• Follow Us on

Home ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေဆဲဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၆

 

ပြည်တွင်းမှ သစ္စာဖောက်များနှင့် ပြည်ပြေးများသည် နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်ဖြင့် တိုးမြှင့်ဆောင်ရွက်နေဆဲဖြစ်ကြောင်း မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်၊ တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြား သည်။

 

“လက်ရှိအခြေအနေမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်)အရ နိုင်ငံတော်တာဝန်ကို ထမ်းဆောင်ခဲ့တာဟာ နှစ်နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်၊ ဒါပေမဲ့လည်း နှစ်နှစ်တာ ကာလလုံးဖြစ်ခဲ့တဲ့ ဆူပူ အကြမ်းဖက်မှုတွေ၊ လူသတ်၊ မီးရှို့၊ ဖောက်ခွဲဖျက်ဆီးမှုတွေဟာ သိသိသာသာ လျော့ နည်း ကျဆင်းသွားတာ မရှိသေးပါဘူး၊ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှု၊ စည်းလုံး ညီညွတ်မှု၊ ဖွံ့ဖြိုး တိုးတက်မှုကို မလိုလားတဲ့ ဩဇာခံဖြစ်အောင် အဓမ္မလုပ်ချင်ကြတဲ့ ပြည်ပနိုင်ငံကြီးတွေနဲ့ ပြည်သူအကျိုးကို မျက်ကွယ်ပြုကာ မိမိတို့ပုဂ္ဂိုလ်ရေးနဲ့အဖွဲ့ အစည်းအကျိုးစီးပွားကိုပဲ ရှေးရှုနေကြတဲ့ ပြည်တွင်းက သစ္စာဖောက် တွေနဲ့ ပြည်ပြေးတွေဟာ နိုင်ငံတော်အလုံးစုံပျက်သုဉ်းရေးကို အရှိန်အဟုန်နဲ့ တိုးမြှင့် ဆောင်ရွက်နေဆဲ ဖြစ်တာကို အားလုံးအသိပင်ဖြစ်ပါတယ်” ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုကို တစ်ဖက်သတ် ကာလရှည် ကြာရပ်စဲထားပေးခဲ့ခြင်း၊ NCA လမ်းကြောင်းအတိုင်း လျှောက်လှမ်းရန် ဖိတ်ခေါ်ခြင်း၊ အလားတူ အကြမ်းဖက် လုပ်ရပ်များကြောင့် ကြောက်လန့်ပြီး ရှောင်တိမ်းနေကြ သူများကို ပြန်လည်သတင်းပို့ကြရန် ဖိတ်ခေါ်ခြင်း၊ ပြစ်ဒဏ်ကျခံနေရသူများကို လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ခြင်းများဖြင့် ပျော့ပျောင်းညင်သာစွာ ဆောင်ရွက်နေ ကြောင်း၊ သို့သော်လည်း အထူးသဖြင့် လူငယ်များကို သွေးထိုးမြှောက်ပင့်ခြင်း၊ ခြိမ်းခြောက်အကြပ်ကိုင် ခြင်းစသည့် မရိုးသားသည့် နည်းလမ်းများဖြင့် စည်းရုံး သိမ်းသွင်းပြီး လမ်းမှားသို့ တွန်းပို့ကာ နိုင်ငံတော်ကို ဖျက်ဆီးနေကြဆဲဖြစ်သောကြောင့် ပြည်သူများနှင့် လူငယ်များ အတွေးအခေါ်မှန်ကန်ပြီး အသိပညာ မြင့်မားလာစေရေး ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောသည်။

 

ယခုအချိန်တွင် ပြည်သူကို အသိပညာဗဟုသုတပေးနိုင်ရန် အရေးကြီးပါကြောင်း၊ အထူးသဖြင့် လူငယ်လူ ရွယ်များကို လမ်းမှားမရောက်စေရေး၊ ပညာတတ် သားကောင်းရတနာတွေ ဖြစ်လာစေရေးသည်လည်း ပိုမို အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် နိုင်ငံတော်ကြီးကို ထုဆစ်ပုံဖော်ကြမည့် လက်ဆင့်ကမ်းတာဝန်ယူကြမည့်သူများဖြစ်နေခြင်းကြောင့်ပင်ဖြစ် ကြောင်း၊ အဓိကအားဖြင့် မိဘ၊ ဆရာများတွင် တာဝန်ရှိသည်ဟုဆိုရမည်ဖြစ်သော်လည်း မိမိတို့ မီဒီယာများမှ စဉ်ဆက်မပြတ် အသိပညာပေး၊ ဗဟုသုတများ ဖြန့်ဝေပေးနေပါက ပိုမိုထိရောက်စေမည်ဖြစ်ကြောင်း၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားသည်။

 

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် ဦးဝင်းရှိန်တို့နှင့်အတူ News Channel Studio ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post