• Follow Us on

Home ပြင်သစ်နိုင်ငံထုတ် CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် ၉ လက် ဘယ်လ်ဂျီယန်တပ်မတော် လက်ခံရရှိမည်

ပြင်သစ်နိုင်ငံထုတ် CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် ၉ လက် ဘယ်လ်ဂျီယန်တပ်မတော် လက်ခံရရှိမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၃ (People Media)

 

ဘယ်လ်ဂျီယန်တပ်မတော်သည် နိုင်ငံ၏အမြောက်တပ်စွမ်းရည်ကိုမြှင့်တင်ရန်အတွက်  ပြင်သစ်နိုင်ငံ Nexter ကုမ္ပဏီကထုတ်လုပ်သော CAESAR မျိုးဆက်သစ် ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက် ၉ လက်ကို လက်ခံရရှိသွားမည်ဖြစ်ကြောင်း အောက်တိုဘာလ ၂၉ ရက်နေ့က ဘယ်လ်ဂျီယန်ကာကွယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

 

ဘယ်လ်ဂျီယန်နိုင်ငံသည် အမြောက်စနစ်သစ်များပိုင်ဆိုင်နိုင်ရန်အတွက် ယူရိုပေါင် ၄၈ သန်း ရင်းနှီးမြှုပ်နှံရန် စီ စဉ်ထားခဲ့ကြောင်း ၂၀၁၆ ခုနှစ်ကထုတ်ဝေသည့် မဟာဗျူဟာမြောက်အမြင်စာစောင်တွင် ဖော်ပြခဲ့သည်။

 

ဘယ်လ်ဂျီယန်ကာကွယ်ရေးဝန်ကြီးှနှင့် ပြင်သစ်ကာကွယ်ရေးဝန်ကြီးတို့သည် ယာဉ်တင်လက်နက်များပူးပေါင်း ထုတ်လုပ်ရေးစာချုပ်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၇ ရက်နေ့တွင်ချုပ်ဆိုခဲ့သည်။ ယင်းစာချုပ်အရ ဘယ်လ်ဂျီယန် ကြည်းတပ်၏ ယာဉ်တင်တပ်မကို လက်နက်သစ်များဖြင့် ပြန်လည်ဖွဲ့စည်းတပ်ဆင်သွားမည်ဖြစ်သည်။ ယင်းအစီ အစဉ်ထဲတွင် GRIFFON ဘက်စုံသုံး သံချပ်ကာယာဉ် ၃၈၂ စီးနှင့် JAGUAR သံချပ်ကာကင်းလှည့်ယာဉ်နှင့် တိုက်ခိုက်ရေးယာဉ် အစီး ၆၀ ပါဝင်သည်။

 

ယာဉ်တင်လက်နက်များပူးပေါင်း ထုတ်လုပ်ရေးစာချုပ်၏ အဓိကရည်ရွယ်ချက်တစ်ခုမှာ နှစ်နိုင်ငံကြည်းတပ်များ ကြားတွင် အပြန်အလှန်ပေါင်းစည်း လုပ်ဆောင်နိုင်မှုအဆင့်တစ်ခုအထိ ရောက်ရှိစေရန်ရည်ရွယ်ထားခြင်းဖြစ် သည်။

 

လက်ရှိအချိန်တွင် ဘယ်လ်ဂျီယန်တပ်မတော်တွင် RT-61 ၁၂၀ မမ စိန်ပြောင်း ၃၂ လက်နှင့် LG1 Mk II ၁၀၅ မမ ဘီးတပ်ဟောက်ဝစ်ဇာအမြောက် ၁၄ လက်သာရှိသည်။ CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာ အ မြောက်အသစ်များရောက်ရှိလာမည်ဆိုပါက ဘယ်လ်ဂျီယန်တပ်မတော်တွင် တာဝေးပစ်အမြောက်သစ်များ ပိုင် ဆိုင်လာမည်ဖြစ်သည်။

CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်ကို ၆ ဘီးတပ်အမြောက်နှင့် ၈ ဘီးတပ်အမြောက်အဖြစ် ပုံစံနှစ်မျိုးဖြင့်ရရှိနိုင်သည်။ ၂၀၀၈ ခုနှစ်တွင် ၆ ဘီးတပ် CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာ အ မြောက်များကို ပြင်သစ်တပ်မတော်တွင်တပ်ဆင်ခဲ့သည်။

 

၆ ဘီးတပ် CAESAR ၁၅၅ မမ ယာဉ်တင်ဟောက်ဝစ်ဇာအမြောက်သည် ပြိုင်ဘက်ကင်းသောပစ်အားနှင့်အတူ အထူးကောင်းမွန်သော မဟာဗျူဟာနှင့် နည်းဗျူဟာမြောက် ရွှေ့လျားနိုင်မှုကို ရရှိနိုင်မည်ဖြစ်သည်။

 

၆ ဘီးတပ် CAESAR ရော ၈ ဘီးတပ် CAESAR ပါ ၁၅၅ မမ ဟောက်ဝစ်ဇာအမြောက်တစ်လက်စီနှင့်အတူ ယာဉ်ရှေ့ပိုင်းတွင် ၅၂ မမ စက်အမြောက်ပါတပ်ဆင်ထားသည်။

 

Ref: Belgium to acquire 9 French-made CAESAR 155mm wheeled self-propelled howitzers from Nexter

 

#PeopleMedia

 

(unicode)


……………………………………………………………

 


 


 


 


 


 



 


 


 

Ref: Belgium to acquire 9 French-made CAESAR 155mm wheeled self-propelled howitzers from Nexter

 

#PeopleMedia


Share this post