• Follow Us on

Home ျမန္မာနယ္စပ္တြင္ COVID-19 အတည္ျပဳလူနာေတြ႔႐ွိၿပီးေနာက္ ထိုင္းနယ္စပ္ကို တပ္လွန္႔ထား

ျမန္မာနယ္စပ္တြင္ COVID-19 အတည္ျပဳလူနာေတြ႔႐ွိၿပီးေနာက္ ထိုင္းနယ္စပ္ကို တပ္လွန္႔ထား

Share this post

ကန္ခ်ာနာဘူရီ၊ စက္တင္ဘာ ၂၂
 
ျမန္မာႏိုင္ငံမွနယ္စပ္တြင္ေနထိုင္သူလူငယ္တစ္ေယာက္တြင္ COVID-19 ေရာဂါကူးစက္ခံထားရ ေၾကာင္းသတင္းမ်ားေနာက္ပိုင္း နယ္စပ္တစ္ေလွ်ာက္တြင္ လံုၿခံဳေရးတင္းၾကပ္ထားရန္လိုေၾကာင္း ေဒသအရာ႐ွိမ်ားကို သတိေပးထားသည္။
 
သဘာ၀လမ္းေၾကာင္းမ်ားကိုအသံုးျပဳ၍တရားမ၀င္နယ္စပ္ျဖတ္ေက်ာ္မႈမ်ားကိုတားဆီးႏုိင္ရန္ လွည့္ ကင္းမ်ားတိုးျမွင့္ထားၿပီး နယ္စပ္စစ္ေဆးေရးဂိတ္မ်ားကိုလည္း တပ္လွန္႔ထားသည့္အျပင္ အင္အားျဖည့္တင္းထားသည္။
 
ဆန္ခလာဘူရီမွနယ္စပ္စစ္ေဆးေရးဂိတ္ႏွင့္ ၅ ကီလိုမီတာအကြာ႐ွိဘုရားသံုးဆူခ႐ိုင္၊ ႐ြာသစ္ေက်း႐ြာမွအသက္ ၁၇ ႏွစ္အ႐ြယ္ လူငယ္တစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရထားရသည္။
 
ထိုလူငယ္ႏွင့္ထိေတြ႔မႈ႐ွိသူအနည္းဆံုး ၁၃ ေယာက္႐ွိၿပီး သူတို႔ကို အလယ္တန္းေက်ာင္းတစ္ေက်ာင္းတြင္ အသြားအလာကန္႔သတ္ထားသည္။
 
စက္တင္ဘာ ၁၁ ရက္တြင္ ထိုလူငယ္ဖ်ားနားၿပီးေနာက္ ဘုရားသံုးဆူမွေဆးခန္းကိုသြားခဲ့ရာ ဆရာ၀န္က COVID-19 သံသယ႐ွိသျဖင့္ စက္တင္ဘာ ၁၇ ရက္က ေဆး႐ံုတြင္စစ္ေဆးမႈခံယူခဲ့ရာ ကူးစက္ခံထား ေၾကာင္းအတည္ျပဳႏိုင္သည္။
 
ၿပီးခဲ့သည့္္ရက္ပိုင္းက ေမာ္လၿမိဳင္ၿမိဳ႕သို႔သြားေရာက္ခဲ့သည့္ဦးေလးတစ္ေယာက္ထံမွကူးစက္ျခင္းျဖစ္နုိင္ေၾကာင္း သံသယ႐ွိေနသည္။
 
Ref : Border patrols alerted to Covid-19 case in nearby Myanmar
 
#PeopleMedia
 
(Unicode)
မြန်မာနယ်စပ်တွင် COVID-19 အတည်ပြုလူနာတွေ့ရှိပြီးနောက် ထိုင်းနယ်စပ်ကို တပ်လှန့်ထား
………………………………………………
 
ကန်ချာနာဘူရီ၊ စက်တင်ဘာ ၂၂
 
မြန်မာနိုင်ငံမှနယ်စပ်တွင်နေထိုင်သူလူငယ်တစ်ယောက်တွင် COVID-19 ရောဂါကူးစက်ခံထားရ ကြောင်းသတင်းများနောက်ပိုင်း နယ်စပ်တစ်လျှောက်တွင် လုံခြုံရေးတင်းကြပ်ထားရန်လိုကြောင်း ဒေသအရာရှိများကို သတိပေးထားသည်။
 
သဘာဝလမ်းကြောင်းများကိုအသုံးပြု၍တရားမဝင်နယ်စပ်ဖြတ်ကျော်မှုများကိုတားဆီးနိုင်ရန် လှည့် ကင်းများတိုးမြှင့်ထားပြီး နယ်စပ်စစ်ဆေးရေးဂိတ်များကိုလည်း တပ်လှန့်ထားသည့်အပြင် အင်အားဖြည့်တင်းထားသည်။
 
ဆန်ခလာဘူရီမှနယ်စပ်စစ်ဆေးရေးဂိတ်နှင့် ၅ ကီလိုမီတာအကွာရှိဘုရားသုံးဆူခရိုင်၊ ရွာသစ်ကျေးရွာမှအသက် ၁၇ နှစ်အရွယ် လူငယ်တစ်ယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရထားရသည်။
 
ထိုလူငယ်နှင့်ထိတွေ့မှုရှိသူအနည်းဆုံး ၁၃ ယောက်ရှိပြီး သူတို့ကို အလယ်တန်းကျောင်းတစ်ကျောင်းတွင် အသွားအလာကန့်သတ်ထားသည်။
 
စက်တင်ဘာ ၁၁ ရက်တွင် ထိုလူငယ်ဖျားနားပြီးနောက် ဘုရားသုံးဆူမှဆေးခန်းကိုသွားခဲ့ရာ ဆရာဝန်က COVID-19 သံသယရှိသဖြင့် စက်တင်ဘာ ၁၇ ရက်က ဆေးရုံတွင်စစ်ဆေးမှုခံယူခဲ့ရာ ကူးစက်ခံထား ကြောင်းအတည်ပြုနိုင်သည်။
 
ပြီးခဲ့သည့််ရက်ပိုင်းက မော်လမြိုင်မြို့သို့သွားရောက်ခဲ့သည့်ဦးလေးတစ်ယောက်ထံမှကူးစက်ခြင်းဖြစ်နိုင်ကြောင်း သံသယရှိနေသည်။
 
Ref : Border patrols alerted to Covid-19 case in nearby Myanmar
 
#PeopleMedia

Share this post