• Follow Us on

Home ေအာင္မဂၤလာအေဝးေျပးကားကြင္း၌ ဘဂၤါလီအမ်ိဳးသမီး ၉ ဦး ဖမ္းဆီးရမိ

ေအာင္မဂၤလာအေဝးေျပးကားကြင္း၌ ဘဂၤါလီအမ်ိဳးသမီး ၉ ဦး ဖမ္းဆီးရမိ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေအာင္မဂၤလာအေဝးေျပးကားကြင္း၌ ဘဂၤါလီအမ်ိဳးသမီး ၉ ဦး ဖမ္း ဆီးရမိခဲ့ေၾကာင္း မဂၤလာဒုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းအား People Media မွ ဆက္သြယ္ေမးျမန္းရာ ၎မွအတည္ျပဳေျပာၾကားသည္။ အထက္ပါ ဘဂၤါလီအမ်ိဳးသမီး ၉ ဦးသည္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာၿမိဳ႕မွ လာခဲ့ျခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “ဖမ္းမိတာ ဟုတ္ပါတယ္။ သူတို႔က ရခိုင္ျပည္နယ္ ဘူးသီးေတာင္၊ ေမာင္ေတာကလာတာ။ စကားလည္း လည္လည္၀ယ္၀ယ္မေျပာတတ္ၾကဘူး။ သူတို႔လာတာ ႏွစ္လေက်ာ္ရွိၿပီလို႔ေတာ့သိရတယ္။ လမ္းမွာ ၇ ရက္အိပ္ရတဲ့ေနရာေတြ၊ ရက္ ၂၀ အိပ္ရတဲ့ေနရာေတြရွိတယ္လို႔ စစ္ေဆးခ်က္အရ သိရတယ္။ ခုဒီကိုေရာက္ဖို႔ ႏွစ္လရွိသြားၿပီလာၾကတာ။ ပြဲစားေတြက ပိုက္ဆံေတာင္းၿပီး ဒီအတိုင္းပစ္သြားတာေပါ့။ အလိမ္ခံလိုက္ရတာ ေပါ့ဟု မဂၤလာဒုံၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးေဇာ္လင္းက ေျပာသည္။ အဆိုပါ ဘဂၤါလီအမ်ိဳးသမီး ၉ ဦးသည္ စစ္ေဆးခ်က္မ်ားအရ ၎အမ်ိဳးသမီးမ်ားမွာ မေလးရွားသို႔သြားရန္ ပြဲစားမွ တစ္ဦးလွ်င္ ၇၅ သိန္းျဖင့္ ေခၚေဆာင္လာခဲ့ျခင္းျဖစ္ေၾကာင္းဆိုသည္။ ထိုသို႔ဖမ္းဆီးရမိသည့္ ဘဂၤါလီအမ်ိဳးသမီး ၉ ဦးသည္ ရန္ကုန္ၿမိဳ႕ရွိ ရခိုင္လူမ်ိဳးတစ္ဦး၏ေနအိမ္တြင္ ေရာက္ရွိေနသည္မွာ တစ္လခန္႔ရွိၿပီျဖစ္သည္။ အမ်ားစုမွာ အသက္ ၁၅၊ ၁၆၊ ၁၇ ႏွစ္အရြယ္ မိန္းကေလးမ်ားျဖစ္ၿပီး ၎တို႔ကို တိုင္းလူ၀င္မႈႀကီးၾကပ္ေရး ဦးစီးဌာနမွ ဆက္လက္စစ္ေဆးေဆာင္ရြက္လ်က္ရွိေၾကာင္း ထပ္ေလာင္းေျပာၾကားသည္။ ျမန္မာနိုင္ငံတြင္ ဖမ္းဆီးရမိမႈရွိေနေသာ ဘဂၤါလီမ်ားသည္ ဧရာ၀တီတိုင္းအား ေရလမ္းေၾကာင္းခရီးျဖင့္ ဝင္ ေရာက္လ်က္ရွိၿပီး မေကြးတိုင္းေဒသႀကီးမ်ားတြင္ ကုန္းလမ္းနည္းလမ္းအသြယ္သြယ္ကို အသုံးျပဳကာ ၀င္ ေရာက္လွ်က္ရွိသည္။

Photo – ၂၀၂၀ ခုႏွစ္၊ ႏို၀င္ဘာ ၁၄ ရက္ေန႔၌ မေကြးတိုင္းေဒသႀကီး၊ မင္းတုန္းၿမိဳ႕နယ္တြင္ ဘဂၤါလီမ်ားအား ဖမ္းဆီးရမိခဲ့သည့္ပုံ #PeopleMedia (unicode) အောင်မင်္ဂလာအဝေးပြေးကားကွင်း၌ ဘင်္ဂါလီအမျိုးသမီး ၉ ဦး ဖမ်းဆီးရမိ ……………………………………………. ရန်ကုန်၊ ဒီဇင်ဘာ ၁၇ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးကားကွင်း၌ ဘင်္ဂါလီအမျိုးသမီး ၉ ဦး ဖမ်း ဆီးရမိခဲ့ကြောင်း မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအား People Media မှ ဆက်သွယ်မေးမြန်းရာ ၎င်းမှအတည်ပြုပြောကြားသည်။ အထက်ပါ ဘင်္ဂါလီအမျိုးသမီး ၉ ဦးသည် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့မှ လာခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “ဖမ်းမိတာ ဟုတ်ပါတယ်။ သူတို့က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောကလာတာ။ စကားလည်း လည်လည်ဝယ်ဝယ်မပြောတတ်ကြဘူး။ သူတို့လာတာ နှစ်လကျော်ရှိပြီလို့တော့သိရတယ်။ လမ်းမှာ ၇ ရက်အိပ်ရတဲ့နေရာတွေ၊ ရက် ၂၀ အိပ်ရတဲ့နေရာတွေရှိတယ်လို့ စစ်ဆေးချက်အရ သိရတယ်။ ခုဒီကိုရောက်ဖို့ နှစ်လရှိသွားပြီလာကြတာ။ ပွဲစားတွေက ပိုက်ဆံတောင်းပြီး ဒီအတိုင်းပစ်သွားတာပေါ့။ အလိမ်ခံလိုက်ရတာ ပေါ့ဟု မင်္ဂလာဒုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက ပြောသည်။ အဆိုပါ ဘင်္ဂါလီအမျိုးသမီး ၉ ဦးသည် စစ်ဆေးချက်များအရ ၎င်းအမျိုးသမီးများမှာ မလေးရှားသို့သွားရန် ပွဲစားမှ တစ်ဦးလျှင် ၇၅ သိန်းဖြင့် ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်းဆိုသည်။ ထိုသို့ဖမ်းဆီးရမိသည့် ဘင်္ဂါလီအမျိုးသမီး ၉ ဦးသည် ရန်ကုန်မြို့ရှိ ရခိုင်လူမျိုးတစ်ဦး၏နေအိမ်တွင် ရောက်ရှိနေသည်မှာ တစ်လခန့်ရှိပြီဖြစ်သည်။ အများစုမှာ အသက် ၁၅၊ ၁၆၊ ၁၇ နှစ်အရွယ် မိန်းကလေးများဖြစ်ပြီး ၎င်းတို့ကို တိုင်းလူဝင်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ထပ်လောင်းပြောကြားသည်။ မြန်မာနိုင်ငံတွင် ဖမ်းဆီးရမိမှုရှိနေသော ဘင်္ဂါလီများသည် ဧရာဝတီတိုင်းအား ရေလမ်းကြောင်းခရီးဖြင့် ဝင် ရောက်လျက်ရှိပြီး မကွေးတိုင်းဒေသကြီးများတွင် ကုန်းလမ်းနည်းလမ်းအသွယ်သွယ်ကို အသုံးပြုကာ ဝင် ရောက်လျှက်ရှိသည်။

Photo – ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၁၄ ရက်နေ့၌ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဘင်္ဂါလီများအား ဖမ်းဆီးရမိခဲ့သည့်ပုံ #PeopleMedia


Share this post