• Follow Us on

Home ပြင်ဦးလွင်မြို့နယ်တွင် မော်တော်ယာဉ်နှစ်စီး အရှိန်မထိန်းနိုင်၍ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား ယာဉ်မောင်း တစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိ

ပြင်ဦးလွင်မြို့နယ်တွင် မော်တော်ယာဉ်နှစ်စီး အရှိန်မထိန်းနိုင်၍ မျက်နှာချင်းဆိုင် တိုက်မှုဖြစ်ပွား ယာဉ်မောင်း တစ်ဦး စိုးရိမ်ရ ဒဏ်ရာရရှိ

Share this post

မန္တလေး၊ ဇန်နဝါရီ ၁၀ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးကားလမ်း၊ ၁၉ မိုင်အနီးတွင် ဇန်နဝါရီ ၁၀ ရက် နေ့က (၆) ဘီးယာဉ်နှင့် Honda Insight ယာဉ်တို့ အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိမှုဖြစ်ပွားခဲ့ပါ တယ်။

 

အဆိုပါဖြစ်စဉ်တွင် Honda Insight ယာဉ်မောင်း ကျား (၁) ဦးမှာ စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး အုန်းချောစေတနာ မွန်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးခဲ့ရပါတယ်။

 

အထက်ပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် ပြင်ဦးလွင်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁) စီး၊ ရတနာပုံနယ် မြေမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် (၁) စီးတို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရပါတယ်။

 

#PeopleMedia #ပြင်ဦးလွင် #ယာဉ်တိုက်မှု

 

(unicode)


……………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၁၀ (People Media)

 


 


 


 



Share this post