• Follow Us on
Latest News

Home ပြွန်တန်ဆာမြို့၌ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အမျိုးသားလေးဦးနေရာ၌ သေဆုံး၊ အမျိုးသား တစ်ဦးမှာ ခြေထောက်ကြေမွဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

ပြွန်တန်ဆာမြို့၌ လက်လုပ်မိုင်း ပြုလုပ်စဉ် ပေါက်ကွဲမှုဖြစ်ပေါ်ပြီး အမျိုးသားလေးဦးနေရာ၌ သေဆုံး၊ အမျိုးသား တစ်ဦးမှာ ခြေထောက်ကြေမွဒဏ်ရာများဖြင့် ဖမ်းဆီးခံရ

Share this post

ပဲခူး၊ ဇန်နဝါရီ ၁ (People Media)

 

ပဲခူးတိုင်းဒေသကြီး၊ ပြွန်တန်ဆာမြို့၊ မြို့မ(၃)ရပ်ကွက်ရှိ နေအိမ်တစ်လုံး၌ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲမှု ဖြစ်ပေါ်ပြီး အမျိုးသားလေးဦးနေရာ၌ သေဆုံးခဲ့သလို အမျိုးသားတစ်ဦးမှာ ခြေထောက်ကြေမွဒဏ်ရာများဖြင့် ဖမ်းဆီးခံရသည်။

 

“ဇန်နဝါရီ ၃၁ ရက်နေ့ ည (၁၀း၁၀) အချိန်က ပေါက်ကွဲမှုက တော်တော်ကျယ်တယ်။ နောက် သက်ဆိုင်ရာ တာဝန်ရှိသူတွေ ရောက်လာပြီး လူနာတင်ယာဉ်တွေနဲ့ ခေါ်ထုတ်သွားတယ်။ လေးဦးက နေရာမှာတင် ပေါက်ကွဲမှုကြောင့် သေသွားတယ်။ တစ်ဦးက မိုင်းစထိမှန်ပြီး ခြေထောက်တစ်ဖက်က ကြေမွပြီး ဖမ်းဆီးခံခဲ့ ရတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်ပြီး တာဝန်ရှိသူတစ်ဦးက မှန်ကန်ကြောင်း၊ လက်လုပ်မိုင်းပြုလုပ်စဉ် ပေါက်ကွဲခဲ့ ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသားတစ်ဦးကို ဆေးကုသမှုပေးနေကြောင်း ပြောသည်။

 

ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည့် နေအိမ်ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရှာဖွေရာ လက်လုပ်မိုင်းအချို့၊ ပစ္စတို တစ်လက်နှင့် ဆက်စပ်ပစ္စည်းအချို့ကို သိမ်းဆည်းထားကြောင်း သိရသည်။

 

Photo – ပုံအဟောင်း အသုံးပြုထားသည်။

 

#PeopleMedia #ပြွန်တန်ဆာမြို့ #ပေါက်ကွဲမှု

 

(unicode)


………………………………………………

 


 


 


 


 


 


 



Share this post