• Follow Us on

Home ၀န်ထမ်းများ ဘေးကင်းလုံခြုံစေရန် မြန်မာနိုင်ငံရှိ ဆူဇူကီးကားထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား

၀န်ထမ်းများ ဘေးကင်းလုံခြုံစေရန် မြန်မာနိုင်ငံရှိ ဆူဇူကီးကားထုတ်လုပ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား

Share this post

တိုကျို၊ ဖေဖော်ဝါရီ ၂ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
တနင်္လာနေ့က စစ်အာဏာသိမ်းမှုအပြီးတွင် ဝန်ထမ်းများဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံရှိစက်ရုံ ၂ ခုတွင် ထုတ်လုပ်မှုများရပ်ဆိုင်းထားကြောင်း ဆူဇူကီးမော်တာကော်ပိုရေးရှင်း(Suzuki Motor Corp.)က အင်္ဂါနေ့တွင်ပြောသည်။
 
ရန်ကုန်ရှိ ဝန်ထမ်း ၄၀၀ ကျော်အလုပ်လုပ်သောစက်ရုံများတွင် တနင်္လာနေ့နေ့လည်မှစတင်ကာ ထုတ်လုပ်မှု ရပ်ဆိုင်းထားကြောင်း ကုမ္ပဏီကပြောသည်။
 
ဆူဇူကီးသည် မြန်မာနိုင်ငံမှ ကားသစ်အရောင်းဈေးကွက်ရှယ်ယာ ၆၀ ရာခိုင်နှုန်းကျော်ရှိပြီး ၂၀၁၉ ခုနှစ်တွင် ၁၃၂၀၀ စီးရောင်းချထားနိုင်သည်။
 
မည်သည့်အချိန်တွင် ထုတ်လုပ်မှုများပြန်စမည်ကို ကုမ္ပဏီကမပြောသေးချေ။
 
မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်း ၄၀၀ ဝန်းကျင်လုပ်ငန်းလည်ပတ်နေကြသည်ဟု အစိုးရကျောထောက်နောက်ခံ ရှိသော ဂျပန်ပြင်ပကုန်သွယ်ရေးအသင်းထံမှသိရသည်။
 
ယခုလအတွင်း မြန်မာနိုင်ငံတွင် ကုမ္ပဏီ၏ပထမဆုံးထုတ်လုပ်ရေးစက်ရုံစတင်လည်ပတ်ရန်စီစဉ်ထားသည့် တိုယိုတာမော်တာကော်ပိုရေးရှင်းကလည်း အခြေအနေကို လက်ရှိတွင် အကဲခတ်နေသည်ဟုပြောသည်။
 
ဖုန်းနှင့်အင်တာနက်အဆက်အသွယ်များနှောင့်ယှက်ခံရပြီးနောက် ဝန်ထမ်းများကိုဆက်သွယ်ရန် ရုန်းကန် နေရသည်ဟု ဒန်ဆိုကားထုတ်လုပ်ရေးကုမ္ပဏီကလည်းပြောသည်။
 
၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဈေးဝယ်စင်တာတခုဖွင့်လှစ်ရန်စီစဉ်နေသည့်အသေးစားငွေရေးကြေးရေးကုမ္ပဏီ အီယွန်က ဆုံးဖြတ်ချက်တစုံတရာမချရသေးဘဲ လက်ရှိအချိန်တွင် အခြေအနေကို စေ့စေ့စပ်စပ်အကဲခတ်နေ သည်ဟု ကုမ္ပဏီပြောခွင့်ရသူတယောက်ကပြောသည်။
 
Ref : Suzuki halts production in Myanmar after coup as Japan firms scramble to assess fallout
 
#PeopleMedia
 
(unicode)
…………………………………………………………
 
 
 
 
 
 
 
 
 
 
Ref : Suzuki halts production in Myanmar after coup as Japan firms scramble to assess fallout
 
#PeopleMedia

Share this post