• Follow Us on

Home ျပည္ခုိင္ၿဖိဳးပါတီ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းတစ္ဦး ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပယ္ဖ်က္ခံရ၊ ပယ္ဖ်က္ခံရသည့္စာ ပါတီရုံးသုိ႔ မေရာက္ရွိေသးေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ေျပာဆုိ

ျပည္ခုိင္ၿဖိဳးပါတီ အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းတစ္ဦး ေရြးေကာက္ပြဲ ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္ ပယ္ဖ်က္ခံရ၊ ပယ္ဖ်က္ခံရသည့္စာ ပါတီရုံးသုိ႔ မေရာက္ရွိေသးေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ေျပာဆုိ

Share this post

ရန္ကုန္၊ ေအာက္တုိဘာ – ၁၀

စစ္ကုိင္းတုိင္းေဒသႀကီး၊ ကန္႔ဘလူခရုိင္၊ အမွတ္(၄)အမ်ဳိးသားလႊတ္ေတာ္ကုိယ္စားလွယ္ေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ဦးေအာင္ေမာင္းကုိ ကုိယ္စားလွယ္ေလာင္းအျဖစ္ ေရြးေကာက္ပြဲေကာ္မရွင္က ပယ္ဖ်က္လုိက္သည္။

ဦးေအာင္ေမာင္းသည္ စီးပြား/ကူးသန္းဝန္ႀကီးဌာန၌ ဒု-ညႊန္ျဖင့္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး သက္ျပည့္ပင္စင္ျဖင့္ အၿငိမ္းစားယူခဲ့သူျဖစ္သည္။

ဦးေအာင္ေမာင္းသည္ အၿငိမ္းစာယူသည့္ကာလမွစ၍ ေအာက္တုိဘာ(၁၀)ရက္ေန႔၌ ေလးလျပည့္၍ ကုိယ္စား လွယ္ေလာင္း သက္မွတ္ခ်က္ႏွင့္ကုိက္ညီေၾကာင္း ကန္႔ဘလူၿမိဳ႕နယ္ ျပည္ခုိင္ၿဖိဳးပါတီ ဥကၠ႒ ဦးသန္းစိန္က People Media ကုိ ေျပာၾကားခဲ့သည္။

“ကုုိယ္စားလွယ္ေလာင္း ပယ္ဖ်က္တယ္ဆုိတဲ့ အတည္ျပဳစာ႐ုံးကုိ မေရာက္ေသးပါဘူး။ ကုိယ္စားလွယ္ ေလာင္းရဲ႕ အခ်က္အလက္ေတြကုိ လာေရာက္ေတာင္းယူမႈေတာ့ ရွိပါတယ္”လုိ႔ ဦးသိန္းစိန္က ေျပာပါတယ္။

ျပည္ခုိင္ၿဖိဳးပါတီ ကုိယ္စားလွယ္ေလာင္းအျဖစ္ ပယ္ဖ်က္ခဲ့မႈသည္ ျပည္ေတာင္စုအဆင့္က စီစစ္၍ ပယ္ဖ်က္မႈ ျဖစ္ၿပီး မဲလက္မွတ္ေရရာ၌ ဦးေအာင္ေမာင္း၏ အမည္ကုိ ပယ္ဖ်က္ေနေၾကာင္း တုိင္းေရြးေကာက္ပြဲေကာ္မရွင္ လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးေလးႏုိင္က မုံရြာေဂဇက္သတင္းဌာနသုိ႔ ေျပာဆုိခဲ့သည္။

ျပည္ခုိင္ၿဖိဳးပါတီ ကုိယ္စားလွယ္ေလာင္းတစ္ဦးကုိ ကုိယ္စားလွယ္ေလာင္းစာရင္းမွ ပယ္ဖ်က္မႈႏွင့္ ပတ္သက္ၿပီး အေၾကာင္းၾကားမႈ မရွိေသးေၾကာင္း စစ္ကုိင္းတုိင္းေဒသၾကီး ျပည္ခုိင္ၿဖိဳးပါတီရုံး တာဝန္ရွိသူတစ္ဦးက People Media သုိ႔ ေျပာဆုိခဲ့သည္။

#PeopleMedia #UEC #2020election #စစ္ကုိင္းတုိင္းေဒသႀကီး #ကန္႔ဘလူၿမိဳ႕

(unicode)
ပြည်ခိုင်ဖြိုးပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပယ်ဖျက်ခံရ၊ ပယ်ဖျက်ခံရသည့်စာ ပါတီရုံးသို့ မရောက်ရှိသေးကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောဆို
……………………………………………………………

ရန်ကုန်၊ အောက်တိုဘာ – ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ အမှတ်(၄)အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ဦးအောင်မောင်းကို ကိုယ်စားလှယ်လောင်းအဖြစ် ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်သည်။

ဦးအောင်မောင်းသည် စီးပွား/ကူးသန်းဝန်ကြီးဌာန၌ ဒု-ညွှန်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်ပြည့်ပင်စင်ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်သည်။

ဦးအောင်မောင်းသည် အငြိမ်းစာယူသည့်ကာလမှစ၍ အောက်တိုဘာ(၁၀)ရက်နေ့၌ လေးလပြည့်၍ ကိုယ်စား လှယ်လောင်း သက်မှတ်ချက်နှင့်ကိုက်ညီကြောင်း ကန့်ဘလူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းစိန်က People Media ကို ပြောကြားခဲ့သည်။

“ကုုိယ်စားလှယ်လောင်း ပယ်ဖျက်တယ်ဆိုတဲ့ အတည်ပြုစာရုံးကို မရောက်သေးပါဘူး။ ကိုယ်စားလှယ် လောင်းရဲ့ အချက်အလက်တွေကို လာရောက်တောင်းယူမှုတော့ ရှိပါတယ်”လို့ ဦးသိန်းစိန်က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခဲ့မှုသည် ပြည်တောင်စုအဆင့်က စီစစ်၍ ပယ်ဖျက်မှု ဖြစ်ပြီး မဲလက်မှတ်ရေရာ၌ ဦးအောင်မောင်း၏ အမည်ကို ပယ်ဖျက်နေကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် လက်ထောက်ညွှန်ကြားရေးမှူး ဦးလေးနိုင်က မုံရွာဂေဇက်သတင်းဌာနသို့ ပြောဆိုခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတစ်ဦးကို ကိုယ်စားလှယ်လောင်းစာရင်းမှ ပယ်ဖျက်မှုနှင့် ပတ်သက်ပြီး အကြောင်းကြားမှု မရှိသေးကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး တာဝန်ရှိသူတစ်ဦးက People Media သို့ ပြောဆိုခဲ့သည်။

#PeopleMedia #UEC #2020election #စစ်ကိုင်းတိုင်းဒေသကြီး #ကန့်ဘလူမြို့


Share this post