• Follow Us on
Latest News

Home မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးမြို့နယ်များမှ လူဦးရေ ၂ သန်းအတွက် အမြန်ဆုံးထောက်ပံ့နိုင်ရန် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကြိုးစားနေ

မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးမြို့နယ်များမှ လူဦးရေ ၂ သန်းအတွက် အမြန်ဆုံးထောက်ပံ့နိုင်ရန် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကြိုးစားနေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၀ (People Media)

 

နဂိုရှိရင်းစွဲ ဆင်းရဲမွဲတေမှု၊ COVID-19 နှင့် နိုင်ငံရေးအကျပ်အတည်းတို့၏ ထပ်ဆင့်သက်ရောက်ရိုက်ခတ်ခြင်း ကြောင့် မြန်မာနိုင်ငံသူနိုင်ငံသားများသည် ကဏ္ဍမျိုးစုံတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည့်အတွက် ကူညီ ထောက်ပံ့နိုင်ရန် မြန်မာနိုင်ငံရှိ အဆင်းရဲဆုံးမြို့နယ်များမှ လူဦးရေ ၂ သန်းအတွက် အမြန်ဆုံးထောက်ပံ့နိုင်ရန် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကြိုးစားနေကြောင်း WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ် စားလှယ် Stephen Anderson ကပြောပါတယ်။

 

အဆိုပါစိန်ခေါ်မှုများကို ကူညီဖြေရှင်းပေးရန်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) သည် ထိခိုက်အလွယ်ဆုံးသော မိသားစုဝင်များအတွက် အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအထောက်အပံ့နှင့် အာဟာရအထောက်အပံ့များကို တိုးမြှင့်ပေးအပ်ကူညီလျက်ရှိပါကြောင်းလည်း ဆိုပါတယ်။

 

“ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေနဲ့ အကူညီအညီအလိုအပ်ဆုံးသူတွေအတွက် အရေး ပေါ်စားနပ်ရိက္ခာတွေကို တိုးမြှင့်ထောက်ပံ့ပေးနေပါတယ်။ ပထမဆုံးအနေနဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးမြို့ နယ်တွေမှာရှိတဲ့ လူဦးရေ ၂ သန်းကို အရေးပေါ်ထောက်ပံ့ပေးနိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ အဲ့ဒီအစီအစဉ်ကို ရန်ကုန်မှာ စတင်နေပြီးတော့ နောက်ထပ် မန္တလေး အပြင်အခြားဒေသတွေကိုပါ တိုးချဲ့သွားဖို့ရှိပါတယ်။ မကြာခင်က နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့ အခြေအနေမငြိမ်မသက်မှုတွေကြောငိ့ ထိခိုက်ခဲ့တဲ့နေရာတွေမှာလည်း အကူအညီ အမြန်ဆုံးပေးနိုင်ဖို့ ကြိုးပန်းဆောင်ရွက်နေပါတယ်” ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စား လှယ် Stephen Anderson ကပြောပါတယ်။

 

WFP သည် ၂၀၂၁ ခုနှစ်မှ လက်ရှိအချိန်အထိ လူဦးရေ (၁.၄) သန်းကျော်ကို ကူညီပေးနိုင်ခဲ့ပြီဖြစ်ပြီး လက်ရှိအချိန်တွင် မြန်မာပြည်သူပြည်သားများသည် ၎င်းတို့ရှင်သန်ခဲ့သည့်ကာလတစ်လျှောက်ထက် ပိုမိုခက်ခဲ့သည့်အခြေအနေများအား ရင်ဆိုင်နေရကြောင်း Stephen Anderson ဆိုပါတယ်။

 

“အခုအချိန်မှာ မြန်မာပြည်သူပြည်သားတွေဟာ သူတို့ရှင်သန်ခဲ့တဲ့ကာလတစ်လျှောက် အတော်ကို ခက်ခဲ ကြပ်တည်းတဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်။ ပထမဆုံး နဂိုရှိရင်းစွဲ ဆင်းရဲမွဲတေမှုအပေါ်မှာမှ လက်ရှိနိုင်ငံရေးမတည်ငြိမ်မှု စီးပွားရေးအကျပ်အတည်းတွေနဲ့ COVID-19 သက်ရောက်မှုတွေကြောင့် ပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေအရပ်ရပ်ကြောင့် မိသားစုအတော်များများဟာ သူတို့မိသားစု ထမင်းဝိုင်းတွေ အတွက် ထမင်းစားဟင်းစားရရှိဖို့ကိုတောင် အတော်လေးကို ရုံးကန်နေရပါတယ်” WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson ကပြောပါတယ်။

 

လက်ရှိတွင် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အနေဖြင် စားနပ်ရိက္ခာတွေကို လိုအပ်နေသည့် ကချင်၊ ရခိုင်၊ ရှမ်းပြည်နယ်တို့မှ နေရပ်စွန့်ခွာတိမ်းရှောင်သူများ အပါအဝင်ပဋိပက္ခ ဒဏ်ခံစားနေရသည့် လူဦး ရေ ၃၆၀၀၀၀ တို့အား အသက်ကယ်ဆယ်ရေး စားနပ်ရိက္ခာအထောက်ပံ့များကို ပေးအပ်လျက်ရှိကြောင်း WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Stephen Anderson ကပြောဆိုခဲ့သည်။

 

Photo – WFP

 

#PeopleMedia #WFP

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 

Photo – WFP

 

#PeopleMedia #WFP


Share this post