• Follow Us on

Home ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွန်ချုပ်(ငြိမ်း)တို့ကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် ညွန်ချုပ်(ငြိမ်း)တို့ကို အဂတိလိုက် စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ်အရေးယူ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁ (People Media)

 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာထားထား လင်းနှင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါက်တာစိုးဦးတို့အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှု ဖွင့်လှစ်အရေးယူလိုက်ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ  သိရ သည်။

 

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းများအတွက် စီမံချက်မန်နေဂျာ ဒေါက်တာထားထားလင်းသည် ဗဟိုအဆင့် အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ရရှိသည့် ပံ့ပိုးရန်ပုံငွေ ငွေကျပ်သန်း ၁၆၉၀၀ ကျော်အနက် ငွေကျပ် သန်း ၆၉၉၀ ကျော်နှင့် ၂၀၁၈-၂၀၁၉  Non Budget လက်ကျန်မှ ငွေကျပ် သန်း ၁၁၃၀ ကျော်၊ စုစုပေါင်း ငွေကျပ်သန်း ၈၁၂၀ ကျော် ထုတ်ယူခဲ့ပြီး ၊ တိုင်းဒေသကြီး/ပြည်နယ်များအတွက် ငွေကျပ်သန်း ၁၀၅၀၀ ကျော်ကို ခွဲဝေချထားပေးခဲ့ကြောင်းသိရသည်။

 

၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လမှစ၍ COVID-19 ရောဂါပျံ့နှံ့မှုကြောင့် စီမံချက်အတိုင်း ကာကွယ်ဆေးထိုးလုပ်ငန်း များ ဆောင်ရွက်နိုင်မှုမရှိသဖြင့် ဗဟိုအဆင့်တွင် ငွေသားလက်ကျန် ငွေကျပ် ၁၆၁ ဒသမ ၁၉၈ သန်းနှင့် တိုင်း ဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များတွင် ငွေသားလက်ကျန် ငွေကျပ်သန်း ၈၄၀ ကျော် ကျန်ရှိသဖြင့် ငွေ စာရင်းခေါင်းစဉ် ပြောင်းလဲအသုံးပြုရန် တင်ပြခြင်းအပေါ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၆ ရက်စွဲပါစာဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနသို့ သဘောထားမှတ်ချက် တောင်းခံခဲ့စဉ်ကာလအတွင်း ငွေသားလက်ကျန်များကို သုံးစွဲခြင်း မပြုရန်နှင့် ဌစ-၆ ဖြင့် ထိန်းသိမ်းထားရန် ညွှန်ကြားချက်ကို လိုက်နာဆောင်ရွက်ခြင်းမရှိဘဲ ဒေါက်တာထားထားလင်းသည် ဗဟိုအဆင့် ငွေသား လက်ကျန် ငွေကျပ် ၁၆၈ ဒသမ ၁၉၈ သန်းအား UNICEF Account သို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်တွင် ငွေပေးသွင်းခဲ့ခြင်းဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေး ပိုင်ဆိုင်မှုကို နစ်နာဆုံးရှုံးစေခဲ့ကြောင်း သိရသည်။

 

Global Alliance for Vaccines and Immunization-Health System Strengthening 2 ဖြင့် ဆောင်ရွက် သည့် စီမံချက်ပါလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေထုတ်ယူခွင့်ပြုသူ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးသည် GAVI HSS2 Grant ဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများတွင် တာဝန်ယူကြီးကြပ်ပြီး စီမံခန့်ခွဲရသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ ငွေကြေး ပိုင်ဆိုင်မှုနစ်နာဆုံးရှုံးစေသည့် ဒေါက်တာထားထားလင်း၏ ဆောင်ရွက်မှုတွင် ကြီးကြပ်စစ်ဆေးရန် ပျက်ကွက်ခြင်း၊ စီမံခန့်ခွဲရန်ပျက်ကွက်ခြင်းတို့သည် နိုင်ငံတော်ဘဏ္ဍာငွေများ နစ်နာဆုံးရှုံးရန်အတွက် အားပေး ကူညီခြင်းဖြစ်ကြောင်း၊ သိရသည်။

 

စစ်ဆေးပေါ်ပေါက်ချက်အရ ဒေါက်တာထားထားလင်းအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရလည်းကောင်း၊ ဒေါက်တာစိုးဦးအပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆/၆၃ အရ လည်း ကောင်း နေပြည်တော် ဘုရားကုန်း မြို့မရဲစခန်းတွင် ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့် လှစ်၍ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ သိရသည်။

 

Photo – Credit

 

#PeopleMedia #အဂတိ

 

(unicode)


……………………………………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post