• Follow Us on

Home မြန်မာနိုင်ငံသို့ လတ်တလော ခရီးသွားရာဇဝင်ရှိခဲ့ဖူးလျှင် ပြည်ဝင်ခွင့်ကို စင်္ကာပူအစိုးရ ရပ်ဆိုင်းမည်

မြန်မာနိုင်ငံသို့ လတ်တလော ခရီးသွားရာဇဝင်ရှိခဲ့ဖူးလျှင် ပြည်ဝင်ခွင့်ကို စင်္ကာပူအစိုးရ ရပ်ဆိုင်းမည်

Share this post

နိုင်ငံတကာ၊ ဇူလိုင် ၁၄ (People Media)

 

စင်္ကာပူနိုင်ငံသို့ ရက်တိုနှင့် ရက်ရှည်လာရောက်လည်ပတ်မည့်သူများ၌ လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင် ငံသို့ ခရီးသွားရောက်ခဲ့ဖူးကြောင်း ရာဇဝင်ရှိခဲ့လျှင် ပြည်ဝင်ခွင့် သို့မဟုတ် Transit နိုင်ငံအား ယာယီဖြတ်သန်း ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း စင်္ကာပူကျန်းမာရေးဝန်ကြီးဌာန MOH က ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၁၄ ရက်)တွင် ကြေညာသည်ဟု Channel News Asia က ယနေ့ ရေးသားသည်။

 

ဇူလိုင် ၁၅ ရက်နေ့ ညသန်းခေါင်ယံ ၁၁း၅၉ နာရီမှ စတင်၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ မထုတ်မပြန်မချင်း အတည်ဖြစ်သည့် အဆိုပါပြဋ္ဌာန်းချက်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားမှုအခြေအနေ ပိုမိုဆိုးရွားလာ၍ ဖြစ် ကြောင်း ဖော်ပြသည်။

 

ပြဋ္ဌာန်းချက်သည် လွန်ခဲ့သည့် ၂၁ ရက်အတွင်း မြန်မာနိုင်ငံအား ယာယီဖြတ်သန်းခဲ့ဖူးပြီး စင်္ကာပူသို့ ဝင်ရောက် ရန် ကြိုတင်ခွင့်ပြုချက်ရယူထားသော ခရီးသွားများနှင့်လည်း သက်ဆိုင်သည်ဆို၏။

 

Htay Oung

 

Photo – MNA

 

#PeopleMedia #နိုင်ငံတကာ

 

(unicoide)


…………………………………………………..

 


 


 


 


 

Htay Oung

 

Photo – MNA

 



Share this post