• Follow Us on

Home မြေအောက်ရထားလမ်းနှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက် ဒေါ်လာ ၂.၆ ဘီလျံချေးယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန်နိုင်ငံ စာချုပ်ချုပ်ဆို

မြေအောက်ရထားလမ်းနှင့် ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတည်ဆောက်နိုင်ရေးအတွက် ဒေါ်လာ ၂.၆ ဘီလျံချေးယူရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ဂျပန်နိုင်ငံ စာချုပ်ချုပ်ဆို

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၇ (People Media)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဝ.၆ ရာခိုင်နှုန်းအတိုးနှုန်းပေးရမည့် ၄၂ ကြိမ်မြောက်ချေးငွေကို ဂျပန်နိုင်ငံမှရရှိမည်ဖြစ် ပြီး ယင်းချေးငွေထဲတွင် COVID-19 ကပ်ရောဂါဘေးကို ကိုင်တွယ်ဆောင်ရွက်ရန် အရေးပေါ်အသုံးစရိတ်အဖြစ် ချေးပေးထားသည့် ချေးငွေလည်းပါဝင်ကြောင်းသိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တနင်္လာနေ့က ဒါကာမြို့ရှိ အမျိုးသားစီးပွားရေးကောင်စီတွင် လက်မှတ်ရေးထိုးခဲ့သော စာချုပ်အရ ၁၀ နှစ်အတွင်းအတိုးမပေးရဘဲ အနှစ် ၃၀ အတွင်း အဆိုပါချေးငွေများကို ပြန်လည်ပေးဆပ်သွားရ မည်ဖြစ်သည်။

 

ဘဏ္ဍာရေးဝန်ကြီး အေအိပ်ချပ်အမ်မတ်စတာဖာကမယ်လ်က အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးတက်ရောက် ခဲ့သလို ဂျပန်သံအမတ်ကြီးအီတိုနာအိုကီကလည်း အဆိုပါအွန်လိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များ ရေနက်ဆိပ်ကမ်းတည်ဆောက်နေသည့်နေရာတွင် တည်ရှိသော Matarbari ကျောက်မီးသွေးဓာတ်အားပေးစက်ရုံတွင် ရန်ပုံငွေ ဒေါ်လာ ၁.၂ ဘီလျံကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဘင်္ဂ လားဒေ့ရှ်အရာရှိများကပြောသည်။

 

၂၀၁၄ ခုနှစ်က စတင်ဆောင်ရွက်ခဲ့သော ယင်းစီမံကိန်းလုပ်ငန်းမှာ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အပြီးသတ် ဆောင်ရွက်သွားရန် စီစဉ်ထားသော်လည်း ယခုအချိန်အထိ လုပ်ငန်းထက်ဝက်ခန့်သာ ဆောင်ရွက်ပြီးစီးသေး ကြောင်းသိရသည်။

 

စီမံကိန်းအသုံးစရိတ်မြှင့်တင်သည့် အဆိုပြုလွှာကို အင်္ဂါနေ့တွင် ကျင်းပမည့် အမျိုးသားစီးပွားရေးကောင်စီ၏ အမှုဆောင်ကော်မတီ အစည်းအဝေးတစ်ခုတွင် တင်ပြသွားမည်ဖြစ်သည်။

MRT Line-1 project သည် ရန်ပုံငွေ ဒေါ်လာ ၁.၁ ဘီလျံရရှိမည်ဖြစ်သည်။ စီမံကိန်းအရ ရှာဟာဂျာလာ နိုင်ငံ တကာလေဆိပ်နှင့် ကာမာလာပါ၊ Natun Bazar-Pitolganj လမ်းကြောင်းသို့ဆက်သွယ်ထားသည့် မြေအောက် ရထားလမ်းကို တည်ဆောက်သွားမည်ဖြစ်သည်။

 

၂၀၂၆ ခုနှစ်တွင် လုပ်ငန်းအပြီးဆောင်ရွက်ရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်တွင် အတည်ပြထောက်ခံခဲ့ပြီးနောက် ဖြစ်နိုင်ခြေလေ့လာမှုများ၊ ဆန်းစစ်လေ့လာမှုများပြုလုပ်ပြီးနောက် အဓိက ဒီဇိုင်းရေးဆွဲခြင်းလုပ်ငန်းများကို အ ပြီးသတ်ဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

 

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဘေးကြောင့်ဖြစ်ပွားလာခဲ့သည့် စီးပွားရေးစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရန်အ တွက် ဘင်္ဂလားဒေ့ရှ်အစိုးရသည် အဆိုပါရန်ပုံငွေမှ ဒေါ်လာ ၃၆၅ သန်းကို သုံးစွဲသွားမည်ဖြစ်သည်။

 

Ref: Bangladesh signs $2.6bn deal with Japan for underground train, Matarbari power plant

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 



 


 


 

Ref: Bangladesh signs $2.6bn deal with Japan for underground train, Matarbari power plant

 

#PeopleMedia


Share this post