• Follow Us on

Home အောင်မြေသာစံမြို့နယ်၌ M-150 အချိုရည်ပြု့လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊အချိုရည် လှောင်ကန်တစ်ခါအပါအဝင် အခြား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

အောင်မြေသာစံမြို့နယ်၌ M-150 အချိုရည်ပြု့လုပ်ရာတွင် အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊အချိုရည် လှောင်ကန်တစ်ခါအပါအဝင် အခြား ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၁၆ (People Media)

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံမြို့နယ်၌ M-150 အချိုရည်ပြု့လုပ်ရာတွင် အသုံးပြု့သည့် ဘွိုင်လာအိုး(၃)လုံး၊အချိုရည် လှောင်ကန်တစ်ခါအပါအဝင် အခြား ဆက်စပ်ပစ္စည်းများ ကို သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့ကြောင်း မြို့နယ် ပြန်/ဆက်က သတင်းထုတ်ပြန်ထားသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၁၄ ရက်၊ည ၉ နာရီ ၁၅ မိနစ် အချိန်၌ အောင်မြေသာစံမြို့နယ်ဒေါနဘွားရပ်ကွက်၊အကွက် (၁၀)၊ ၁၆ လမ်းနှင့် ၁၇လမ်းကြား၊၆၂ လမ်းရှိ ဦးပီကူးမား (ဘ)ဦးကေ့စ်မဟာဒူး၊အသက် ၆၅ နှစ်၏နေအိမ်၌ အားဖြည့်အချိုရည်များ အတုပြုလုပ်နေကြောင်းသတင်းရရှိ၍သက်ဆိုင်ရာက ဝင်ရောက် စစ်ဆေးခဲ့သည်။

ထိုသို့ရှာဖွေစစ်ဆေးရာ ဦးပီကူးမား၏ နေအိမ်တိုက်ခန်းအပေါ်ထပ် ၄ လွှာတွင် အားဖြည့်အချိုရည်ထုတ်လုပ်ရာ၌အသုံးပြုသည့် ဘွိုင်လာအိုး(၃)လုံး၊ဖော်စပ်ရာတွင် အသုံးပြုသည့်လှောင်ကန်အကြီးတစ်ခုနှင့် အချိုရည်အတုပြုလုပ်ရာတွင် အသုံးပြုသောဆက်စပ် ပစ္စည်းများအား ရှာဖွေစစ်ဆေးတွေ့ရှိခဲ့သဖြင့် ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိပြီးအမူဖွင့်လှစ်နိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်၍ လျက်ရှိသည်။

#PeopleMedia #M150 #အောင်မြေသာစံမြို့နယ်
[Unicode]

……………………………………………







Share this post