• Follow Us on

Home ျမစ္ဆုံစီမံကိန္း ျပန္စသင့္ဟု ျပည္ခုိင္ၿဖိဳးအမတ္ လႊတ္ေတာ္၌ ေဆြးေႏြးမႈ သည္ ပါတီ၏ သေဘာထား မဟုတ္ေၾကာင္း ဦးသိန္းထြန္းဦး တုန္႔ျပန္

ျမစ္ဆုံစီမံကိန္း ျပန္စသင့္ဟု ျပည္ခုိင္ၿဖိဳးအမတ္ လႊတ္ေတာ္၌ ေဆြးေႏြးမႈ သည္ ပါတီ၏ သေဘာထား မဟုတ္ေၾကာင္း ဦးသိန္းထြန္းဦး တုန္႔ျပန္

Share this post

ရန္ကုန္၊ ဇူလုိင္ – ၂၅

ျမစ္ဆုံစီမံကိန္း ျပန္စသင့္ဟု ျပည္ခုိင္ၿဖိဳးအမတ္ လႊတ္ေတာ္၌ ေဆြးေႏြးမႈသည္ ပါတီ၏ သေဘာထား မဟုတ္ ေၾကာင္း ျပည္ခုိင္ၿဖိဳးပါတီ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္းထြန္းဦးက တုန္႔ျပန္ေျပာဆုိလုိက္ပါတယ္။

ဇူလုိင္(၂၄)ရက္ေန႔၌ က်င္းပခဲ့သည့္ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝး၌ ရွမ္းျပည္နယ္ အမွတ္(၁၁) အမ်ဳိး သားလႊတ္ေတာ္ကုိယ္စားလွယ္ ဦးေက်ာ္နီႏုိင္(ျပည္ခုိင္ၿဖိဳးအမတ္)က ၂၀၁၁ ခုႏွစ္ကာလ၌ ရပ္နားထားသည္ ျမစ္ဆုံစီမံကိန္းကုိ ႏွစ္ႏုိင္ငံ အစုိးရခ်င္း ညိွႏႈိင္းၿပီး ေရရွည္အက်ဳိးစီးပြားအတြက္ ေပါင္းစပ္ေဆာင္ရြက္သင့္တယ္ လုိ႔ ေျပာဆုိခဲ့ပါတယ္။

ထုိကဲ့သုိ႔ ဦးေက်ာ္နီႏုိင္၏ လႊတ္ေတာ္တြင္း ေဆြးေႏြးမႈသည္ ျပည္ခုိင္ျဖိဳးပါတီ၏ သေဘာထားႏွင့္ ရပ္တည္ခ်က္ မဟုက္ဘဲ ဦးေက်ာ္နီႏုိင္၏ တစ္ဦးထဲ ဆႏၵသာ ျဖစ္ေၾကာင္း ျပည္ခုိင္ျဖိဳးပါတီ ေျပာေရးဆုိခြင့္ရွိသူ ဦးသိန္း ထြန္းဦးက ေျပာပါတယ္။

“ကုိယ္စားလွယ္ေတြရဲ႕ သေဘာထားျဖစ္ပါတယ္။ ကုိယ္စားလွယ္ေတြရဲ႕ လႊတ္ေတာ္တြင္း ေဆြးေႏြးမႈကုိ ပါတီ အေနနဲ႔ ဘာမွထိန္းခ်ဳပ္မႈ မရွိပါဘူး။ သက္ဆုိင္ရာ ကုိယ္စားလွယ္ရဲ႕ ေဆြးေႏြးမႈသာ ျဖစ္တယ္“ ဦးသိန္းထြန္းဦး က ေျပာပါတယ္။

ျပည္ခုိင္ၿဖိဳးပါတီအေနနဲ႔ ျမစ္ဆုံစီမံကိန္းႏွင့္ပတ္သက္၍ ၎တုိ႔၏ သေဘာထားသည္ ျပည္သူမ်ား၏ သေဘာ ထားႏွင့္ ထပ္တူ ျဖစ္ေၾကာင္း ဦးသိန္းထြန္းဦးက ဆုိပါတယ္။

ျမစ္ဆုံစီမံကိန္းသည္ ယခင္ တပ္မေတာ္အစုိးရလက္ထက္၌ တ႐ုတ္အစုိးရႏွင့္ တပ္မေတာ္ေခါင္းေဆာင္တုိ႔ ညိွႏႈိင္းအေကာင္ထည္ ေဖာ္ေဆာင္ရြက္ခဲ့သည့္ စီမံကိန္တစ္ခုျဖစ္ပါတယ္။

ထုိေနာက္ ၂၀၁၀ ေနာက္ပုိင္း ဦးသိန္းစိန္သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ ကခ်င္တုိင္းရင္းသားမ်ားအပါအဝင္ ျမန္မာႏုိင္ငံသားမ်ားက ျမစ္ဆုံစီမံကိန္း အၿပီးတုိင္ ဖ်က္သိမ္းေရးကို ဆႏၵထုတ္ေဖာ္ခဲ့ၾကပါတယ္။

ထုိ႔ေနာက္ ၂၀၁၁ ခုႏွစ္၌ ျမစ္ဆုံစီမံကိန္းကုိ ရပ္ဆုိင္းလုိက္ပါတယ္။

ထုိအတူ ၂၀၁၅ ခုႏွစ္ ေရြးေကာက္ပြဲအႀကိဳကာလ၌ NLD ပါတီဥကၠ႒ေဒၚေအာင္ဆန္းစုၾကည္၏ ကခ်င္ျပည္နယ္ မဲဆြယ္ေရးခရီးစဥ္၌ NLD ပါတီအစုိးရျဖစ္ပါက ျမစ္ဆုံစာခ်ဳပ္ကုိ ခ်ျပေပးသြားမည္ ျဖစ္ေၾကာင္းလည္း ေျပာဆုိခဲ့ ပါတယ္။

#PeopleMedia #ျမစ္ဆုံ #ျပည္ေထာင္စုလႊတ္ေတာ္ #ဦးေက်ာ္နီႏုိုင္ #USDP #ဦးသိိန္းထြန္းဦး

(unicode)
မြစ်ဆုံစီမံကိန်း ပြန်စသင့်ဟု ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်၌ ဆွေးနွေးမှု သည် ပါတီ၏ သဘောထား မဟုတ်ကြောင်း ဦးသိန်းထွန်းဦး တုန့်ပြန်
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၂၅

မြစ်ဆုံစီမံကိန်း ပြန်စသင့်ဟု ပြည်ခိုင်ဖြိုးအမတ် လွှတ်တော်၌ ဆွေးနွေးမှုသည် ပါတီ၏ သဘောထား မဟုတ် ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ဇူလိုင်(၂၄)ရက်နေ့၌ ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ ရှမ်းပြည်နယ် အမှတ်(၁၁) အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်နီနိုင်(ပြည်ခိုင်ဖြိုးအမတ်)က ၂၀၁၁ ခုနှစ်ကာလ၌ ရပ်နားထားသည် မြစ်ဆုံစီမံကိန်းကို နှစ်နိုင်ငံ အစိုးရချင်း ညှိနှိုင်းပြီး ရေရှည်အကျိုးစီးပွားအတွက် ပေါင်းစပ်ဆောင်ရွက်သင့်တယ် လို့ ပြောဆိုခဲ့ပါတယ်။

ထိုကဲ့သို့ ဦးကျော်နီနိုင်၏ လွှတ်တော်တွင်း ဆွေးနွေးမှုသည် ပြည်ခိုင်ဖြိုးပါတီ၏ သဘောထားနှင့် ရပ်တည်ချက် မဟုက်ဘဲ ဦးကျော်နီနိုင်၏ တစ်ဦးထဲ ဆန္ဒသာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးသိန်း ထွန်းဦးက ပြောပါတယ်။

“ကိုယ်စားလှယ်တွေရဲ့ သဘောထားဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေရဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုကို ပါတီ အနေနဲ့ ဘာမှထိန်းချုပ်မှု မရှိပါဘူး။ သက်ဆိုင်ရာ ကိုယ်စားလှယ်ရဲ့ ဆွေးနွေးမှုသာ ဖြစ်တယ်“ ဦးသိန်းထွန်းဦး က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မြစ်ဆုံစီမံကိန်းနှင့်ပတ်သက်၍ ၎င်းတို့၏ သဘောထားသည် ပြည်သူများ၏ သဘော ထားနှင့် ထပ်တူ ဖြစ်ကြောင်း ဦးသိန်းထွန်းဦးက ဆိုပါတယ်။

မြစ်ဆုံစီမံကိန်းသည် ယခင် တပ်မတော်အစိုးရလက်ထက်၌ တရုတ်အစိုးရနှင့် တပ်မတော်ခေါင်းဆောင်တို့ ညှိနှိုင်းအကောင်ထည် ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်တစ်ခုဖြစ်ပါတယ်။

ထိုနောက် ၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်သမ္မတအဖြစ် တာဝန်ယူပြီးနောက် ကချင်တိုင်းရင်းသားများအပါအဝင် မြန်မာနိုင်ငံသားများက မြစ်ဆုံစီမံကိန်း အပြီးတိုင် ဖျက်သိမ်းရေးကို ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ထို့နောက် ၂၀၁၁ ခုနှစ်၌ မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းလိုက်ပါတယ်။

ထိုအတူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလ၌ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် မဲဆွယ်ရေးခရီးစဉ်၌ NLD ပါတီအစိုးရဖြစ်ပါက မြစ်ဆုံစာချုပ်ကို ချပြပေးသွားမည် ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ ပါတယ်။

#PeopleMedia #မြစ်ဆုံ #ပြည်ထောင်စုလွှတ်တော် #ဦးကျော်နီနိုင် #USDP #ဦးသိန်းထွန်းဦး


Share this post