• Follow Us on

Home ပြည်တွင်းပြည်ပကူညီထောက်ပံ့မှုများကို အကျိုးရှိထိရောက်စွာအသုံးပြုရန် တာဝန်ရှိဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန် န-စ-က ဒုတိယဥက္ကဋ္ဌ မှာကြား

ပြည်တွင်းပြည်ပကူညီထောက်ပံ့မှုများကို အကျိုးရှိထိရောက်စွာအသုံးပြုရန် တာဝန်ရှိဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အထူးဂရုပြုဆောင်ရွက်ကြရန် န-စ-က ဒုတိယဥက္ကဋ္ဌ မှာကြား

Share this post

ရန်ကုန်၊ အောက်တိုဘာ ၁၄ (People Media)

 

ပြည်တွင်းပြည်ပ ကူညီထောက်ပံ့မှုများကို အကျိုးရှိထိရောက်စွာ အသုံးပြုဆောင်ရွက်နိုင်ရေးအတွက် တာဝန်ရှိဌာန၊ အဖွဲ့အစည်းများအနေဖြင့် အထူးအလေးဂရုပြုဆောင်ရွက်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

၂၀၂၁ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်း အမှတ်အခမ်းအနားကို ယမန်နေ့နံနက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ တက်ရောက်အမှာစကားပြောကြားခဲ့ခြင်းဖြစ်သည်။

 

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် ၂၀၀၈ ခုနှစ်က တွေ့ကြုံခံစားခဲ့ရသည့် နာဂစ်မုန်တိုင်းသည် မိမိတို့နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုသမိုင်း ကြောင်းတွင် အဖျက်စွမ်းအားအကြီးမားဆုံးနှင့် အာရှဒေသတစ်ခုလုံးတွင်လည်း ၁၉၉၁ ခုနှစ် နောက်ပိုင်း အဆိုးရွားဆုံးအဖြစ် မှတ်တမ်းတင်ခဲ့ရသည့် ရာသီဥတုပြောင်းလဲမှု၏ အထင်ရှားဆုံးသာဓကတစ်ခုဖြစ်ပါ ကြောင်း ပြောသည်။

 

ကမ္ဘာမြေထိန်းသိမ်းမှုနှင့် ဘေးအန္တရာယ်ကြောင့် ဆုံးရှုံးနိုင်ခြေလျှော့ချရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ တည်း၊ အဖွဲ့အစည်းတစ်ခုတည်းဖြင့် ဆောင်ရွက်၍ရသည့်လုပ်ငန်းများမဟုတ်ဘဲ နိုင်ငံအသီးသီး၊ အဖွဲ့အစည်း အသီးသီး၊ လူတစ်ဦးတစ်ယောက်ခြင်းစီတိုင်းက နယ်ပယ်အလိုက်၊ လုပ်ငန်းကဏ္ဍအလိုက် အတူတကွ ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမှသာ ကမ္ဘာလုံးအတိုင်းအတာ၊ နိုင်ငံတစ်နိုင်ငံခြင်းစီ၏ အတိုင်းအတာအလိုက် မျှော်မှန်း ထားချက်များကို ပေါက်ရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia #နစက #လူကယ်ပြန်

 

(unicode)


………………………………………………………………………

 


 


 


 


 


 



Share this post