• Follow Us on

Home ရွှေပြည်သာမြို့နယ်၌ ရာအိမ်မှူးဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း သေနတ်ကျည်သည် ရာအိမ်မှူး၏ ဝမ်းဗိုက်သို့ ထိမှန်ခဲ့

ရွှေပြည်သာမြို့နယ်၌ ရာအိမ်မှူးဖြစ်သူသည် သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသော်လည်း သေနတ်ကျည်သည် ရာအိမ်မှူး၏ ဝမ်းဗိုက်သို့ ထိမှန်ခဲ့

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၃ (People Media)

 

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ (၁၁)ရပ်ကွက် ရာအိမ်မှူးဖြစ်သူ ဦးစိန်မြင့်သည် ယနေ့ နံနက်ပိုင်း က သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသေ်ာလည်း သေနတ်သမားများ ပစ်ခတ်လိုက်သည့်ကျည်သည် ဝမ်းဗိုက်ကို ထိမှန်ခဲ့၍ ရာအိမှူးဖြစ်သူသည် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ့ နံနက် ၈ နာရီ အချိန်ခန့်က သေနတ်သမားများသည် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ရာ အိမ်မှူးဖြစ်သူကို သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

သို့သော် သေနတ်သမားများ ပစ်ခတ်လိုက်သည့်ကျည်သည် ရာအိမ်မှူး၏ ဝမ်းဗိုက်ကို ထိမှန်၍ ရာအိမ်မှူးသည် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရပါတယ်။

 

“ကျည်က ဝမ်းဗိုက်ကို ဖောက်ထွက်သွားတယ်။ အသက်အန္တရယ် မစိုးရိမ်ရကြောင်း” ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ရန်ကုန်တိုင်း၌ တပ်မတော်သတင်းပေးဟု ယူဆခံရသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာရုံးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခြင်း ခံနေရပါတယ်။

 

#PeopleMedia #ရွှေပြည်သာမြို့

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 



Share this post