• Follow Us on
Latest News

Home ျမစ္ႀကီးနားၿမိဳ႕၊တာေလာႀကီး ေဒသတစ္ေလွ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို ထိေရာက္စြာ အေရးယူေပးလိုေၾကာင္း ေဒသခံမ်ားေတာင္းဆို၊ အစိုးရမွ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးျခင္းမရွိ

ျမစ္ႀကီးနားၿမိဳ႕၊တာေလာႀကီး ေဒသတစ္ေလွ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို ထိေရာက္စြာ အေရးယူေပးလိုေၾကာင္း ေဒသခံမ်ားေတာင္းဆို၊ အစိုးရမွ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးျခင္းမရွိ

Share this post

တာေလာႀကီး၊ ဇူလိုင္ ၁၅

ကခ်င္ျပည္နယ္၊ ျမစ္ႀကီးနားခရိုင္၊ ျမစ္ႀကီးနားၿမိဳ႕နယ္၊ တာေလာႀကီးေဒသ ဧရာဝတီျမစ္ေၾကာင္း တစ္ေလွ်ာက္တြင္ တရားမဝင္ ေ႐ႊေဖာ္မႈမ်ားကို ထိထိေရာက္ေရာက္ တားျမစ္အေရးယူေပးရန္ တာေလာႀကီး ေဒသခံမ်ားက ေတာင္းဆိုေနၾကေသာ္လည္း အစိုးရမွ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးျခင္းမရွိပါ။

ယင္းတရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားမွာ ေနာင္တာေလာ၊ ခတ္ခ်ိဳ၊ ေနာင္ဟီး၊ ေခါင္ဖူး၊ တာေလာႀကီး၊ ဟိုကပ္၊ တာပေဒါင္း၊ ငါးေပါက္ေတာ၊ ဆြန္ဒူ၊ စံပြား၊ ဆင္ဘို၊ မံကင္း စသည့္ေက်း႐ြာအနီး တစ္ဝိုက္ ဧရာဝတီ ျမစ္ကမ္းေဘး တစ္ေလွ်ာက္တို႔တြင္ တူးေဖာ္လ်က္ရွိၿပီး ယင္းေ႐ႊတူးေဖာ္မႈေၾကာင့္ ျမစ္ေၾကာင္းပ်က္စီးျခင္ႏွင့္ ျမစ္ကို အမွီခိုျပဳ၍ စိုက္ပ်ိဳးေရးလုပ္ငန္းလုပ္ကိုင္ေနသည့္ ေဒသခံေတာင္သူမ်ား ထိခိုက္ႏွစ္နာ ေနေသာေၾကာင့္ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို ထိေရာက္စြာ တားျမစ္အေရးယူေပးရန္ လုံၿခဳံေရးအရ အမည္မေဖာ္လိုသူ တာေလာႀကီး ေဒသခံတစ္ဦးက ဆိုသည္။

”ဒီျမစ္ေခ်ာင္းေတြမွာ ေ႐ႊေတြတူးေဖာ္ေနတာေတြကို တာဝန္ရွိသူေတြအေနနဲ႕ မ်က္ကြယ္ျပဳထားမယ္ ဆိုရင္ေတာ့ ျမစ္ကေန ေခ်ာင္းျဖစ္သြားမယ္၊ ျမစ္ေဘးမွာ လုပ္ကိုင္စားေသာက္ေနတဲ့ က်ေနာ္တို႔ ျပည္သူေတြလည္း အရမ္းႏွစ္နာ ေနပါတယ္။ ဌာနဆိုင္ရာေတြကေန လာၿပီး စစ္ေပးဖို႔ ဖမ္းေပးဖို႔ ေျပာခ်င္တယ္”ဟု ဦးျမင့္လြင္ဦး (အမည္လြဲ)က ေျပာသည္။

တာေလာႀကီး၊ မံကင္းႏွင့္ အနီးတစ္ဝိုက္ေက်း႐ြာမ်ားမွ ေတာင္သူ (၈၀၀)ဝန္းက်င္ခန႔္က ဧရာဝတီျမစ္ကမ္းပါး တစ္ေလ်ာက္ကို အမွီျပဳကာ ေျပာင္း၊ မုန႔္ညွင္းစသည့္ သီးႏွံစိုက္ပ်ိဳးေရး လုပ္ငန္းကိုလုပ္ကိုင္ေနၾကၿပီး ဤသို႔ေ႐ႊတူးေဖာ္ေနမႈေၾကာင့္ ထိခိုက္ႏွစ္နာမႈမ်ားရွိေနေၾကာင္း တာေလာႀကီး ေဒသခံတစ္ဦးက ထည့္သြင္း ေျပာဆိုခဲ့သည္။

”လြန္ခဲ့တဲ့ရက္ေတြမွာလည္း ကမ္းပါးၿပိဳတာေတြ ရွိခဲ့ပါတယ္။ စိုက္ခင္းေနရာေတြလည္း ပါတယ္။ အခုလုပ္ေနတယ္ တခ်ိဳ႕ေနရာေတြက ျမစ္ကမ္းပါးေတြ ၿပိဳေတာ့မွာ” ဟု အမည္မေဖာ္လိုသူ တာေလာႀကီးေနသည့္ ေနာက္ထပ္ေဒသခံတစ္ဦးက ေျပာသည္။

ဤသို႔ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို လာေရာက္တားျမစ္ အေရးယူေပးရန္ ေဒသခံအခ်ိဳ႕ ယခင္ႏွစ္မ်ား တြင္ သက္ဆိုင္ရာဌာနသို႔ တိုင္တန္းမႈမ်ား ရွိခဲ့ေသာ္လည္း ထိေရာက္မႈ မရွိခဲ့ေၾကာင္း ယင္းေဒသခံမ်ားက ဆိုသည္။

ေဒသခံမ်ားအေနျဖင့္ ယင္းတရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို အေရးယူေဆာင္႐ြက္ေပး၊ တားျမစ္ေပးရန္ ျပည္နယ္အစိုးရထံ အကူအညီေတာင္းခံ တင္ျပသြားမည္ ျဖစ္ေၾကာင္း သိရသည္။

ယင္း တရားမဝင္ ေ႐ႊတူးေဖာ္သူမ်ားမွာ စက္ေလွမ်ားျဖင့္ လုပ္ကိုင္ေနၿပီး စက္ယႏၲရားႀကီးမ်ားျဖင့္ လုပ္ကိုင္သူမ်ားလည္း ရွိေနေသာေၾကာင့္ ႏွစ္စဥ္ကမ္းၿပိဳျခင္း၊ ျမစ္ေၾကာင္း ပိတ္ျခင္းစသည့္ အခက္အခဲမ်ားကို ေဒသခံစိုက္ပ်ိဳးေရး လုပ္ကိုင္သူမ်ားက ရင္ဆိုင္ေနရေၾကာင္း ေဒသခံတစ္ဦးက ဆိုသည္။

“ဒီဘက္ကလူေတြက ပဲ၊ ေျပာင္းတို႔ လုပ္ကိုင္စားေသာက္ၾကတဲ့သူေတြ မ်ားပါတယ္။ အဲ့ေတာ့ဒီျမစ္ကို မွီခိုၿပီး လုပ္ကိုင္စားေသာက္ေနရတယ္ ျမစ္ေဘးမွာ လုပ္ကိုင္စားေသာက္ရတာ အခုလိုေ႐ႊတူးေတာ့ ကမ္းၿပိဳတာတို႔၊ ျမစ္ေၾကာင္းပိတ္တို႔ ေရေႏွာက္တာတို႔ျဖစ္ေတာ့ ေဒသခံေတြအတြက္ အမ်ားႀကီးကို ထိခိုက္မႈရွိတယ္။”ဟု ယင္းေဒသခံတစ္ဦးက ေျပာသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ သတၱဳတြင္းဦးစီးဌာန (ကခ်င္ျပည္နယ္႐ုံးခြဲ)သို႔ ေမးျမန္းခဲ့ရာ ျမစ္ေၾကာင္း တစ္ေလွ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္မႈမ်ားကို ထိထိေရာက္ေရာက္ အေရးယူနိုင္ရန္ ခက္ခဲေၾကာင္း ၫြန္ၾကားေရးမႉး ဦးေစာယုက ယခုကဲ့သို႔ ေျဖၾကားခဲ့သည္။

“ျမစ္ေခ်ာင္းထဲမွာ က်ေတာ့ ပိုင္ရွင္မိဖို႔က မလြယ္ဘူးသူတို႔က ကြၽန္ေတာ္တို႔ကို အေဝးက ျမင္တာနဲ႕ တခါတည္း ေျပးသြားၾကတာ။သူတို႔က ေရလည္းကြၽမ္းက်င္တယ္။ လူမမိဘူး၊ စက္ကေတာ့ ဒီတိုင္းပစ္ထားလိုက္ၾကတာေပါ့”ဟု ဦးေစာယုက ေျပာသည္။

ယင္းေဒသတစ္ေလ်ာက္ တရားမဝင္ ေ႐ႊတူးေဖာ္သည့္ သူမ်ားတြင္ ေဒသခံအခ်ိဳ႕ပါဝင္ၿပီး စက္ယႏၲရား ႀကီးႀကီးမားမားျဖင့္ လုပ္ကိုင္သူမ်ားမွာ နယ္ေဝးမွ လာေရာက္လုပ္ကိုင္သူမ်ားသာ ျဖစ္ေၾကာင္းႏွင့္ လုပ္ငန္းရွင္ (၂၀၀)ဦးေက်ာ္ခန႔္ ပါဝင္ေၾကာင္း ယင္းေဒသခံမ်ား၏ ေျပာဆိုခ်က္အရ သိရသည္။

တာေလာႀကီးေဒသ တစ္ေလွ်ာက္ သက္ဆိုင္ရာ တာဝန္ရွိသူမ်ား အေနျဖင့္ ၂၀၁၉ စက္တင္ဘာလတြင္ တစ္ႀကိမ္ သြားေရာက္ ဖမ္းဆီးရာ၌ စက္ေလွ(၂)စီး၊၂၀၂၀ ဧၿပီ (၂၃)ရက္ေန႕တြင္ သြားေရာက္ ဖမ္းဆီးရာ၌ စက္ေလွ(၂)စီး၊ စုစုေပါင္းစက္ေလွ (၄)စီးႏွင့္ ဆက္စပ္ စက္ယႏၲရားမ်ား ကို ပိုင္ရွင္မဲ့ ဖမ္းဆီးရမိခဲ့ေၾကာင္း သတၱဳတြင္း ဦးစီးဌာန (ကခ်င္ျပည္နယ္႐ုံးခြဲ)မွ သိရသည္။

လြမ္းေအာင္

#PeopleMedia #တာေလာႀကီးေဒသ

[Unicode]
မြစ်ကြီးနားမြို့၊တာလောကြီး ဒေသတစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကို ထိရောက်စွာ အရေးယူပေးလိုကြောင်း ဒေသခံများတောင်းဆို၊အစိုးရမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိ
…………………………………………………………………………

တာလောကြီး၊ ဇူလိုင် ၁၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ တာလောကြီးဒေသ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် တရားမဝင် ရွှေဖော်မှုများကို ထိထိရောက်ရောက် တားမြစ်အရေးယူပေးရန် တာလောကြီး ဒေသခံများက တောင်းဆိုနေကြသော်လည်း အစိုးရမှ ထိထိရောက်ရောက် ဆောင်ရွက်ပေးခြင်းမရှိပါ။

ယင်းတရားမဝင် ရွှေတူးဖော်မှုများမှာ နောင်တာလော၊ ခတ်ချို၊ နောင်ဟီး၊ ခေါင်ဖူး၊ တာလောကြီး၊ ဟိုကပ်၊ တာပဒေါင်း၊ ငါးပေါက်တော၊ ဆွန်ဒူ၊ စံပွား၊ ဆင်ဘို၊ မံကင်း စသည့်ကျေးရွာအနီး တစ်ဝိုက် ဧရာဝတီ မြစ်ကမ်းဘေး တစ်လျှောက်တို့တွင် တူးဖော်လျက်ရှိပြီး ယင်းရွှေတူးဖော်မှုကြောင့် မြစ်ကြောင်းပျက်စီးခြင်နှင့် မြစ်ကို အမှီခိုပြု၍ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသည့် ဒေသခံတောင်သူများ ထိခိုက်နှစ်နာ နေသောကြောင့် တရားမဝင် ရွှေတူးဖော်မှုများကို ထိရောက်စွာ တားမြစ်အရေးယူပေးရန် လုံခြုံရေးအရ အမည်မဖော်လိုသူ တာလောကြီး ဒေသခံတစ်ဦးက ဆိုသည်။

”ဒီမြစ်ချောင်းတွေမှာ ရွှေတွေတူးဖော်နေတာတွေကို တာဝန်ရှိသူတွေအနေနဲ့ မျက်ကွယ်ပြုထားမယ် ဆိုရင်တော့ မြစ်ကနေ ချောင်းဖြစ်သွားမယ်၊ မြစ်ဘေးမှာ လုပ်ကိုင်စားသောက်နေတဲ့ ကျနော်တို့ ပြည်သူတွေလည်း အရမ်းနှစ်နာ နေပါတယ်။ ဌာနဆိုင်ရာတွေကနေ လာပြီး စစ်ပေးဖို့ ဖမ်းပေးဖို့ ပြောချင်တယ်”ဟု ဦးမြင့်လွင်ဦး (အမည်လွဲ)က ပြောသည်။

တာလောကြီး၊ မံကင်းနှင့် အနီးတစ်ဝိုက်ကျေးရွာများမှ တောင်သူ (၈၀၀)ဝန်းကျင်ခန့်က ဧရာဝတီမြစ်ကမ်းပါး တစ်လျောက်ကို အမှီပြုကာ ပြောင်း၊ မုန့်ညှင်းစသည့် သီးနှံစိုက်ပျိုးရေး လုပ်ငန်းကိုလုပ်ကိုင်နေကြပြီး ဤသို့ရွှေတူးဖော်နေမှုကြောင့် ထိခိုက်နှစ်နာမှုများရှိနေကြောင်း တာလောကြီး ဒေသခံတစ်ဦးက ထည့်သွင်း ပြောဆိုခဲ့သည်။

”လွန်ခဲ့တဲ့ရက်တွေမှာလည်း ကမ်းပါးပြိုတာတွေ ရှိခဲ့ပါတယ်။ စိုက်ခင်းနေရာတွေလည်း ပါတယ်။ အခုလုပ်နေတယ် တချို့နေရာတွေက မြစ်ကမ်းပါးတွေ ပြိုတော့မှာ” ဟု အမည်မဖော်လိုသူ တာလောကြီးနေသည့် နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

ဤသို့ တရားမဝင် ရွှေတူးဖော်မှုများကို လာရောက်တားမြစ် အရေးယူပေးရန် ဒေသခံအချို့ ယခင်နှစ်များ တွင် သက်ဆိုင်ရာဌာနသို့ တိုင်တန်းမှုများ ရှိခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ကြောင်း ယင်းဒေသခံများက ဆိုသည်။

ဒေသခံများအနေဖြင့် ယင်းတရားမဝင် ရွှေတူးဖော်မှုများကို အရေးယူဆောင်ရွက်ပေး၊ တားမြစ်ပေးရန် ပြည်နယ်အစိုးရထံ အကူအညီတောင်းခံ တင်ပြသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်း တရားမဝင် ရွှေတူးဖော်သူများမှာ စက်လှေများဖြင့် လုပ်ကိုင်နေပြီး စက်ယန္တရားကြီးများဖြင့် လုပ်ကိုင်သူများလည်း ရှိနေသောကြောင့် နှစ်စဉ်ကမ်းပြိုခြင်း၊ မြစ်ကြောင်း ပိတ်ခြင်းစသည့် အခက်အခဲများကို ဒေသခံစိုက်ပျိုးရေး လုပ်ကိုင်သူများက ရင်ဆိုင်နေရကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီဘက်ကလူတွေက ပဲ၊ ပြောင်းတို့ လုပ်ကိုင်စားသောက်ကြတဲ့သူတွေ များပါတယ်။ အဲ့တော့ဒီမြစ်ကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတယ် မြစ်ဘေးမှာ လုပ်ကိုင်စားသောက်ရတာ အခုလိုရွှေတူးတော့ ကမ်းပြိုတာတို့၊ မြစ်ကြောင်းပိတ်တို့ ရေနှောက်တာတို့ဖြစ်တော့ ဒေသခံတွေအတွက် အများကြီးကို ထိခိုက်မှုရှိတယ်။”ဟု ယင်းဒေသခံတစ်ဦးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သတ္တုတွင်းဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)သို့ မေးမြန်းခဲ့ရာ မြစ်ကြောင်း တစ်လျှောက် တရားမဝင် ရွှေတူးဖော်မှုများကို ထိထိရောက်ရောက် အရေးယူနိုင်ရန် ခက်ခဲကြောင်း ညွန်ကြားရေးမှူး ဦးစောယုက ယခုကဲ့သို့ ဖြေကြားခဲ့သည်။

“မြစ်ချောင်းထဲမှာ ကျတော့ ပိုင်ရှင်မိဖို့က မလွယ်ဘူးသူတို့က ကျွန်တော်တို့ကို အဝေးက မြင်တာနဲ့ တခါတည်း ပြေးသွားကြတာ။သူတို့က ရေလည်းကျွမ်းကျင်တယ်။ လူမမိဘူး၊ စက်ကတော့ ဒီတိုင်းပစ်ထားလိုက်ကြတာပေါ့”ဟု ဦးစောယုက ပြောသည်။

ယင်းဒေသတစ်လျောက် တရားမဝင် ရွှေတူးဖော်သည့် သူများတွင် ဒေသခံအချို့ပါဝင်ပြီး စက်ယန္တရား ကြီးကြီးမားမားဖြင့် လုပ်ကိုင်သူများမှာ နယ်ဝေးမှ လာရောက်လုပ်ကိုင်သူများသာ ဖြစ်ကြောင်းနှင့် လုပ်ငန်းရှင် (၂၀၀)ဦးကျော်ခန့် ပါဝင်ကြောင်း ယင်းဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တာလောကြီးဒေသ တစ်လျှောက် သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ၂၀၁၉ စက်တင်ဘာလတွင် တစ်ကြိမ် သွားရောက် ဖမ်းဆီးရာ၌ စက်လှေ(၂)စီး၊၂၀၂၀ ဧပြီ (၂၃)ရက်နေ့တွင် သွားရောက် ဖမ်းဆီးရာ၌ စက်လှေ(၂)စီး၊ စုစုပေါင်းစက်လှေ (၄)စီးနှင့် ဆက်စပ် စက်ယန္တရားများ ကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ကြောင်း သတ္တုတွင်း ဦးစီးဌာန (ကချင်ပြည်နယ်ရုံးခွဲ)မှ သိရသည်။

လွမ်းအောင်

#PeopleMedia #တာလောကြီးဒေသ


Share this post