။ ပစ်ခတ်သံတွေကြားရတာ သေနတ်သံက ၅ ချက်လောက်ရှိမယ်။ တစ် တောင့်ချင်းစီ ပစ်ခံရတာ။ ဒီမနက်ရောက်တော့ သတင်းမေးကြည့်တာကတော့ ရုံးဖွင့်တဲ့အချိန်မှာ လာ ပစ်တယ်လို့တော့ သိရတယ်။ ဆယ်အိမ်မှူးက သေသွားတယ်။ အုပ်ချုပ်ရေးမှူးနဲ့ သူ့တပည့်ဖြစ်သူကတော့ ဒဏ်ရာရတယ်။ အခုလောလောဆယ်မှာတော့ ဆေးရုံကို တင်ထားရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်၌ သေဆုံးသွားခဲ့သူသည် ရပ်ကွက်ဆယ်အိမ်မှူးဦးနိုင်ထွေးဖြစ်ပြီး စိုးရိမ်ရ ဒဏ်ရာရရှိသူသည် အုပ်ချုပ်ရေးမှူးဦးတင်စိန်နှင့် ဆယ်အိမ်မှူးဦးအောင်သက်ပိုင်တို့ဖြစ်သည်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း မြောက်ဥက္ကလာပမြို့နယ်ရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ ရမှုကြောင့် ဒု-ရဲအုပ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

 

#PeopleMedia #လက်လုပ်ဗုံး #ရွှေပြည်သာ #ပြည်ထဲရေးဝန်ကြီးဌာန

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post