• Follow Us on

Home မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တိုက်ပြိုကျမှုသဏ္ဍာန်တူ ပြုလုပ်၍ လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ တိုက်ပြိုကျမှုသဏ္ဍာန်တူ ပြုလုပ်၍ လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၀ (People Media)

 

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့သည် ဇန်နဝါရီလ ၉ ရက်နေ့၊ ၆နာရီ ၃၀ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် မြေငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျပျက်စီးသည့် သဏ္ဍာန်တူ အဆောက်အဦးပြုလုပ်၍ လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

 

အဆိုပါ မြေငလျင်ဘေးဇာတ်တိုက်လေ့ကျင့်မှုများကို အလုံမြို့နယ်မီးသတ်စခန်းနှင့် နေအိမ်လိုင်းခန်းပါ (၄)ခန်းတွဲ (၇)ထပ် သက်တမ်းပြည့် အဆောက်အဦအား ပြန်လည်တည်ဆောက်ရန် ဖြိုချနေသည့် စတုရန်းမီတာ (၁၀၁၇၁)ကျယ်ဝန်းသည့် လုပ်ငန်းခွင်၌ တိုက်ပြိုကျမှုသဏ္ဍာန်တူဖြစ်စဉ်အဖြစ် အသုံးပြုလျက်လေ့ကျင့်ခန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

တိုက်ပြိုကျမှုဖြစ်စဉ်အပေါ် ဇာတ်တိုက်လေ့ကျင့်မှုအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်ရှိ အသင့်စုဖွဲ့လေ့ကျင့်ထားသည့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့ဝင်များ၊ Structure Engineer များ၊ အရေးပေါ် ဆေးဖက်ဆိုင်ရာဝန်ဆောင်မှု(EMS)မီးသတ်တပ်ဖွဲ့ ဝင်သူနာပြုများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ Drone Team မီးသတ်တပ်ဖွဲ့ဝင်များ၊ စုစုပေါင်း (၅၆)ဦးတို့မှ ရှာဖွေ ကယ်ဆယ်ရေးယာဉ် Rescue Truck (၁)စီး၊ မီးသတ်သူနာတင်ယာဉ် (၁)စီး၊ Minibus အုပ်ချုပ်မှု ယာဉ် (၁)စီးတို့အား အသုံးပြုကာ သတိမေ့လူနာ (၁)ဦး၊ ကွန်ကရစ်ပြားပိမိလူနာ (၁)ဦး၊ မြေညီထပ်တွင် ပိတ်မိလူနာ (၁)ဦး၊ ပထမထပ်တွင် ပိတ်မိလူနာ (၁)ဦးတို့အား သဏ္ဍာန်တူပြုလုပ်၍ လေ့ကျင့်ခဲ့ကြောင်း သိရသည်။

 

ပိတ်မိလူနာများ သဏ္ဍာန်တူပြုလုပ်၍ အခင်းဖြစ်နေရာသို့ ထွက်ခွာခြင်း၊ နေရာယူစုဖွဲ့တာဝန်ခွဲဝေခြင်း၊ Drone ဖြင့် အခင်းဖြစ်နေရာအား အပေါ်စီးမှ ခြုံငုံကြည့်ရှုခြင်း၊ ပြိုကျအဆောက်ဦးပတ်လည်အား Do not cross များ ကာရံ၍ ဘေးကင်းလုံခြုံရေးဧရိယာများသတ်မှတ်ခြင်း၊ Structure Engineer အဖွဲ့မှ Leader Sentry အသုံးပြု၍ Mornitoring ပြုလုပ်ခြင်းများပြုလုပ်လျက် Drone Team နှင့် Structure Engineer Team တို့၏ သတင်းထောက်လှမ်းချက်၊ အကြံပြုချက်များအရ အဆောက်အဦဆက်လက် ပြိုကျမှုများမဖြစ်စေရန် Shoring နည်းစနစ်အသုံးပြုကာ ဒေါက်ထောက်ခြင်း၊ အဆောက်အဦအတွင်း ဘေးအန္တရာယ်ရှိနိုင်သော ဓာတ်ငွေ့အဆိပ်အတောက်များရှိ/ မရှိ Detection အဖွဲ့များခွဲ၍ Sector အလိုက်ဝင်ရောက်စုံစမ်းခြင်း၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ Rapid Search and Rescue ဆောင်ရွက်ခြင်း၊ ဦးစားပေးလူနာများအား အရောင်ခွဲခြားသတ်မှတ်လျက် Rope rescue အဖွဲ့မှ Power Ascender အသုံးပြု၍ ကယ်ထုတ်ခြင်း၊ ပြိုကျအခန်း Void များအတွင်း Leader Hasty များအသုံးပြုရှာဖွေကာ ကွန်ကရစ်ပိမိသူလူနာထပ်မံတွေ့ ရှိမှုအား Cribbing Technique ဖြင့် ကယ်ထုတ်ပြီး Tri pod အသုံးပြု၍ A-Frame Method ဖြင့်လည်းကောင်း၊ Breeching and Breaking နည်းလမ်းများဖြင့်လည်းကောင်း၊ ထိုးဖောက်ဝင်ရောက်၍ ဘေးကင်းရာသို့ ကယ်ဆယ်ပေးခြင်း၊ အရေးပေါ်ဆေးဝါးကုသခြင်းများ(Basic Life Support)ပေး၍ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးခြင်းစသည့် ဇာတ်တိုက် လေ့ကျင့်ခန်းများပြုလုပ်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

(unicode)


…………………………………………………………

 


 


 


 


 


 



Share this post