• Follow Us on

Home မြင်းခြံမြို့နယ်၌ သမီးနှစ်ဦး ကျောင်းအပြန်ကို ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီး ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

မြင်းခြံမြို့နယ်၌ သမီးနှစ်ဦး ကျောင်းအပြန်ကို ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီး ပြန်လာသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး

Share this post

မန္တလေး၊ ဇန်နဝါရီ ၂၆ (People Media)

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ အထက်တန်းကျောင်း၌ တက်ရောက်ပညာသင်ကြားနေသည့် သမီး နှစ်ဦး ကျောင်းအပြန်ကို ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီးအပြန် အမျိုးသားတစ်ဦးသည် လမ်းခရီး၌ သေ နတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံးခဲ့သည်။

 

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့ ညနေ ၄ နာရီ အချိန်ခန့်၌ မြင်းခြံမြို့နယ်၊ အထက်တန်းကျောင်း၌ တက် ရောက်ပညာသင်ကြားနေသည့် သမီးနှစ်ဦး ကျောင်းအပြန်ကို ဆိုင်ကယ်ဖြင့် သွားရောက်ကြိုပြီး အပြန် ဆီမီးခုံကျေးရွာနှင့် ကုလကျေးရွာအနီး၌ သေနတ်ဖြင့် လုပ်ကြံခံရခြင်း ဖြစ်သည်။

 

“ဖြစ်စဉ်ကအမှန်ပါ ဦးခေါင်းကို အပစ်ခံရတာ ဆိုင်ကယ်မောင်းနေတဲ့အချိန်ဖြစ်တာဆိုတော့ ကလေးနှစ် ယောက်လဲ ဒဏ်ရာရတယ်။ သူအဖေသေတာကို ကလေးတွေက မြင်ရတဲ့အခါကျတော့ ကလေးတွေလည်း တော်တော်ထိပ်လန့်နေကြတယ်” လို့ ဖြစ်စဉ်ကို မြင်တွေ့ရသူတစ်ဦးက ပြောသည်။

 

လုပ်ကြံသတ်ဖြတ်သူနှစ်ဦးသည် ဆိုင်ကယ်ဖြင့် လမ်းခရီး၌ စောင့်ဆိုင်းနေပြီးနောက် ပစ္စတိုသေနတ်ဖြင့် လုပ် ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

 

“ကျောင်းထားတာ ရာဇဝတ်မှုကျူးလွန်တာ မဟုတ်ပါဘူး” လို့ ဒေသခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ တိုင်းဒေသကြီး/ပြည်နယ်များတွင် ပညာရေးဝန်ထမ်းများ လုပ်ကြံသတ်ဖြတ်ခံနေသလို အခြေခံ ကျောင်းများလည်း မီးရှို့ဖျက်ဆီးခံရခြင်း မိုင်းထောင်ဖျက်ဆီးခံရခြင်း၊ ကျောင်းမတက်ရေးလှုပ်ရှားမှု စသည့် တို့ကို နိုင်ငံရေးအင်အားစုအချို့က ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #ပညာရေး #မြင်းခြံမြို့

 

(unicode)


…………………………………………………….

 

မန်တလေး၊ ဇနျနဝါရီ ၂၆ (People Media)

 


 


 


 


 


 


 



Share this post