• Follow Us on

Home ျမစ္ႀကီးနားၿမိဳ႕ပိုးေတြ႕ လူနာ၏ ေနအိမ္ ကို အသြားအလာ ကန္႔သတ္၊ ဆက္စပ္သူ ကိုးဦးကို Quarantine ထားရွိ

ျမစ္ႀကီးနားၿမိဳ႕ပိုးေတြ႕ လူနာ၏ ေနအိမ္ ကို အသြားအလာ ကန္႔သတ္၊ ဆက္စပ္သူ ကိုးဦးကို Quarantine ထားရွိ

Share this post

ျမစ္ႀကီးနား၊ စက္တင္ဘာ ၈

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားၿမိဳ႕၊ၿမိဳ႕သစ္ႀကီးရပ္ကြက္၊ ေအးျမသာယာနယ္ေျမ (၁၄)က ကို ဗစ္ႏိုင္ ၁၉ ပိုးေတြ႕ လူနာ၏ ေနအိမ္ကို အသြားအလာ ကန္႔သတ္လိုက္ၿပီ ျဖစ္ၿပီး ၎ႏွင့္ ဆက္စပ္သူ (၉)ဦးကိုလည္း Facility Quarantineထား လိုက္ၿပီ ျဖစ္ေၾကာင္း ၿမိဳ႕သစ္ႀကီးရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး႐ုံးမွ သိရသည္။

အဆိုပါ ေနအိမ္ကို ယေန႔ နံနက္ (၆)နာရီမွ စတင္ကာ အသြားအလာ ကန္႔သတ္ထားၿပီး ယင္းေနအိမ္ၿခံဝင္း အတြင္းမွ ပိုးေတြ႕ လူနာ၏ မိသားစုဝင္ (၁) ဦးႏွင့္ အိမ္ငွားေနသူ (၈)ဦး အပါအဝင္စုစုေပါင္း (၉)ဦးကို Facility Quarantine ထားရွိၿပီျဖစ္ေၾကာင္းၿမိဳ႕သစ္ႀကီး ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴး ဦးတက္တိုးက ဆိုသည္။

“အမ်ိဳးသားေတြ က်ေတာ့ ပညာေရးေကာလိပ္ေဆာင္ကို ပို႔လိုက္တယ္။အမ်ိဳးသမီး သုံးေယာက္ပါတယ္ သူတို႔ကိုေတာ့ ျမစ္ႀကီးနားတကၠသိုလ္ကို ပို႔လိုက္တယ္။ ေနအိမ္ၾကေတာ့ဘယ္ႏွစ္ရက္ ကန္႔သတ္တယ္ဆိုတာမ ူေျပာေသးဘူး။ ေလာေလာဆယ္ေတာ့ ႀကိဳးအနီေတြနဲ႔ တားၿပီး ကန္႔သတ္နယ္ေျမဆိုၿပီးေတာ့မွ ဆိုင္းဘုတ္ေတြ အကုန္လုံးကပ္ထားၿပီးၿပီ” ဟု အုပ္ခ်ဳပ္ေရးမွဴး ဦးတက္ တိုးက ေျပာသည္။

ေအးျမသာယာရပ္ကြက္က ကိုဗစ္ ၁၉ လူနာမွာ လက္ရွိျမစ္ႀကီးနားျပည္သူ့ေဆး႐ုံႀကီးတြင္ ေဆးကုမႈခံယူ ေနၿပီး သီးျခားလူနာခန္း (Isolation ward)တြင္ အထူးၾကပ္မတ္ကုသေပးေနေၾကာင္း ျမစ္ႀကီးနားျပည္သူေဆး႐ုံႀကီးမွ အထူးကုဆရာဝန္ေဒါက္တာေနဝင္းက ဆိုသည္။

“လူနာရဲ႕က်န္းမာေရးအေျခအေနကေတာ့ အခုေလာေလာဆယ္ အထူးဂ႐ုတစိုက္ ကုသေပးေနရတဲ့ အေျခအေနလို႔ပဲ ေျပာခ်င္ပါတယ္။”ဟု ေဒါက္တာေနဝင္းကေျပာသည္။

အဆိုပါ ပိုးေတြ႕လူနာမွာ ကိုဗစ္၁၉ ေရာဂါလကၡဏာ ျပသည့္အတြက္ ျမစ္ႀကီးနား ေဆး႐ုံတြင္ သံသယလူနာ အျဖစ္ စက္တင္ဘာလ (၆)ရက္ေန႔က စတင္ေစာင့္ၾကည့္ကုသရာမွ ကိုဗစ္ ၁၉ ပိုးေတြ႕ရွိေၾကာင္း က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနက စက္တင္ဘာလ (၇)ရက္ေန႔ည ရွစ္နာရီတြင္ အတည္ျပဳ ထုတ္ျပန္ေၾကညာခဲ့သည္။

ကခ်င္ျပည္နယ္တြင္ ယခု ျမစ္ႀကီးနားၿမိဳ႕က ကိုဗစ္၁၉ ပိုးရွိေၾကာင္းအတည္ျပဳလူနာ တစ္ဦး၊ ယေန႔ စက္တင္ဘာလ ၉ ရက္ နံနက္ပိုင္းက က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ခဲ့သည့္ ဖားကန္႔ၿမိဳ႕နယ္က တစ္ဦး အပါအဝင္ ၄ ဦးအထိရွိၿပီျဖစ္သည္။

ဧၿပီ ၂၄ ရက္ေန႔က အတည္ျပဳခဲ့သည့္ ကခ်င္ျပည္နယ္က ပထမဆုံးလူနာ (အမွတ္ ၁၄၄) ႏွင့္ ဇြန္(၉)ရက္ေန႔က အတည္ျပဳခဲ့သည့္ ဒုတိယလူနာ (အမွတ္ ၂၄၉) တို႔ ၂ဦးမွာ ေရာဂါကင္းစင္သြားၿပီ ျဖစ္ေသာေၾကာင့္ ေဆး႐ုံက ဆင္းခြင့္ရရွိသူမ်ား ျဖစ္သည္။

လြမ္းေအာင္

#PeopleMedia #EPN #ျမစ္ႀကီးနား

(unicode)
မြစ်ကြီးနားမြို့ပိုးတွေ့ လူနာ၏ နေအိမ် ကို အသွားအလာ ကန့်သတ်၊ ဆက်စပ်သူ ကိုးဦးကို Quarantine ထားရှိ
………………………………………………

မြစ်ကြီးနား၊ စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊မြို့သစ်ကြီးရပ်ကွက်၊ အေးမြသာယာနယ်မြေ (၁၄)က ကို ဗစ်နိုင် ၁၉ ပိုးတွေ့ လူနာ၏ နေအိမ်ကို အသွားအလာ ကန့်သတ်လိုက်ပြီ ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်သူ (၉)ဦးကိုလည်း Facility Quarantineထား လိုက်ပြီ ဖြစ်ကြောင်း မြို့သစ်ကြီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါ နေအိမ်ကို ယနေ့ နံနက် (၆)နာရီမှ စတင်ကာ အသွားအလာ ကန့်သတ်ထားပြီး ယင်းနေအိမ်ခြံဝင်း အတွင်းမှ ပိုးတွေ့ လူနာ၏ မိသားစုဝင် (၁) ဦးနှင့် အိမ်ငှားနေသူ (၈)ဦး အပါအဝင်စုစုပေါင်း (၉)ဦးကို Facility Quarantine ထားရှိပြီဖြစ်ကြောင်းမြို့သစ်ကြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတက်တိုးက ဆိုသည်။

“အမျိုးသားတွေ ကျတော့ ပညာရေးကောလိပ်ဆောင်ကို ပို့လိုက်တယ်။အမျိုးသမီး သုံးယောက်ပါတယ် သူတို့ကိုတော့ မြစ်ကြီးနားတက္ကသိုလ်ကို ပို့လိုက်တယ်။ နေအိမ်ကြတော့ဘယ်နှစ်ရက် ကန့်သတ်တယ်ဆိုတာမူပြောသေးဘူး။ လောလောဆယ်တော့ ကြိုးအနီတွေနဲ့ တားပြီး ကန့်သတ်နယ်မြေဆိုပြီးတော့မှ ဆိုင်းဘုတ်တွေ အကုန်လုံးကပ်ထားပြီးပြီ” ဟု အုပ်ချုပ်ရေးမှူး ဦးတက် တိုးက ပြောသည်။

အေးမြသာယာရပ်ကွက်က ကိုဗစ် ၁၉ လူနာမှာ လက်ရှိမြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် ဆေးကုမှုခံယူ နေပြီး သီးခြားလူနာခန်း (Isolation ward)တွင် အထူးကြပ်မတ်ကုသပေးနေကြောင်း မြစ်ကြီးနားပြည်သူဆေးရုံကြီးမှ အထူးကုဆရာဝန်ဒေါက်တာနေဝင်းက ဆိုသည်။

“လူနာရဲ့ကျန်းမာရေးအခြေအနေကတော့ အခုလောလောဆယ် အထူးဂရုတစိုက် ကုသပေးနေရတဲ့ အခြေအနေလို့ပဲ ပြောချင်ပါတယ်။”ဟု ဒေါက်တာနေဝင်းကပြောသည်။

အဆိုပါ ပိုးတွေ့လူနာမှာ ကိုဗစ်၁၉ ရောဂါလက္ခဏာ ပြသည့်အတွက် မြစ်ကြီးနား ဆေးရုံတွင် သံသယလူနာ အဖြစ် စက်တင်ဘာလ (၆)ရက်နေ့က စတင်စောင့်ကြည့်ကုသရာမှ ကိုဗစ် ၁၉ ပိုးတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စက်တင်ဘာလ (ရ)ရက်နေ့ည ရှစ်နာရီတွင် အတည်ပြု ထုတ်ပြန်ကြေညာခဲ့သည်။

ကချင်ပြည်နယ်တွင် ယခု မြစ်ကြီးနားမြို့က ကိုဗစ်၁၉ ပိုးရှိကြောင်းအတည်ပြုလူနာ တစ်ဦး၊ ယနေ့ စက်တင်ဘာလ ၉ ရက် နံနက်ပိုင်းက ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့သည့် ဖားကန့်မြို့နယ်က တစ်ဦး အပါအဝင် ၄ ဦးအထိရှိပြီဖြစ်သည်။

ဧပြီ ၂၄ ရက်နေ့က အတည်ပြုခဲ့သည့် ကချင်ပြည်နယ်က ပထမဆုံးလူနာ (အမှတ် ၁၄၄) နှင့် ဇွန်(၉)ရက်နေ့က အတည်ပြုခဲ့သည့် ဒုတိယလူနာ (အမှတ် ၂၄၉) တို့ ၂ဦးမှာ ရောဂါကင်းစင်သွားပြီ ဖြစ်သောကြောင့် ဆေးရုံက ဆင်းခွင့်ရရှိသူများ ဖြစ်သည်။

လွမ်းအောင်

#PeopleMedia #EPN #မြစ်ကြီးနား


Share this post